dreambymay
dreambymay
650 posts
◦about me◦ instagram • twitter • facebook • youtube 
Don't wanna be here? Send us removal request.
dreambymay · 9 months ago
Text
Couples Notion Template || Love.No 2024 ❤️ Valentines Day
မင်္ဂလာပါ Dreamer တို့ရေ🤓
Valentine’s Day အတွက် နောက်ထပ် item လေးတစ်ခုကတော့ Digital Item လေးပါရှင့် Couples တွေအတွက် အသုံးဝင်မယ့် Notion Template လေးပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ partner နဲ့ Notion မှာ share ပြီးသုံးလို့ရမှာမို့ Relationship အတွက်အရမ်းအဆင်ပြေစေမှာဖြစ်ပါတယ်။ Template လေးကိုသုံးပြီး ၂ ယောက်ရဲ့ precious memories လေးတွေ dates လေးတွေကို photo entries and journaling လုပ်ပြီး save ထားလို့ရမယ် Dates လေးတွေကို plan လုပ်လို့ရမယ့်အပြင် Relationship အတွက်အရေးကြီးဆုံး Couple’s Finance ကိုပါ track and manage လုပ်နိုင်မှာပဲဖြစ်ပါတယ်။ တစ်ခြားအသုံးဝင်မယ့် pages လေးတွေလည်းထည့်ထားပေးပါသေးတယ်ရှင့်။
youtube
- ready to check-in dashboard
- dates scheduling
- memories journaling
- goals tracking
- travel-log
- finance tracking
- date ideas list
- couples bucket list
- love notes
- daily messages စတဲ့ အသုံးဝင်မယ့် page and section လေးတွေပဲပါပါတယ်ရှင်။ အသေးစိတ်ကိုတော့ dreambymay youtube channel မှာ video လေးတင်ထားပေးမှာမို့ ကြည့်ကြည့်လို့ရပါတယ်နော်။
အားပေးချင်ရင်တော့ Love.No Template တစ်ခုကို 8000ks ကျပ်ပါရှင်🧡
Notion ဆိုတာကတော့ personally အတွက်ပဲဖြစ်ဖြစ်၊ office and school work တွေအတွက်ပဲဖြစ်ဖြစ် အလွန်အသုံးဝင်တဲ productivity app လေးတစ်ခုပဲဖြစ်ပါတယ်နော်။ Notion အကြောင်း အသေးစိတ်လေးကတော့ အောက်က မေပြောပြဖူးတဲ့ post လေးတွေမှာ ဖတ်ကြည့်လို့ရပါတယ်နော်။ Youtube မှာလည်း Notion အကြောင်း အသေးစိတ်ပြောထားတွေ အသုံးပြုပုံတွေကိုလည်းစိတ်ဝင်စားရင် လေ့လာကြည့်လို့ရပါတယ်နော်။ အလွန် အသုံးဝင်တဲ့ app လေးမို့ မေကတော့ highly recommend ပါရှင့်။
What is Notion - https://www.facebook.com/dreambymay/posts/pfbid02CYVNJxcbT54vExG18Er8boPiKFSS9zcrrwsQ6K43zqcNnNX1vzb96kGRBUERaJ8yl
Digital Bullet Journaling - https://www.facebook.com/dreambymay/posts/pfbid02Bj6JjmRJhT5Mx4jJvbA2gT8tLhEr16FTNoxx6uXGRd79VNS2fNMxfwvbQu7rksMjl
ဒီ item လေးကတော့ Digital Item လေးဖြစ်လို့ Dreamer တို့ Order Confirm ပြီးတာနဲ့ ChatBox သို့မဟုတ် Email ကနေ Link လေးပေးပို့ပေးမှာပဲဖြစ်ပါတယ်။ ချက်ချင်း Dreamer တို့ရဲ့ Notion Workspace ထဲကို duplicate လုပ်ပြီး စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်နော်။
Thank you so much Dreamers🙏🏻
xoxo 😘
• M A Y •
3 notes · View notes
dreambymay · 9 months ago
Text
Bullet Journaling - Minimal.No || Notion Template
မင်္ဂလာပါ Dreamer တို့ရေ🤓
Dream By May studio ရဲ့ Digital Bullet Journal Notion Template လေးဖြစ်ပဲတဲ့ Minimal.No ကိုအသေးစိတ်ပြောပြပေးထားတဲ့ video လေးပါရှင့်🖤
Notion Tour -https://youtu.be/KjyJYsCfk4w 2022 Digital BulletJournaling -https://youtu.be/wAEYIXPsF4M
Thank you so much Dreamers🙏🏻
xoxo 😘
• M A Y •
youtube
1 note · View note
dreambymay · 2 years ago
Text
Art Journaling - Valentines Day Collage Journal ❤️
မင်္ဂလာပါ Dreamer တို့ရေ🤓
V Day card လေးတွေအတွက် collage art လေးဖန်တီးတုန်းက process video လေးပါရှင့်😘 Enjoy watching Dreamers❣️
youtube
9 notes · View notes
dreambymay · 2 years ago
Text
Unboxing - Pinky Gadgets || Logitech
မင်္ဂလာပါ Dreamer တို့ရေ🤓
ဒီနေ့တော့ မေရဲ့ workspace လေးကို နည်းနည်းလေး ပြောင်းမယ် ဘာလို့ဆို နေ့တိုင်းမေရဲ့ ဒီနေရာမှာ ဒီ device တွေ ဒီ gadgets တွေနဲ့ဆိုတော့ နည်းနည်း ငြီးငွေ့လာတာမို့ပါ ဆိုတော့ အလုပ်လုပ်ချင်စိတ်ပါလျော့လာရော ဒါကြောင့်မေက ဒီနေ့ pinky vibe လေးပြောင်းမယ် Laptop ကတော့ မလဲနိုင်သေးတော့ နည်းနည်းလေးပြန်အလှဆင်ပြီး gadget လေးတွေကိုတော့ အသစ်လေးတွေလဲမယ်။ ဆိုတော့ ရှည်ရှည်ဝေးဝေးပြောမနေတော့ဘူး တူတူ unbox and set up လုပ်ကြမယ်နော်🧡
Thanks Logitech Myanmar & Convergent Myanmar for sponsoring this video.🫰🏻
နောက် video တွေအတွက်လည်း Channel လေးကို Subscribe လုပ်ဖို့ မမေ့ပါနဲ့နော် တင်သမျှမလွတ်အောင် noti ပါ on ထားနော်🥰
youtube
14 notes · View notes
dreambymay · 2 years ago
Text
Studio Vlog - A Day In My Life #8
မင်္ဂလာပါ Dreamer တို့ရေ🤓 a day in my life vlog #8 လေးပါရှင့်🌝
နောက် video တွေအတွက်လည်း Channel လေးကို Subscribe လုပ်ဖို့ မမေ့ပါနဲ့နော် တင်သမျှမလွတ်အောင် noti ပါ on ထားနော်🥰
youtube
0 notes
dreambymay · 2 years ago
Text
Unboxing - Logitech Products || K480 Keyboard & M350 Pebble Mouse
မင်္ဂလာပါ Dreamer တို့ရေ🤓
ဒီနေ့တော့ မေနဲ့အတူ Logitech Myanmar ကပေးပို့လာတဲ့ပစ္စည်းလေးတွေကို ASMR ပုံစံလေးနဲ့ unbox လုပ်ကြည့်ကြမယ်နော်🧡
Thanks Logitech Myanmar & Convergent Myanmar for sponsoring this video.🫰🏻
နောက် video တွေအတွက်လည်း Channel လေးကို Subscribe လုပ်ဖို့ မမေ့ပါနဲ့နော် တင်သမျှမလွတ်အောင် noti ပါ on ထားနော်🥰
youtube
6 notes · View notes
dreambymay · 2 years ago
Text
Studio Vlog - A Day In My Life #6
မင်္ဂလာပါ Dreamer တို့ရေ🤓 a day in my life vlog epi6 လေးပါရှင့်🌝
youtube
0 notes
dreambymay · 3 years ago
Text
2022 Bullet Journal Set Up || Free Notion Template
မင်္ဂလာပါ Dreamer တို့ရေ🤓
ဒီနေ့တော့ အားလုံးစောင့်မျှော်နေမယ်လို့ထင်တဲ့ မေရဲ့ ၂၀၂၂ အတွက် bullet journal set up video လေးပဲဖြစ်ပါတယ် မေ ပြောထားခဲ့သလို ဒီနှစ်အတွက်တော့ digitally ပြောင်းသုံးကြည့်မှာဖြစ်ပါတယ်။ Notion ဆိုတဲ့ app လေးကိုပဲသုံးထားတာမလို့ မေ ဘယ်လို set up ထားတယ် ဘယ်လိုတွေသုံးမယ်ဆိုတာ စိတ်ဝင်စားရင် ကြည့်ကြည့်ပေးကြပါဦးနော်😘
မေလုပ်ထားတဲ့ template လေးကိုလည်း Dreamer တို့ free download ရယူနိုင်မှာဖြစ်ပါတယ်။🧡
youtube
15 notes · View notes
dreambymay · 3 years ago
Text
Notion Tour + Free Aesthetic Template
မင်္ဂလာပါ Dreamer တို့ရေ🤓
ဒီနေ့တော့မေ လတ်တလောအရမ်းသဘောကျနေတဲ့ အသုံးဝင်တဲ့ prductivity app တစ်ခုဖြစ်တဲ့ Notion ဆိုတဲ့ app လေးအကြောင်းကို မေဘယ်လိုအသုံးပြုတယ် ဘာအတွက်သုံးတယ် ဆိုတာလေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ် အဆုံးထိကြည့်ကြည့်ပေးကြပါဦးနော်🧡
youtube
45 notes · View notes
dreambymay · 3 years ago
Text
Penpal With Me 💌
မင်္ဂလာပါ Dreamer တို့ရေ🤓
ဒီနေ့တော့ မေနဲ့ အတူ penpal လေးတစ်ခုလုပ်မယ်နော် မေရဲ့ အရင် vintage collection က supplies လေးတွေကိုသုံးထားတာမို့ ဘာတွေထည့်တယ် ဘယ်လို decor လုပ်တယ်ဆိုတာ��ြည့်ကြည့်ကြပါဦးနော်🧡
နောက်ကျရင် video တွေကို Youtube မှာပဲ အတင်များမှာမို့ မေရဲ့ Channel လေးကို subscribe ထားဖို့မမေ့ပါနဲ့နော် noti လေးပါ on ထားဦးနော်😘
မေရဲ့ journal spread ပုံလေးတွေကို တော့ Instagram-@dreambymay မှာအမြဲshare  ပေးသွားမှာမို့ Follow လုပ်ထားဦးနော်😉
youtube
0 notes
dreambymay · 3 years ago
Text
Studio Vlog - Bedroom Makeover
မင်္ဂလာပါ Dreamer တို့ရေ🤓
၂၀၂၀ နှစ်ကုန်ပိုင်းလောက်ကမေရဲ့ အိပ်ခန်းလေးကို makeover လုပ်ထားတာလေးကို vlog ရိုက်ထားတာလေးပါ တင်ပေးမယ်တင်ပေးမယ်နဲ့ နောက်ကျသွားတာက​တော့​ပြောမ​နေနဲ့​တော့ အခုဆိုတစ်ချို့အထားအသို​လေး​တွေ​တောင်​ပြောင်းသွားပြီ ဒီvideo လေးedit ရင်း​တွေးမိတာက​တော့ ၂၀၂၀တုန်းက ဒီလိုလုပ်ချင်တာ​လေး​တွေလုပ်ခွင့်ရခဲ့လို့ gratefulဖြစ်မိတယ်။ Anyway မေရဲ့ အိပ်ခန်းလေးကို vintage aeshtetic vibe လေးပြင်ထားတာမို့ ကြည့်ကြည့်ပါဦးနော်🧡
roomdecor item လေးတွေကတော့ မေရဲ့ shop @asteriaonlineshop မှာ မှာလို့ရပါတယ်နော် ဒါပေမယ့်လောလောဆယ်အခြေအနေလေးတွေကြောင့်ခဏပိတ်ထားပါသေးတယ်နော် ပြန်ဖွင့်တာနဲ့ ပြောပေးမှာမို့ order ဖို့ ready ဖြစ်အောင် Asteria Facebook Page လေးကို follow ထားကြပါဦးနော်🥰
နောက်ကျရင် video တွေကို Youtube မှာပဲ အတင်များမှာမို့ မေရဲ့ Channel လေးကို subscribe ထားဖို့မမေ့ပါနဲ့နော် noti လေးပါ on ထားဦးနော်😘
youtube
0 notes
dreambymay · 3 years ago
Text
Studio Vlog - A Day In My Life #4🌼
မင်္ဂလာပါ Dreamer တို့ရေ🤓
Vlog လေးတွေမတင်တာကြာသွားပြီ ဒီနေ့တော့အသစ်လေးပါ အသစ်ဆိုပေမယ့် ရိုက်တာကြာပြီဟီးဟီ first art collection ထွက်တုန်းကပါ အခုမှတင်ရတယ် ကြည့်ပေးကြပါဦးနော်🧡
youtube
0 notes
dreambymay · 3 years ago
Text
Journaling - Collage Journal Set Up
မင်္ဂလာပါ Dreamer တို့ရေ🤓
ဒီနေ့တော့ art journal အသစ်လေးတစ်အုပ်စလုပ်မယ် collage art တွေကို အသားပေးလုပ်ကြည့်ဖို့မို့ collage journal လို့ခေါ်ထားတယ် မေ့ဆီက art journal kit လေးဝယ်ထားသူတွေလည်း art journal တစ်ခု ဖန်တီးဖို့ inspiration ရအောင် share ပေးလိုက်ပါတယ်နောါ Enjoy watching Dreamers🧡
နောက်ကျရင် video တွေကို Youtube မှာပဲ အတင်များမှာမို့ မေရဲ့ Channel လေးကို subscribe ထားဖို့မမေ့ပါနဲ့နော် noti လေးပါ on ထားဦးနော်😘 မေရဲ့ journal spread ပုံလေးတွေကို တော့ Instagram-@dreambymay မှာအမြဲshare ပေးသွားမှာမို့ Follow လုပ်ထားဦးနော်😉
youtube
0 notes
dreambymay · 3 years ago
Text
DIY Aesthetic CDs
မင်္ဂလာပါ Dreamer တို့ရေ🤓
ဒီနေ့တော့ aesthetic ဖြစ်တဲ့ cd art လေးတွေဘယ်လိုလုပ်လို့ရတယ်ဆိုတဲ့ မေလုပ်ဖြစ်တဲ့ diy ideas လေးတွေ share ပေးထားတာမို့ကြည့်ကြည့်ကြပါဦးနော် လိုက်လုပ်ကြည့်မယ်လို့မျှော်လင့်ပါတယ်😘
youtube
1 note · View note
dreambymay · 3 years ago
Text
Fav Productivity App || Notion
မင်္ဂလာပါ Dreamer တို့ရေ🤓
ဒီနေ့တော့မေ လတ်တလောအရမ်းသဘောကျနေတဲ့ students တွေအတွက်ရော အလုပ်ခွင်ဝင်နေသူတွေအတွက်ရော ကိုယ်ပိုင်စီပွားရေးလုပ်နေတဲ့သူတွေအတွက်ပါ အသုံးဝင်တဲ့ prductivity app တစ်ခုအကြောင်းလေးကို share ပေးပါမယ်နော်။ သူ့မှာ ဘယ်လို function တွေပါတယ်၊ မေဘာအတွက်သုံးတယ်ဆိုတာလေးကို သုံးကြည့်ပြီးသလော��် experience အနေနဲ့ ပြောပြပေးသွားမှာမို့ တစ်ပုံချင်းဆီ ဖတ်ကြည့်ပေးပါဦးနော်။
Please do not repost my pictures or content without my permission❤️
Tumblr media
App နာမည်လေးကတော့ Notion ပါ Dreamer တို့ကြားဖူးပြီးသားလည်းဖြစ်ချင်ဖြစ်မယ် ဘာလို့ဆို့ youtuber တွေကြားတော်တော်လေး trend ဖြစ်တဲ့ app လေးပေါ့နော် မေလည်း youtube ကနေသိပြီးစမ်းကြည့်ဖြစ်တာပါ ပထမစစသုံးကြည့်တုန်ကတော့ တော်တော်လေးရှုပ်တဲ့ app လို့ထင်ရတယ် ဒါပေမယ့်သေချာလေးလေ့လာပြီးသုံးကြည့်တဲ့အခါမှာတော့ တော်တော်လေးအသုံးဝင်တာတွေ့ရပါတယ် Dreamer တို့လည်း notion အကြောင်းလေးတွေအရင်လေ့လာကြည့်ပြီးသုံးကြည့်စေချင်ပါတယ်။
Tumblr media
ပထမဆုံးအနေနဲ့ သူ့မှာပါတဲ့ function လေးတွေကို ပြောပြပေးပါမယ်။
သူက all-in-one productivity app လို့တောင်ပြောလို့ရတယ် ဘာလို့လဲဆို သူကို note-taking, planning, digital bullet journaling, list making စတာတွေအတွက် personally အသုံးပြုလို့ရသလို office အတွက် job အတွက် resume ပြင်တာတွေ၊ project management လုပ်တာတွေ၊ teamwork လုပ်ရတာတွေ စတာတွေအတွက်လည်းအသုံးပြုလို့ရပါတယ်။ Personal use အတွက်ဆို free verison နဲ့တင်အဆင်ပြေတယ် ကိုယ်က businees လုပ်ငန်းအတွက် team member တွေအများကြီးနဲ့ collaborate လုပ်ချင်တာမျိုးဆို monthly subscription နဲ့ သုံးလို့ရပါတယ် price ကလည်း affordable ဖြစ်တယ် အသေးစိတ်ကိုတော့ www.notion.so ဆိုတဲ့ လင့်လေးမှာလေ့လာကြည့်ပါနော်။ Mobile app လေးတွေတော့ ဒီမှာ download လို့ရပါတယ်။
Mobile Apps - https://www.notion.so/mobile
Tumblr media
မေကတော့ physical bullet journal လည်းသုံးတာဖြစ်တဲ့ အတွက် notion ကိုတော့ daily schedule အတွက်ရယ်၊ reading journal အတွက်ရယ် နှင့် content planning အတွက်သုံးတာဖြစ်ပါတယ်။ ဆိုတော့ ဒီမှာတော့ ဒီ၃မျိုးသုံးပုံလေးပဲပြောပြပေးမယ်နော်။ မေရဲ့ notion workspace တစ်ခုလုံးကို စိတ်ဝင်စားတယ် ဘာတွေဘယ်လိုလုပ်ထားတယ်ကြည့်ကြည့်ချင်ရင်တော့ youtube မှာ notion tour video လေးတင်ထားတာဖြစ်လို့ ကြည့်ကြည့်လို့ရပါတယ်နော်။ ကြည့်ပြီးကြိုက်လို့ မေရဲ့ workspace မျိုး dreamer တို့လည်းသုံးချင်တယ်ဆိုရင် free duplicate လုပ်လို့ရအောင် မေ video ရဲ့ description မှာ link လေးထည့်ထားပေးတာမို့ make sure to check it out dreamers❣️
Tumblr media
Daily Schedule
bullet journal မှာတော့ မေက တစ်နေ့တာ task လေးတွေကို randomly ချရေးတာဖြစ်ပါတယ်။ ဒီ notion မှာတော့ bujo ထဲကတစ်နေ့တာ task လေးတွေကို အချိန်နဲ့တကွ schedule ပြန်ချဖို့သုံးတာဖြစ်ပါတယ်။ Table block လေးတစ်ခုခေါ်ပြီး today schedule ဇယားလေးဆွဲထားတာဖြစ်ပါတယ်။ ကြည့်လို့လှအောင် emoji လေးတွေ text effect လေးတွေလည်းသုံးထားတာဖြစ်ပါတယ်။ done ဆိုတဲ့ အကွက်လေးမှာ tick လုပ်လိုက်တယ်ဆို today schedule ထဲက ဖျောက်ပေးသွားမှာဖြစ်ပါတယ်။ tasks လေးတွကိုလည်း ရှင်းလင်းသွားအောင် category လေးတွေခွဲထားလိုက်ပါတယ်။ ဒါကတော့ မေရဲ့ daily schedule အတွက် notion ကို သုံးထားပုံပဲဖြစ်ပါတယ်။ မေရဲ့ အလုပ်ကတော့မများပါဘူး schedule လုပ်ချင်လို့သာလျောက်လုပ်နေတာဟီး တကယ်လို့ dreamer တို့က အလုပ်များများလုပ်ရသူတွေ study လုပ်ရတဲ့သူတွေဆိုရင် ကိုယ်နဲ့ သင့်တော်အဆင်ပြေမယ့် ဒီလို ဇယားလေးတွေကို ကိုယ်စိတ်ကူးရှိသလို notion မှာဖန်တီးအသုံးပြုလို့ရမှာဖြစ်ပါတယ်။
Tumblr media
Reading Journal
Reading Journal အတွက်တော့မေက Book Log ဆိုပြီး page လေးတစ်ခုခေါ်ထားပါတယ်။ အဲ့ထဲမှာမှ column 3 ခုလုပ်ထားပြီး ပထမတစ်ခုမှာ queqe list လုပ်ထားပါတယ်။ သူငယ်ချင်းတွေ recommend လို့ဖြစ်ဖြစ် ကိုယ်ရှာတွေ့လို့ဖြစ်ဖြစ် ဖတ်ကြည့်ချင်တဲ့ စာအုပ်နာမည်လေးတွေကို list လုပ်ထားဖို့ဖြစ်ပါတယ်။ ဒုတိယ column မှာတော့ Reading Journal Table လေးပါ။ Book Name, Author Name, Rating, Date စသဖြင့် ဇယားလေးလုပ်ထားပါတယ်။ စာအုပ်တစ်အုပ်စီတိုင်းအတွက် page တစ်ခုဖန်တီးလို့ရတာဖြစ်ပြီး အဲ့ page ထဲမှာမှ အသေးစိတ် journal, reflection စသဖြင့် ရေးနိုင်မှာဖြစ်ပါတယ်။ စာအုပ် cover ပုံလေးတွေနဲ့ပါ icon အနေနဲ့ဖန်တီးထားလို့ရတာဖြစ်တဲ့အတွက် မေတော့ကြိုက်မိပါတယ်။ Digitally မို့ click တစ်ချက်ထောက်လိုက်ယုံနဲ့ မေတို့ ဖတ်သမျှစာအုပ်လေးတွေအကြောင်းကို ဘယ်အချိန်မဆို အလွယ်တကူ ပြန်ကြည့်နိုင်မှာဖြစ်ပါတယ်။ နောက်ဆုံး column မှာတော့ reading challenge list လေးထည့်ထားပါတယ်။ ဒီလို မေလုပ်ထားတဲ့ Book Log လေးမျိုးက��ိုက်လို့ သုံးချင်တယ်ဆိုရင်တော့ ဟောဒီ https://youtu.be/KjyJYsCfk4w video description မှာပါတဲ့ link ထဲဝင်ရောက်ရယူနိုင်��ါတယ်ရှင်🧡
Tumblr media
Content Planning
Content Plan အတွက်လည်း Page လေးတစ်ခုခေါ်ထားပြီး column 2 ခုနဲ့ ဖန်တီးထားပါတယ်။ ပထမတစ်ခုမှာတော့ Goals List ရယ် Random Idea List ရယ်လုပ်ထားပါတယ်။ ဒုတိယ column မှာတော့ content plan အတွက် table လေးရယ် calendar view လေးရယ် ထည့်ထားပါတယ်။ Table လေးကတော့ မေတို့ reading journal table လေးလိုပါပဲ။ Content Title ရယ် ဘယ်နေ့ ဘယ်အချိန်တင်မယ် ဘယ် platform မှာတင်ရမယ် ပြီးတော့ လုပ်နေဆဲလား ရေးနေဆဲလား ပြီးသွားပြီလားစသဖြင့် state လေးဖော်ပြဖို့ထည့်ထားတယ်။ တင်လို့ ပြီးပြီဆိုရင်တော့ check box လေးမှာ click လိုက်ရင် ဒီ content list ကနေဖျောက်ပေးအောင် table filter လေးလုပ်ထားပါတယ်။ Content Title တစ်ခုအတွက် Page တစ်ခုစီပဲမို့ အဲ့ page ထဲမှာမှ content အတွက် checklist, todo list, photo idea, context idea, draft, final blog စသဖြင့် section လေးတွေခွဲပြီး plan လုပ်တာဖြစ်ပါတယ်။ အောက်ဘက် calendar view မှာတော့ တစ်လတာဘယ်ရက်ဘာတင်မယ်ဆိုပြီး montly plan အနေနဲ့ မြင်သာအောင် လုပ်ထားခြင်းဖြစ်ပါတယ်။ မေကတော့ content create တဲ့သူမို့ ဒီလိုသုံးတာဖြစ်ပါတယ်။ Dreamer တို့ကတော့ ကိုယ့်အလုပ်အတွက် စိတ်ကူးရှိသလို ကိုယ်နဲ့အဆင်ပြေသလို organize ဖြစ်အောင် အလုပ်အတွက်အထောက်အကူပြုအောင် ဖန်တီးပြီးသုံးလို့ရပါတယ်နော်။ Dreamer တို့ idea လေးရလိုရငြား မေလုပ်ထားတာလေးတွေပြပေးတာဖြစ်ပါတယ်ရှင်။
Tumblr media
��ိုတော့ မေ notion သုံးတဲ့ အဓိကအကြောင်းကတော့ အပေါ်က ၃ မျိုးလို စနစ်တကျ organize ဖြစ်ဖြစ် productive ဖြစ်ဖြစ် သုံးလို့ရလို့ပဲဖြစ်ပါတယ်။ နောက် study အတွက်တို့ တခြား daily life တို့အတွက်လည်း အများကြီးအသုံးဝင်အောင်ဖန်တီးလို့ရပါသေးတယ်။ ဒီမှာတော့ စာရှည်မှာစိုးလို့ အကုန်မပြောပြတော့ဘူးနော် မေရဲ့ Notion Tour video မှာတော့ မေအသုံးပြုပုံအကုန်အစုံ ပြောပြပေးထားတာမို့ စိတ်ဝင်စားတယ်ဆို ကြည့်ကြည့်လို့ရပါတယ်နော်။ Video Here- https://youtu.be/KjyJYsCfk4w
Dreamer တို့လည်း စမ်းသုံးကြည့်လို့ဖြစ်ဖြစ် သုံးနေလို့ပဲဖြစ်ဖြစ် notion workspace ပုံလေးတွေရှိလည်းမေကို share ပေးလို့ရပါတယ်။ သူများ notion tour လေးတွေကြည့်ရတာလည်းကြိုက်တာမို့ပါ။ တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး ဘယ်လိုဘယ်လို အသုံးဝင်အောင်ဖန်တီးထားတယ် ဆိုတာမျိုး idea လေးတွေရပြီး ကိုယ်နဲ့သင့်တော်မှာလေးတွေပြန်လုပ်ကြည့်လို့ရတာပေါ့နော်။ ဆိုတော့ မေအခုစမ်းဖြစ်သလောက်တော့တော်တော်လေးအသုံးဝင်ပြီး organzie ဖြစ်စေတာမို့ Dreamer တို့လည်း ကိုယ်အလုပ်တွေ study လုပ်ရတာတွေမှာ organize and more productive ဖြစ်အောင် Notion app လေးနဲ့ စမ်းသုံးကြည့်ဖို့ recommend ပေးပါတယ်။ အဆုံးထိဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ အားလုံးပဲ စိတ်ရောကိုယ်ပါ ကျန်းမာပါစေလို့ဆုတောင်းပေးပါတယ်ရှင့်။
Please do not repost my pictures or content without my permission❤️
Thank you dreamers🙏🏻
xoxo 😘
• M A Y •
Instagram - https://www.instagram.com/dreambymay
Youtube - https://www.youtube.com/dreambymay
Shop - https://www.facebook.com/asteriaonlineshop
0 notes
dreambymay · 4 years ago
Text
10 Tips For Creating A Workspace At Home
မင်္ဂလာပါ Dreamer တို့ရေ🤓
ဒီနေ့တော့ မေက Stay Home ကာလလေးမှာ အိမ်မှာ အလုပ်လုပ်ရသူပဲဖြစ်ဖြစ် စာတွေလေ့လာနေရတဲ့ ကျောင်းသူလေးတွေပဲဖြစ်ဖြစ် အဆင်ပြေပြေ သက်တောင့်သက်သာဖြစ်ပြီး productive ဖြစ်စေမယ့် workspace လေးတစ်ခု ဖန်တီးရာမှာ အသုံးဝင်မယ့် tips လေးတွေကို မေ သိသလောက် sharing လုပ်ပ��းသွားမှာဖြစ်ပါတယ်။
မေတို့ အိမ်မှာအလုပ်လုပ်ရတယ်ဆိုပြီး အဆင်ပြေသလို တွေ့တဲ့နေရာမှာ အလုပ်လုပ်နေတာ စာတွေလုပ်နေတာ အဲ့လိုမျိုးက ခဏတာအဆင်ပြေနိုင်ပေမယ့် ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး ဒီ stay home ကာလကလည်း အချိန် အတိုင်းအတာ ဘယ်လောက်ထိဆိုတာ ပြောဖို့ခက်တာမို့ မေ က ပိုပြီး productive ဖြစ်အောင် သက်တော့သက်သာနဲ့အလုပ်လုပ်နိုင် စာတွေလုပ်နိုင်အောင် အိမ်မှာတင် workspace လေးတစ်ခုကို ဖန်တီးစေချင်ပါတယ်။ အောက်မှာပြောပြပေးသွားမယ့်tips လေးတွေက မေရဲ့ workspace ဖန်တီးရာမှာသိရတဲ့ အချက်လေးတွေရော လေ့လာထားတာလေးတွေရောမို့ Dreamer တို့ အတွက် အထောက်အကူ ဖြစ်မယ်ထင်ပါတယ်။ ဆိုတော့ တစ်ပုံချင်းကြည့်ကြည့်လိုက်နော်😘
Tumblr media Tumblr media
Tip 1 - သင့်တော်တဲ့နေရာရှာပါ💻
workspace လေးတစ်ခုဖန်တီးတော့မယ်ဆိုရင် ပထမဆုံးလုပ်ရမှာက သင့်တော်တဲ့နေရာရှာဖို့ပါ။ သင့်တော်တဲ့ နေရာဆိုတာကတော့ Dreamer တို့အိမ်မှာ distractions တွေနဲ့အကင်းဆုံးနေရာ လေဝင်လေထွက်ကောင်းပြီး အလင်းရောင်းကောင်းကောင်းရမယ်ံ့ နေရာမျိုးပါ။ distractions ဆိုတဲ့ထဲမှာ TV တို့ တစ်ခြား အသံတွေနဲ့ အနှောက်အယှက်ပေးနိုင်မှာမျိုးတွေပါ ဥပမာ - အိမ်မှာကလေးတွေရှိမယ်ဆိုရင် သူတို့ကစားနေမယ့်နေရာနဲ့ လှမ်းတဲ့နေရာမျိုး၊ အပြင်အသံတွေမကြားနိုင်တဲ့ လမ်းမ���က်မကျတဲ့နေရာမျိုးလေးပေါ့ အိမ်ကကျယ်ရင်တော့ နေရာရှာရတာ ကိစ္စမရှိပေမယ့် ကျဥ်းတဲ့အခါ နေရာရှာဖို့ကခက်ပါတယ် အတတ်နိုင်ဆုံ ကိုယ်အဆင်ပြေပြီး သက်တောင့်သက်သာ အလုပ်လုပ်လို့ရမယ့်နေရာကို ရွေးချယ်ပါလို့ အကြံပေးပါတယ် (အိပ်ရာထဲတော့မလုပ်နဲ့နော် 😅)
မေကတော့ corner workspace မျိုးကိုသဘောကျတာမို့ ပြတင်းပေါက်နဲ့ နံရံနဲ့ ရှိတဲ့ corner လေးကို ရွေခြယ်ထားပါတယ် မေအရင်တုန်းက နံရံချည်းပဲရှိတဲ့ corner မှာ workspace လေးလုပ်ဖူးတယ် နေရောင်လည်းမရ လေဝင်လေထွက်လည်းမကောင်းတာမို့ သိပ်ပြီး အလုပ်လုပ်ရတာ အဆင်မပြေဘူး workspace ဆိုပြီးသာလုပ်ထားတယ် အဲ့မှာ အလုပ်လုပ်ဖြစ်တာရှားတယ် ကြမ်းပြင်ပေါ်လုပ်လိုက် အိပ်ရာပေါ်လုပ်ရလိုက်နဲ့ အဆင်မပြေခဲ့တာကိုယ်တွေ့မို့ နေရာကောင်းကောင်းလေးကိုအရင်ရှာစေချင်ပါတယ်။🧡
Tumblr media
Tip 2 - အလင်းရောင်ကောင်းကောင်းရအောင်လုပ်ပါ🌞
ok workspace နေရာလေးတော့ရပြီ မှောင်မှောင်ကြီးဖြစ်နေရင် အဆင်မပြေပါဘူး ထိုင်းထိုင်းမှိုင်းမှိုင်း vibe ကြီးနဲ့ မေတို့ရဲ့ productivity level ကို လျော့ကျစေမှာအသေအချာပါပဲ။ ဆိုတော့ အလင်းရောင်ကောင်းကောင်းလေးရဖို့လိုပါတယ် သဘာဝအလင်းရောင် ရမယ့် ပြတင်းပေါက်နားမျိုး မဟုတ်ရင်လည်း စာပွဲတင်မီးအိမ်လေးတွေ overhead lighting လေးတွေကို တပ်ဆင်သင့်ပါတယ် မေတို့ အလုပ်လုပ်တဲ့အခါမျက်လုံးအားစိုက်ရတာကိုလည်း သက်သာစေပါတယ် 🧡
မေရဲ့ workspace လေးကတော့ ပြတင်းပေါက်နာမို့ လေဝင်လေထွက်လည်းကောင်းတယ် အလင်းရောင်လည်း ကောင်းကောင်းရတာမို့ မေ့အတွက် cozy ဖြစ်တဲ့နေရာလေးပေါ့🥰
Tumblr media
Tip 3 - သက်တောင့်သက်သာဖြစ်မယ့် စာပွဲထိုင်ခုံတွေကို ရွေးခြယ်ပါ🪑
အချိန်အကြာကြီး workspace မှာအလုပ်လုပ်ကြမှာ စာလုပ်ကြမှာဖြစ်တဲ့အတွက် မေတို့က စာပွဲ ထိုင်ခုံတွေကို ကိုယ်နဲ့ သက်တောင့်သက်သာဖြစ်မှာမျိုး ကျန်းမာရေးနဲ့ ညီညွတ်မယ့်ပုံစံမျိုးတွေကို ရွေခြယ်သင့်ပါတယ်🤔
Tumblr media
Tip 4 - လိုအပ်တဲ့ပစ္စည်းမှန်သမျှ အနီးမှာထားပါ📚
စာပွဲတစ်လုံး ခုံတစ်ခုနဲ့ workspace တစ်ခုဖန်တီးလို့ရတာမှန်ပါတယ်။ ဒါပေမယ့် အလုပ်လုပ်ရတဲ့အခါ laptop တွေ notebook တွေ နဲ့ အခြာ စာရေးကိရိယာတွေကတော့ လိုအပ်သေးတာမို့ ကိုယ်အသုံးလိုမယ့် ပစ္စည်းတွေကို အနီးဆုံးမှာထားပါ
မေတို့ လူတိုင်းကပျင်းကြပါတယ် လိုတာကိုသိလျက်နဲ့ ထယူရမှာ ဟိုနားဒီနားသွားယူရတာမျိုးကိုလုပ်ဖို့ခဲယင်းပါတယ် မေတို့ journaling လုပ်တဲ့အခါပိုသိသာတယ်ထင်တယ် အနီးနားရှိတဲ့ supplies တွေချည်းပဲမြန်မြန်ကုန်ပါတယ် journaling လုပ်နေတုန်း ဟိုဘက် အံဆွဲထဲကဘယ် organizer ထဲက စတစ်ကာလေးဆိုတာမျိုးကို မေ ဆို သွားယူပြီး မသုံးဖြစ်ပါဘူး ရှိတာတွေ့တာနဲ့ပဲအဆင်ပြေသလိုပစ်လိုက်တာမျိုးတွေရှိပါတယ် ဆိုတော့ အလုပ်တကယ်လုပ်ရတာမျိုးဆို လုပ်ရတဲ့အချိန်ရော စိတ်ရော result ကိုရောအတော်အနှောက်အယှက်ပေးနိုင်တာမို့ လိုအပ်တဲ့ ပစ္စည်းတွေကို အနီးမှာထားပါ။
မေကတော့ crafter ဆိုတော့ လိုအပ်တဲ့ပစ္စည်းတွေကအများကြီးမို့ တွေ့တဲ့အတိုင်း corner desk တစ်ခြမ်းကတော့ storage ဖြစ်နေတာပေါ့ ဒါပေမယ့် သေချာ organize ထားပါတယ် ရှုပ်ယှက်ခတ်မနေအောင်ပေါ့😉
Tumblr media
Tip 5 - သပ်သပ်ရပ်ရပ် organize လုပ်ပါ🗂
လိုအပ်တဲ့ ပစ္စည်းတွေကို အနီးနားမှာထားတာတော့ဟုတ်ပါပြီ စာပွဲပေါ်မှာတော့ ပြန့်ကြဲမနေပါစေနဲ့နော် သပ်သပ်ရပ်ရပ်စနစ်တကျ file လေးတွေဆိုရင်စုပြီးထားတာ pen holder လေးတွေနဲ့ stationery လေးတွေကို သပ်သပ်ရပ်ရပ်ထည့်တာမျိုး charging cableတွေ တစ်ခြား cable တွေကိုသပ်သပ်ရပ်ရပ်ထားတာမျိုး လုပ်သင့်ပါတယ်နော် အဲ့တာမှ မေတို့ရဲ့ အလုပ်လုပ်ချင်စိတ်ကို အားဖြစ်စေပြီး အလုပ်ပိုတွင်ကျယ်စေမှာပဲဖြစ်ပါတယ်နော် studyspace ဆိုလည်း ပိုပြီ စိတ်ကြည်ပြီး စာလုပ်ချင်စိတ်ဖြစ်ပေါ်စေမှာဖြစ်ပါတယ် မယုံရင် အခုပဲ workspace လေးကို organize လုပ်ပြီးစမ်းကြည့်ပေါ့ 🥰
ဒီမှာ မေရဲ့ organizing tip လေးတစ်ခုပြောပြချင်ပါတယ် မေတို့လို့ crafter တွေ tools များများသုံးပြီးအလုပ်လုပ်ရသူတွေဆိုရင် ယူသုံးပြီးတဲ့ tools တိုင်းကို သုံးပြီးတာနဲ့ သူ့နေရာသူ အတတ်နိုင်ဆုံးချက်ချင်းပြန်ထာပါ အဲ့လိုလုပ်ခြင်းကြောင့် ပျောက်တာမျိုး အထားမှားတာမျိုး workspace မှာ tools တွေနဲ့ပြည့်ကျပ်ပြီး space နည်းသွားစေတာမျိုး ရှုပ်ပွနေတာမျိုးတွေဖြစ်တာကို လျော့စေပါတယ်လို့ မေတော့ အမြဲအဲ့လိုလုပ်ဖြစ်တာမို့ Dreamer တို့လည်းစမ်းကြည့်နော်😘
Workspace Organization အတွက် အသုံးဝင်ပစ္စည်းလေးတွေကို မေရဲ့ shop Asteria မှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်ရှင့်🧡
https://www.facebook.com/asteriaonlineshop
Tumblr media
Tip 6 - အပင်လေးတွေထားပါ🌱
အခုဆို တော်တော်များမျာ indoor plant လေးတွေစိုက်လာကြတယ်ပေါ့နော် မေတို့ workspace အတွက် indoor plant လေးတွေလည်း လိုပါတယ် အပင်လေးတွေက carbondioxide ကို စုပ်ယူပြီး oxygen ကိုထုတ်ပေးနိုင်တာမို့ oxygen level ကိုမြှင့်တင်ပေးပြီး ဦနှောက်ကို ကူညီလှုံ့ဆော်ပေးနိုင်ပါတယ် fresh and green ဖြစ်တဲ့ အပင်လေးတွေထားခြင်းက workspace လေးကိုပိုလို့ cozy ဖြစ်စေမှာအသေအချာပါပဲ🌿
မေကတော့ ထားတာနည်းနည်းများသွားတယ် desk တစ်ဝက်လောက်ဖြစ်နေရော အပင်လေးတွေက တစ်ပင်ဝယ်ပြီးရင် မရတော့ဘူး ထပ်ထပ်ဝယ်ချင်တော့တာ ဟီး😅
Tumblr media
Tip 7 - ရနံ့မွှေးမွှေးလေးသင်းပျံ့နေပါစေ🥰
productivity ကိုမြင့်တင်ပေးဖို့ workspace လေးမှာ ရနံ့သင်းသင်းလေမွှေးနေအောင် essential oil and diffuser လေးတွေထားသင့်ပါတယ် Lavendar ရနံ့လေးဆိုရင် relax ဖြစ်စေနိုင်ပြီး peppermint ရနံ့လေးဆိုရင်တော့ အာရုံစူးစိုက်ဖို့ အထောက်အကူဖြစ်စေတယ်လို့ဆိုကြပါတယ်
မေကတော့ ဒီ Asteria မှာတင်ထားတဲ့ Diffuser လေးကို သုံးနေတာ ၂ လလောက်ရှိပါပြီ affordable လည်းဖြစ် အဆင်လည်းပြေလို့ ကြိုက်မှကြိုက်ပဲ စိတ်ဝင်စားရင် အောက်က လင့်မှာကြည့်ကြည့်ပါနော်🧡
https://www.facebook.com/105258024511473/posts/178276070543001/
Tumblr media
Tip 8 - Planner, To-Do list or Bullet Journal လေးတွေသုံးပါ📒
တစ်နေ့တာ တစ်ပတ်တာ တစ်လတာ လုပ်စရာတွေ meeting တွေ goals တွေကို planner လေးတွေ bullet journal လေးတွေအသုံးပြုပြီး မှတ်ပါ အဲ့လိုလုပ်ခြင်းက လုပ်စရာအလုပ်တွေကို မမေ့မလျော့ အမှန်တကယ် ပြီးမြောက်ဖို့ အထောက်အကူဖြစ်ပါတယ် 👍🏻
မေကတော့ တစ်နေ့တာ လုပ်စရာတွေကို bullet journal လေးနဲ့ အမြဲ မှတ်ပြီး လုပ်ဆောင်ဖြစ်ပါတယ် တကယ် productive ဖြစ်စေတာမို့ စမ်းကြည့်စေချင်ပါတယ် Journal Decoration လေးတွေကို စိတ်ဝင်စားရင်တော့ Dream By May မှာအမြဲတင်နေတာဖြစ်တဲ့အတွက် ဝင်ကြည့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်😘
Tip 9 - ရေဘူးလည်းအနားပါရှိပါစေနော်🍶
မေတို့ အလုပ်လုပ်နေ စာတွေကျက်နေရတဲ့အခါ ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့မမေ့ပါနဲ့နော် ကျန်းမာနေမှ အလုပ်တွေလုပ်နိုင်မှာဖြစ်ပါတယ် လူက dehydrated ဖြစ်ရင် လုပ်မှာ အာရုံစူးစိုက်နိုင်မှုကိုလည်း အနှောက်အယှက်ဖြစ်စေနိုင်ပါတယ် ဒါကြောင့် အမြဲ hydrated ဖြစ်နေဖို့ ရေဘူးကို workspace မှာထားထားပါ အနားမှမရှိရင်မေတို့ ရေသောက်ဖို့မေ့နေတတ်ပါတယ် (ထသောက်ရမှာ ပျင်းတာမျိုးလည်းရှိတယ် မေ လိုလူဆိုရင်ပေါ့😹) ဒီအချိန်မှာ ကျန်းမာရေးကို ပိုလို့ဂရုစိုက်ကြပါနော်🧡
Tumblr media
Tip 10 - workspace လေးကို အလှဆင်ဖို့မမေ့ပါနဲ့🎃
အိမ်မှာ workspace က ယာယီပဲလို့ ဆိုပေမယ့် လှလှလေးနဲ့ စိတ်ကြည်နူးဖွယ် ဖြစ်နေမယ်ဆိုရင်တော့ မေတို့ကို workspace လေးမှာ ပိုပြီးအချိန်ကုန်စေဖို့ဆွဲဆောင်နိုင်မှာဖြစ်ပါတယ် ဆိုတော့ အလုပ်တွေများများလုပ်ဖြစ်မယ် ပြီးနိုင်မယ်ပေါ့နော် famaily photo လေးတွေထားတာ art လေးတွေထားတာမျိုး အရုပ်လေးတွေထားတာမျိုး စသဖြင့် အလှဆင်နိုင်ပါတယ် မေကတော့ decoration ကို အရမ်းစိတ်ဝင်စာပြီး ကြိုက်တဲ့သူမို့ decoration ကို ပိုပြီးလုပ်ဖြစ်ပါတယ် ဒီလို စိတ်ကြိုက်ဖန်တီးထားတဲ့ workspace လေမှာ အလုပ်လုပ်ရတဲ့အတွက် အရမ်း grateful ဖြစ်တယ် ပျော်လည်းပျော်ရပါတယ် Dreamer တို့လည်း Workspace Decoration ကိုစိတ်ဝင်စားကြမယ်ဆိုရင် မေကို Decoration tips လေးတွေ သိသလောက် အခုလို ရေးပေးစေချင်လားရော comment မှာ ပြော��ေးသွာနော်😬
Workspace Decoration Item တော်တော်များမျာ မေရဲ့ Shop လေးမှာဝယ်ယူအားပေးလို့ရပါတယ် ဝင်ရောက်ကြည့်ရှု့ဖို ဖိတ်ခေါ်ပါတယ်ရှင့်🧡
https://www.facebook.com/asteriaonlineshop
ဆိုတော့ ဒီနေ့မေ share ပေးခဲ့တဲ့ workspace တစ်ခုဖန်တီးဖို့ရာ လိုအပ်တဲ့ tips လေးတွေကို ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ် တစ်ခုခုသိရတယ် ကြိုက်နှစ်သက်တယ်ဆိုရင်တော့ like & share လေးလုပ်ပေးပါဦးနော် ကျေးဇူးအများကြီတင်ပါတယ် နောက် post တွေမှာပြန်တွေ့မယ်နော်
Thank you dreamers🙏🏻
xoxo 😘
• M A Y •
4 notes · View notes
dreambymay · 4 years ago
Text
Bullet Journal ဆိုတာဘာလဲ? ဘယ်လိုစရေးရမလဲ?
မင်္ဂလာပါ Dreamer တို့ရေ🤓
ဒီနေ့ တော့ မေကို အမေးများဆုံးဖြစ်တဲ့ မေ လုပ်နေတဲ့ bujo bullet journal ဆိုတာဘာလဲ? bujo လုပ်ချင်တာ beginner ဆိုဘယ်ကစလုပ်ရမလဲ? ဘာတွေပါရမလဲ? ဆိုတဲ့မေးခွန်းလေးတွေကို မေသိသလောက် နားလည်သလောက် ပြောပြပေးသွားမယ်နော်😘
Tumblr media
Bullet Journal ဘယ်ကစ?🧐
bullet journal ဘယ်ကစသလဲဆိုရင်တော့ စာရေးဆရာတစ်ယောက်လည်းဖြစ် digital product designer တစ်ယောက်လည်းဖြစ်တဲ့ Ryder Carroll ဆိုတဲ့သူကဖန်တီးခဲ့တာဖြစ်ပါတယ်။ တစ်နေ့တစ်နေ့ productive မဖြစ်ဘူး လုပ်ရမယ့် အလုပ်တွေ ကိုယ့်ရဲ့ goals တွေ target တွေကို တိတိကျကျမရှိ focus မဖြစ်တဲ့ သူတွေအတွက် အသုံးဝင်ပြီး အကျိုးရှိတဲ့ bullet journal method ဆိုတာကို ၂၀၁၃ ခုနှစ်မှာ စတင် sharing လုပ်ပေးခဲ့တာဖြစ်ပါတယ်။
Bullet Journal (Bujo) လို့ဘာလို့ခေါ်ရသလဲ?🤔
Bullet Journal နဲ့ဘာလိုခေါ်ရလဲဆိုရင်တော့ သူရဲ့ method အရ task အစ notes အဆုံး information အကုန်းလုံးကို journal ထဲရေး��ဲ့အခါ လိုတိုရှင်းဖြစ်အောင် bullet point လေးတွေအသုံးပြုပြီးရေးတာကြောင့် အတိုခေါက်အနေနဲ့ Bullet Journal ဆိုပြီးခေါ်ခြင်းဖြစ်ပါတယ်တဲ့။ Bujo ဆိုတာကတော့ Bullet ရဲ့ Bu ရယ် Journal ရဲ့ Jo ရယ်ကို ပေါင်းထားတဲ့ အတိုခေါက်အခေါ်အဝေါ်လေးပဲဖြစ်ပါတယ်။
Bullet Journal ထဲဘာတွေရေးကြတာလဲ ဘာအတွက်လဲ?🤨
Bullet Journaling ဆိုတာကတော့ personal organizing system တစ်မျိုးပါပဲ မေတို့ရဲ့ တစ်နေ့တာ တစ်လတာ တစ်နှစ်တာ task တွေ ကိုယ်ဖြစ်ချင်တဲ့ goals တွေ target တွေ ကိုယ့်စိတ်ကူးထဲရှိတဲ့ အတွေးတွေ plans တွေအားလုံးကို စာအုပ်လေးတစ်အုပ်နဲ့ organize ဖြစ်အောင် ရေးချလိုက်တာပဲဖြစ်ပါတယ် ဟုတ်ပြီ အဲ့လိုရေးပြီးတော့ရော ဘာဖြစ်လာမှာလဲ ဘာအတွက်လဲ ဆိုရင်တော့ ဖန်တီးသူက ဒီလိုပြောထားပါတယ် “နေ့တိုင်း ဒီအချက်တွေကို update လုပ်နေခြင်းက ကိုယ်ကို အဟန့်အတားအနှောင့်အယှက်ဖြစ်စေမယ့်အရာတွေကို ရှောင်ရှားနိုင်စေပြီး ကိုယ်တကယ်ဂရုစိုက်လုပ်ဆောင်ရမှာတွေကိုမြင်သာလာစေမှာဖြစ်ပါတယ်” Bullet Journal ရေးခြင်းက ထိရောက်သလား ကိုယ့်အတွက် အကျိုးရှိစေလားဆိုတာကတော့ အသုံးပြုသူပေါ်မှာမူတည်ပါတယ်လို့လည်းပြောထားပါတယ်။
ဒါဆို Bujo နဲ့ Planner ကဘာကွာသလဲ?🤓
မေအမြင်အရပြောရရင်တော့ Planner ကတော့ မေတို့ရဲ့ တစ်နေ့တာ တစ်လတာ တစ်ရက်တာ plans တွေ goals တွေကိုချရေးဖို့ အစီအစဉ်တကျ layout ဖော်ပြီးသားစာအုပ်တစ်အုပ်မို့ အဲ့တာတွေကိုပဲ ပိုပြီး focus ပိုလုပ်ပေးနိုင်ပါတယ်။ Bullet Journal ကတော့ စာအုပ်အလွတ်တစ်အုပ်ပါ ကိုယ်ကိုယ်တိုင် ဖန်တီးရေးဆွဲသုံးရတာမို့ စာမျက်နှာတိုင်းက ကိုယ့်ဖန်တီးမှု အသုံးချမှုပေါ်ပဲမူတည်နေပါတယ်။ ဒီစာမျက်နှာမှာတော့ ဒီနေ့လုပ်ရမယ့် task လေးတွေရေးမယ် ဒီစာမျက်နှာမှာတော့ ကိုယ်ဖြစ်ချင်တဲ့ goals တွေရေးမယ် ပြီးရင် ဒီတစ်မျက်နှာမှာတော့ ခေါင်းထဲပေါ်လာတဲ့ idea တွေချရေးမယ်ကွာ ဆိုပြီး ကိုယ်အဆင်ပြေသလို စာမျက်နှာတိုင်းကို customize လုပ်သုံးလို့ရတာဖြစ်ပါတယ်။
တစ်နေ့တစ်နေ့ ဘယ်အကျင့်တွေကို လုပ်နေတယ် အချိန်ဘယ်လောက်လုပ်နေမိပြီ ဆိုတာမျိုးလည်း track ချင် tracker တွေထည့်နိုင်ပါတယ် Diary အနေနဲ့ တစ်နေ့တာ ဖြစ်ပျက်တာလေးတွေကို summary အနေနဲ့ လည်းထည့်ပြီးရေးလို့ရပါသေးတယ် ဆိုတော့ Bullet Journal ကကိုယ်ကိုကိုယ်ပြန်မြင်လာစေမယ် ဖြစ်ချင်တာတွေနဲ့လုပ်နေတာတွေကိုသုံးသပ်စေနိုင်ဖို့ အကူအညီပေးနိုင်မယ့်စာအုပ်မျိုးလို့ထင်ပါတယ်။
Bullet Journal စဖို့ဘာတွေလိုမလဲ?😎
ဒါကလည်း မေကိုအမေးများကြပါတယ်။ မေ Bujo ပုံလေးတွေမှာ စတစ်ကာတွေရော brushpen တွေရောအစုံပါပါနေတော့ Bujo လုပ်ဖို့ အဲ့လို supplies တွေလိုလိမ့်မယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ အမှန်ကတော့ စာအုပ်အလွတ်တစ်အုပ် ဘောပင် မဟုတ် ခဲတံရှိယုံနဲ့စတင်လို့ရပါပြီ။ ပုံလေးတွေဆွဲရတာ design လေးတွေဖန်တီးရတာကြိုက်တဲ့သူတွေအတွက်တော့ မေလိုမျိုး စတစ်ကာလေးတွေ washitape လေးတွေနဲ့ အခြားကွိစိကွစ စာရေးကိရိယာလေးတွေလိုလာတာပေါ့။ အဲ့တာလေးတွေကကိုယ်လိုရင်လိုအပ်သလိုလေးစုပေါ့ အဲ့တာဆို အသုံးဝင်ယုံတင်မက ဒီဇိုင်းပိုင်းမှာပါ ကိုယ်ပိုင် creation တွေနဲ့ ဖန်တီးထားတဲ့ ကိုယ်ပိုင် Unique Bullet Journal လေးတစ်အုပ်ကိုရသွားပြီပေါ့။
Bullet Journal မှာ ဘာ page လေးတွေပါသင့်လဲ? ဘာအတွက်လဲ? ဆိုတာကိုတော့မေတစ်ပုံချင်းစီမှာ ရှင်းပြထားတာမို့ စိတ်ဝင်စားရင်ဖတ်ကြည့်ပါဦးနော့🧡
Key Page🗝
Key Pageဆိုတာကတော့မေတို့ရဲ့ Bullet Journal ထဲမှာသုံးမယ့် symbolsလေးတွေရဲ့ အဓိပ္ပယ်ကိုရှင်းပြတဲ့ spread လေးပါ။ အပေါ်မှာရှင်းပြခဲ့သလိုပဲ Bullet Journal က Bullet Point လေးတွေနဲ့ရေးဖို့မို့ Symbol လေးတွေကအဓိကပေါ့နော်။
Carroll ရဲ့ Method အရတော့
“•” = task
“o” = event
“-“ = notes ဆိုပြီးသတ်မှတ်ပါတယ်။
ဒါပေမယ့် ကိုယ်ကြိုက်သလို symbols လေးတွေလည်းသတ်မှတ်လို့ရပါတယ် ပုံမှာ မေ လုပ်ထားသလိုလေးပေါ့ ကိုယ် symbols ကဘာကိုကိုယ်စားပြုတယ်ဆိုတာတော့သိအောင် key page မှာရေးကြပါတယ်။ ဆိုတော့ မေတို့ တစ်မျက်နှာထဲမှာ အစုံရောပြီးရေးထားရင်တောင် ဘယ်တစ်ကြောင်းကဖြင့် task ဘယ်တစ်ခုကဖြင့် note ဆိုပြီး ခွဲခြားသိရတယ်ပေါ့နော်။
Future Log🦋
Future Log ဆိုတာကတော့ တစ်နှစ်တာရဲ့ တစ်လချင်းစီရဲ့ အမှတ်ရနေရမယ့်ရက်စွဲတွေ အရေးကြီး event တွေ taskတွေကို ချရေးထားတာဖြစ်ပါတယ်။ ဆိုတော့ ဘယ်လ ဘယ်ရက်မှာ ဘာလုပ်စရာရှိတယ်ဆိုတာကို့ ဒီစာမျက်နှာမှာကြည့်လိုက်ယုံနဲ့ သိရမှာပဲဖြစ်ပါတယ်။ မဖြစ်မနေထည့်သင့်တဲ့ spread လေးတစ်ခုပါ။
Goal Spread✔️
မေတို့ရဲ့တစ်နှစ်တာ ဖြစ်ချင်တာတွေ ဖြစ်ရမှာတွေကို ချရေးဖို့ Goals page ကလည်းမဖြစ်မနေထည့်သင့်ပါတယ်။ Yearly Goal spread အတွက်တော့ Category လေးတွေခွဲပြီးရေးတာပိုထိရောက်မယ်လို့တော့ မေထင်ပါတယ်။တစ်ပတ်တာ တစ်လတာ Goal လေးတွေကိုလည်း Monthly spread Daily Spread လေးတွေမှာထည့်ပြီး ရေးမှတ်ပြီးလည်း ကိုယ်ဒီနေ့ဒီလအတွက်တော့ဘာတွေဖြစ်ချင်တာ ဘာတွေတိုးတက်အောင်လုပ်ရမှာ စသဖြင့် ရှင်းရှင်းလင်းလင်းဖြစ်စေပြီး ပြီးမြောက်အောင်လုပ်ဆောင်နိုင်စေပါတယ်။
Monthly & Daily Log📆
ကဲ့နောက်ဆုံးမပါမဖြစ်ကတော့ Monthly Daily spread လေးတွေပေါ့ တစ်နေ့တာလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို မမေ့မလျော့ လုပ်ဆောင်နိုင်ဖို့ to do list လေးတွေ ရေးတာဖြစ်ပါတယ်။ တစ်လတာ ကိုယ့်ရဲ့ အမူအကျင့်လေးတွေ လေ့လာကြည့်လို့ရအောင် tracker လေးတွေဖန်တီးပြီး track ကြည့်လို့လည်းရပါတယ်။ 30 days Challenge spreads လေးတွေဖန်တီးပြီး ဘဝတိုးတက်အောင် Challenge လေးတွေလုပ်ကြည့်လို့လည်းရပါတယ်။
အချုပ်ပြောရရင်တော့ Bullet Journal ဆိုတာ Dreamer တို့ဘဝကို ပိုကောင်းအောင်တိုးတက်အောင် အလုပ်တွေပိုပြီးမြောက်အောင်လုပ်ဆောင်နိုင်ဖို့ အကူအညီအပြည့်အဝပေးနိုင်မယ့် ကိုယ်ကိုယ်တိုင်ဖန်တီးရမယ့် စာအုပ်လေးတစ်အုပ်ပဲဖြစ်ပါတယ်။ ဆိုတော့ တကယ် အသုံးဝင်လား အထောက်အကူ တကယ်ဖြစ်သလားဆိုတာတော့ ကိုယ်တိုင်ဖန်တီးသုံးစွဲကြည့်ပါဦးနော်။ Bullet Journal အကြောင်းလေးနည်းနည်းတော့သဘောပေါက်သွားမယ်လို့ထင်ပါတယ်။ ဒီထက်ပိုပြီးအသေးစိတ်သိချင်ရင် လေ့လာကြည့်ချင်ရင်တော့ www.bulletjournal.com မှာဝင်ရောက်လေ့လာကြည့်လို့ရပါတယ်နော်။ အဆုံးထိဖတ်ကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်��ှင့်။😘
Bullet Journal လေးတစ်ခုစတင်ဖန်တီးကြည့်ချင်ပါတယ်ဆိုတဲ့သူတွေအတွက် ကွိစိကွစ စာရေးကိရိယာအစုံပါဝင်တဲ့ May’s Collection Bullet Journal Kit လေးကို Page မှာဝယ်ယူအားပေးနိုင်ပါတယ်ရှင့်🥳
မေရဲ့ Bujo နဲ့တခြား journal spread turorial လေးတွေ ပုံလေးတွေကို Facebook Page, Instagram နဲ့ Youtube တို့မှာအမြဲတင်ပေးတာမို့ Follow & Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်😉
Follow Me💋 - https://dreambymay.tumblr.com/findme
2021 Bullet Journal Set Up - https://fb.watch/2Z1xxXDgX3/
Thank you dreamers🙏🏻
xoxo 😘
• M A Y •
1 note · View note