zwemansoe
ZWEZWE CHANNEL
71 posts
စာရေးသူရဲ့ ရေးနေဆဲ websites 1st website name-zwezwechannel 2nd website name-zwemansoe website nameနော���်မှာ.siteထည့်ပါ
Don't wanna be here? Send us removal request.
zwemansoe · 3 years ago
Text
ANAနှင့် Japan Airlineကတော့ ပုဂ္ဂလိကကုမ္ပဏီတွေထဲမှာ ပထမဆုံးအဖြစ် အလုပ်ခွင်မှာ ၃ကြိမ်မြောက်ကိုဗစ်ဆေးထိုးမူကို ကျင်းပခဲ့ပါတယ်
ANAနှင့် Japan Airlineကတော့ ပုဂ္ဂလိကကုမ္ပဏီတွေထဲမှာ ပထမဆုံးအဖြစ် အလုပ်ခွင်မှာ ၃ကြိမ်မြောက်ကိုဗစ်ဆေးထိုးမူကို ကျင်းပခဲ့ပါတယ်
ANAနှင့် ဂျပန် Airlines မှ Hanedaလေဆိပ်မှာ international pilotsများနှင့် လေယာဉ်အမူထမ်းများကို  ၃ကြိမ်မြောက်ထိုးပေးတာပါ ANA ကဆို ဝန်ထမ်းမိသားစုနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက် ခန့်မှန်း လူ၂သောင်းခန့်ကို ထိုးပေးဖို့ ပြုလုပ်ထားတာပါ Japan Airlineကတော့ ခန့်မှန်း ၁၇၀၀၀ ကို ဇွန်လကုန်မှာ အပြီးထိုးပေးဖို့ ရည်မှန်းထားပါတယ်.
ဆေးထိုးပြီးတဲ့လေယာဉ်အမူထမ်းမှ- ကမ္ဘာတစ်လွှားက ကာစတာမာတွေနဲ့ထိတွေ့ရတဲ့အလုပ်မို့ ဒီလို ဆေးထိုးပေးတာက အလွန်ကျေးဇူးတင်မိကြောင်း ပြောဆိုလိုက်ပါတယ်.
လုပ်ငန်းခွင်မှာဆေးထိုးမူက ဒီလ လယ်မှာ တစ်ခြား ကုမ္ပဏီတွေမှာလည်း ပြုလုပ်မယ်လို့ သိရှိရပါတယ်..
[ Websiteအသုံးပြုနည်း Websiteထဲမှာ ကိုယ်မဖတ်ရသေးတဲ့ ဂျပန်သတင်းတွေကို ဖတ်ရူဖို့ ထိပ်ဆုံးက zwezwe channelဆိုတဲ့စာသားကို နှိပ်ရင် Home Pageကိုပြန်ရောက်သွားမှာပါ ပြီးရင်တော့ သတင်းတွေမှာ (Keep Reading)ကိုနှိပ်ပြီးဆက်ဖတ်ပါ !!]
Tumblr media Tumblr media Tumblr media
0 notes
zwemansoe · 3 years ago
Text
ဂျပန်က Mizuhoဘဏ်ကတော့ ကာစတာမာတွေကို တောင်းပန်ပြီးရင်းတောင်းပန်နေရပါတယ်.
Mizuhoဘဏ်က မနှစ်ကတည်းက တိုင်ပတ်နေခဲ့တဲ့အကြောင်းကို ဘာသာပြန်ခဲ့တာမှတ်မိကြမှာပါ ယခုအခါမှာလည်း တစ်ချို့နေရာတွေမှာ ATMက လည်ပတ်မူမတည်မငြိမ်ဖြစ်နေတာကြောင့် Systemကိုစစ်ဆေးနေရာမှာ နေရာ၉၀လောက် ATMတွေသုံးမရဖြစ်သွားပါတယ်.. ကဲ အပြစ်ရှာစစ်ကာမှ ပိုဆိုးသွားတဲ့ အနေအထားပါ...
-Mizuhoဘဏ်ပြောကြားချက်အရ ၁၁ရက်နေ့ မနက် ၉နာရီကစပြီး ATMတစ်ချို့မလည်ပတ်တာတွေရှိတယ်လို့ ပြောပါတယ်. ညနေရောက်တောင် မဖြေရှင်းနိုင်သေးတာကြောင့် ညနေ၃နာရီခွဲကစပြီး Systemပြစ်ချက်ကိုရှာဖွေမူစတင်ပါတော့တယ်..
ပုံမှန်ဆို ATMအများကြီးတပ်ထားရင် တစ်ခြားဆာဗာတွေနဲ့ (ဆာဗာတွေခွဲပြီးချိတ်ထားတာမျိုးကိုဆိုလို) ချိတ်ဆက်ကြပေမဲ့ Mizuhoဘဏ်ကတော့ ATMတစ်လုံးကို ပြစ်ချက်ရှာတာ နေရာ ၉၀လောက်က ATMတွေ သုံးမရဖြစ်ကုန်ပါတယ်
��စ်ဆေးမူက ညနေ၄နာရီခွဲမှာ ပြီးဆုံးပြီး အကုန်ပြန်လည်ပတ်နိုင်ခဲ့ပါတယ်.
ထုံးစံအတိုင်း Mizuhoဘဏ်က -အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ထပ်ပြောလိုက်ပါတယ်
[ Websiteအသုံးပြုနည်း Websiteထဲမှာ ကိုယ်မဖတ်ရသေးတဲ့ ဂျပန်သတင်းတွေကို ဖတ်ရူဖို့ ထိပ်ဆုံးက zwezwe channelဆိုတဲ့စာသားကို နှိပ်ရင် Home Pageကိုပြန်ရောက်သွားမှာပါ ပြီးရင်တော့ သတင်းတွေမှာ (Keep Reading)ကိုနှိပ်ပြီးဆက်ဖတ်ပါ !!]
Tumblr media
0 notes
zwemansoe · 3 years ago
Text
ဂျပန်ပြည်ဝင်ခွင့်နဲ့ပတ်သတ်ပြီး ဂျပန်ဝန်ကြီးချုပ် ပြောဆိုမူကို အပြည့်အစုံဘာသာပြန်ထားပါတယ်
ဂျပန်ပြည်ဝင်ခွင့်နဲ့ပတ်သတ်ပြီး ဂျပန်ဝန်ကြီးချုပ် ပြောဆိုမူကို အပြည့်အစုံဘာသာပြန်ထားပါတယ်
ဂျပန်ဝန်ကြီးချုပ် Kishidaမှ လက်ရှိအချိန်ထိ နိုင်ငံခြားသား ပြည်ဝင်ခွင့်အသစ်နဲ့ပတ်သတ်ပြီး အဆိုပါ တားမြစ်ထားမူအပေါ် ပြန်လည် သုံးသပ်စဉ်းစားဖို့ စတင်မဲ့အကြောင်း ပြောဆိုလာပါတယ်. ၁၂ရက်ဒီမနက် ဟနဲဒလေဆိပ်မှာ ဝန်ကြီးချုပ်ကိုယ်တိုင်ပြောကြားတာဖြစ်ပါတယ်.
မေး- အနာဂတ် ကာကွယ်ထိန်းချုပ်မူအစီအမံကျတော့ကော? ဝန်ကြီးချုပ်-ပြည်တွင်းပြည်ပ ကူးစက်မူ အပြောင်းအလဲတွေ ပြည်ပက ကူးစက်မူကာကွယ်တားဆီးရေးတွေ ဒီလို ကိစ္စတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်ထည့်စဉ်းစားရမယ် မစဉ်းစားလို့မရဘူး လို့ထင်ပါတယ်. အဲ့တော့ ဖြေလျော့ပေးမူနဲ့ပတ်သတ်ပြီး ထည့်သွင်းစဉ်းစားမူတေွဆက်လက်လုပ်ဆောင်မယ်လို့ ဂျပန်ဝန်ကြီးချုပ်ကပြောပါတယ်.
ဝန်ကြီးချုပ်က ယနေ့ ၁၂ရက်နေ့ မှာ ဟနဲဒလေဆိပ်က ကိုဗစ်ကာကွယ်ရေးအစီအမံတွေကို လာစစ်ခဲ့ပါတယ်. ဂျပန်အစိုးရက နိုင်ငံခြားသား ပြည်ဝင်ခွင့်အသစ်တားမြစ်ထားမူကို ��ီလကုန်အထိ ဆက်လက်လုပ်ဆောင်မယ်လို့ ဆိုပါတယ်..
ဒါပေမဲ့လည်း စီးပွားရေးအသိုင်းအဝိုင်းကနေ -စီးပွားရေးကိစ္စတွေအတွက် ဖြေလျော့ပေးဖို့ တောင်းဆိုမူ က အားကောင်းလာပြီး  ဝန်ကြီးချုပ်  Kishida မှ နိုင်ငံခြားသားဝင်ရောက်ခွင့်ကို ပြန်လည်စဉ်းစားဖို့ စတင်မယ်လို့ ထုတ်ပြော��ဲ့ပါတယ်.
၁၂ရက်ဒီမနက် ဟနဲဒလေဆိပ်မှာ ဝန်ကြီးချုပ်ကိုယ်တိုင်ပြောကြားတာဖြစ်ပါတယ်.
[ Websiteအသုံးပြုနည်း Websiteထဲမှာ ကိုယ်မဖတ်ရသေးတဲ့ ဂျပန်သတင်းတွေကို ဖတ်ရူဖို့ ထိပ်ဆုံးက zwezwe channelဆိုတဲ့စာသားကို နှိပ်ရင် Home Pageကိုပြန်ရောက်သွားမှာပါ ပြီးရင်တော့ သတင်းတွေမှာ (Keep Reading)ကိုနှိပ်ပြီးဆက်ဖတ်ပါ !!]
Tumblr media Tumblr media Tumblr media
0 notes
zwemansoe · 3 years ago
Text
၁၀ရက်နေ့ ညနေ ၆နာရီခွဲလောက်က JR Shinjuku ဘူတာရှေ့မှာ နှင်းတွေက ထူထပ်စွာကျခဲ့ပါတယ်.
၁၀ရက်နေ့ ညနေ ၆နာရီခွဲလောက်က JR Shinjuku ဘူတာရှေ့မှာ နှင်းတွေက ထူထပ်စွာကျခဲ့ပါတယ်. လမ်းမပေါ်မှာ နှင်းကအနဲငယ်စုပုံနေပြီး လမ်းမျက်နှာပြင်က ချော်လဲလောက်တဲ့ထိ ချောမွေ့လာပါတယ်..
ည၇နာရီမှာ အပူချိန်က ၀.၆ထိ အေးလာပြီး ၂စင်တီမီတာထိ နှင်းအထူကျခဲ့ပါတယ်. ရဲတပ်ဖွဲ့မှ ချော်လဲကျမူမှ ကာကွယ်ရန် နှင်းအရည်ပျော်တဲ့အရာနဲ့ ပြုလုပ်ပေးနေပါတယ်..
၂၀အရွယ် ကုမ္ပဏီဝန်ထမ်းမိန်ကလေးမှ- တကယ်ဆိုးတယ် ညီမက မိယဇခိ ဇာတိလေ နှင်းကျတာနဲ့ ကျင့်သားမရဘူး ဒီလောက် နှင်းကျမယ်မထင်မိဘူး လို့ ပြောပါတယ်. မေးမြန်းသူမှ- ဖိနပ်က ပုံမှန်sneakerလား လို့ မေးတဲ့အခါ ဒီကိုမရောက်ခင်ထိ ၅ကြိမ်တောင်ချော်လဲ ကြောင်းပြောပြခဲ့ပါတယ်..
Tokyoအနောက်ပိုင်း Tama မှာ နှင်းထူထပ်စွာကျဆင်းမူ သတိပေးထားပြီး ခန်းသိုးဒေသမှာ ၁၀ရက်နေ့ မနက်ကစပြီး နှင်းတွေ ထူထပ်စွာကျဆင်းလာပါတယ်..
[ Websiteအသုံးပြုနည်း Websiteထဲမှာ ကိုယ်မဖတ်ရသေးတဲ့ ဂျပန်သတင်းတွေကို ဖတ်ရူဖို့ ထိပ်ဆုံးက zwezwe channelဆိုတဲ့စာသားကို နှိပ်ရင် Home Pageကိုပြန်ရောက်သွားမှာပါ ပြီးရင်တော့ သတင်းတွေမှာ (Keep Reading)ကိုနှိပ်ပြီးဆက်ဖတ်ပါ !!]
Tumblr media Tumblr media Tumblr media
0 notes
zwemansoe · 3 years ago
Text
ကိုယ့်သမီးလေးကို အမေဖြစ်သူက  ဦးနှောက်သေတဲ့အထိ နှိပ်စက်ခဲ့တာလား...
ကိုယ့်သမီးလေးကို အမေဖြစ်သူက  ဦးနှောက်သေတဲ့အထိ နှိပ်စက်ခဲ့တာလား... Okayamaမြို့မှာ မိခင်က ၅နှစ်အရွယ် သူ့သမီးလေးကို ရည်းစားဟောင်းနဲ့အတူ ဝိုင်းနှိပ်စက်အနိုင်ကျင့်မူနောက်မှာ သမီးဖြစ်သူ သေဆုံးခဲ့ရပြီး မိခင်ဖြစ်သူနဲ့မိခင်ရဲ့ ရည်းစားဟောင်းကို ရဲ က ဖမ်းဆီးလိုက်ပါတယ်..
မိခင်ဖြစ်သူ Nishida ၃၄နှစ်နဲ့ သူမရဲ့ရည်းစားဟောင်း Funabashi ၃၈နှစ်တို့ ၂ယောက်သားက မနှစ် ၉လပိုင်း ၁၀ရက်နေ့ကနေ ၂၃ရက်နေ့ထိ  မိခင်ဖြစ်သူ Nishida  အိမ်မှာ Nishidaရဲ့သမီး Mao(၅နှစ်အရွယ်) ကို မျက်နှာကို ထိုးကြိတ် ကုလားထိုင်ပေါ်မှာ အိုးတစ်လုံးတင်ပြီး အဲ့ပေါ်မှာ သမီးဖြစ်သူကို ၃နာရီမှ၆နာရီကြာထိ ရက်ရက်စက်စက် မတ်တပ်ရပ်ခိုင်း နှိပ်စက်ခဲ့တယ်လို့ သိရပါတယ်.
ရည်းစားဟောင်း Funabashi ကတော့ ပြစ်မူကို ဝန်ခံလိုက်ပြီး သေဆုံးသူသမီးငယ်ရဲ့ အမေဖြစ်သူကတော့ ငြင်းဆန်နေပါတယ်. Maoလေးက နှိပ်စက်မူနောက်မှာ  ဦးနှောက်သေတဲ့ထိ ဖြစ်သွားပြီး ပြီးခဲ့တဲ့လ ၁၂ရက်နေ့က သေဆုံးသွားပါတယ်
မြို့တော်မှ -သေဆုံးရခြင်းကို အလေးအနက်ထားစစ်ဆေးသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်..
[ Websiteအသုံးပြုနည်း Websiteထဲမှာ ကိုယ်မဖတ်ရသေးတဲ့ ဂျပန်သတင်းတွေကို ဖတ်ရူဖို့ ထိပ်ဆုံးက zwezwe channelဆိုတဲ့စာသားကို နှိပ်ရင် Home Pageကိုပြန်ရောက်သွားမှာပါ ပြီးရင်တော့ သတင်းတွေမှာ (Keep Reading)ကိုနှိပ်ပြီးဆက်ဖတ်ပါ !!]
Tumblr media
0 notes
zwemansoe · 3 years ago
Text
ဂျပန်အစိုးရက ကိုဗစ်သောက်ဆေး နောက်တစ်မျိုးကို အတည်ပြုပေးလိုက်တာမို့ သောက်ဆေး၂မျိုးထိရှိသွားပါပြီ..
ဂျပန်အစိုးရက ကိုဗစ်သောက်ဆေး နောက်တစ်မျိုးကို အတည်ပြုပေးလိုက်တာမို့ သောက်ဆေး၂မျိုးထိရှိသွားပါပြီ.. ဒုတိယမြောက်အတည်ပြုလိုက်တဲ့ ကိုဗစ်သောက်ဆေး က Pfizer ရဲ့ Bexovidလို့နာမည်ပေးထားတဲ့ သောက်ဆေးပါ... ဒီဆေး အကြောင်းကိုတော့
ကိုဗစ်ဆေးကိုထုတ်လုပ်နေတဲ့ Pfizer ရဲ့ Bexovidကိုဗစ်သောက်ဆေးကို ဂျပန်အစိုးရကနေ အထူးအနေဖြင့်ခွင့်ပြုလိုက်ပါတယ်.. ဂျပန်အတွက် ဒုတိယမြောက်အတည်ပြုပေးလိုက်တဲ့ သောက်ဆေးလို့ ဆိုရမှာပါ..
၁၀ရက်နေ့ ည၈နာရီကျော်မှာ ကျန်းမာရေးဝန်ကြီးမှ ခုလို အတည်ပြုမူကိုပြောဆိုလိုက်တာဖြစ်ပြီး Pfizer ရဲ့ Bexovidကိုဗစ်သောက်ဆေးက ကိုဗစ်မပြင်းထန်လူနာအပျော့စားနဲ့ အလတ်စား ကူးစက်သူတွေကို ဦးတည်ထားတဲ့ ကိုဗစ်သောက်ဆေးလို့ဆိုပါတယ်. ဒါပေမဲ့ ကိုဗစ်ပြင်းထန်လူနာဆို ၁၂နှစ်နဲ့အထက် ကိုယ်အလေးချိန် 40 ကီလိုဂရမ်နှင့်အထက် ဆို တိုက်လို့ရပြီး ၅ရက်အတွင်း ဆေးသောက်ပေးရမှာပါ...
လက်တွေ့စမ်းသပ်မှုများအရ ဆေးရုံတက်ရမူနှင့် သေဆုံးမူကို ၉၀%ထိ လျော့နည်းစေတယ်လို့ဆိုပါတယ်. အစိုးရမှ ဒီနှစ်အတွင်း လူဦးရေ ၂သန်းကို ထောက်ပံ့ပေးဖို့ သဘောတူထားပြီး  ပထမဆုံးအနေနဲ့ လူ၄သောင်းကို ပေးမယ်လို့ဆိုပါတယ်.
မြန်မယ်ဆို ၁၄ရက်နေ့ကစပြီး ဆေးဘက်ဆိုင်ရာအဆောက်အဦး ၂၀၀၀ခန့်ဆီ ရောက်ရှိနိုင်ပြီး လည်ပတ်နိုင်ပါတယ်.
ဂျပန်မှာ  ပထမဆုံးအတည်ပြုခဲ့တဲ့ သောက်ဆေးက Merck ရဲ့ Molnupiravir ဖြစ်ပြီး ယခုနဲ့ဆို ဒုတိယမြောက်ပါ.
[ Websiteအသုံးပြုနည်း Websiteထဲမှာ ကိုယ်မဖတ်ရသေးတဲ့ ဂျပန်သတင်းတွေကို ဖတ်ရူဖို့ ထိပ်ဆုံးက zwezwe channelဆိုတဲ့စာသားကို နှိပ်ရင် Home Pageကိုပြန်ရောက်သွားမှာပါ ပြီးရင်တော့ သတင်းတွေမှာ (Keep Reading)ကိုနှိပ်ပြီးဆက်ဖတ်ပါ !!]
Tumblr media
0 notes
zwemansoe · 3 years ago
Text
ဂျပန်နေထိုင်သူတွေ အပြင်ထွက်ရင် ကားပိတ်နိုင်မူကိုပါ တွက်ချက်ထားဖို့လို...
ဂျပန်နေထိုင်သူတွေ အပြင်ထွက်ရင် ကားပိတ်နိုင်မူကိုပါ တွက်ချက်ထားဖို့လို...
ဂျပန် ခန်းသိုဒေသမှာ နှင်းကျမဲ့သတင်းကို pageက ဦးစွာဖော်ပြခဲ့တာမှတ်မိမှာပါ လက်ရှိမှာ မိုးလေဝသထုတ်ပြန်ထားသလို နှင်းထူထပ်စွာကျနေမူကြောင့် အဝေးပြေးလမ်းမကြီး နှင့် လေယာဉ်ခရီးစဉ်တွေကိုပါ ရိုက်ခတ်မူတွေဖြစ်ပေါ်လာပါတယ်..
၁၀ရက်နေ့ မနက��� ၁၁နာရီခွဲလောက်မှာ Tōkyō ရဲ့ chūō kanjō-လိုင်း , အဝေးပြေး Kanagawa အမှတ်7-ရဲ့ Yokohama Kita-လိုင်း နှင့် hokusei-လိုင်း, အဝေးပြေး  Saitama Shintoshin-လိုင်းတွေက ယာဉ်ကြောပိတ်ဆို့နေတယ်လို့ သိရပါတယ်.. ဒီပိတ်ဆို့နေမူကြောင့် နေရာ၃၃ခုက ဝင်ပေါက်ကိုပိတ်ထားရပါတယ်. တစ်ခြားလမ်းတွေကိုတော့ လမ်းမျက်နှာပြင် ကိုကြည့်ပြီး ပိတ်သင့်မပိတ်သင့်ဆုံးဖြတ်မယ်လို့ဆိုပါတယ်.
ပြီးခဲ့တဲ့လ ၆ရက်နေ့က နှင်းထူထပ်စွာကျဆင်းမူကြောင့် ကားပိတ်မူတွေ ဖြစ်ခဲ့ရပြီး ယခုအခါမှာတော့ လျင်မြန်စွာတုံပြန်ဖြေရှင်းနေတယ်လို့ ဆိုပါတယ်..
လေယာဉ်ခရီးစဉ်တွေကတော့ Hanedaလေဆိပ်မှာ ANNကလေကြောင်းခရီးစဉ် ၉၆ ခု နှင့် Japan Airlines မှ ခရီးစဉ် ၇၃ခုကို ဖျက်သိမ်းဖို့ စီစဉ်နေပါတယ်.
[ Websiteအသုံးပြုနည်း Websiteထဲမှာ ကိုယ်မဖတ်ရသေးတဲ့ ဂျပန်သတင်းတွေကို ဖတ်ရူဖို့ ထိပ်ဆုံးက zwezwe channelဆိုတဲ့စာသားကို နှိပ်ရင် Home Pageကိုပြန်ရောက်သွားမှာပါ ပြီးရင်တော့ သတင်းတွေမှာ (Keep Reading)ကိုနှိပ်ပြီးဆက်ဖတ်ပါ !!]
Tumblr media Tumblr media
0 notes
zwemansoe · 3 years ago
Text
နှင်းတွေဖွေးစွတ်အောင်ကျနေတဲ့ Hiroshimaစီရင်စု Akitakataမြို့မှာ အရင်ယောကျာ်း က သူ့အရင်မိန်းမ ကို လာသတ်သွားခဲ့ပါတယ်..
နှင်းတွေဖွေးစွတ်အောင်ကျနေတဲ့ Hiroshimaစီရင်စု Akitakataမြို့မှာ အရင်ယောကျာ်း က သူ့အရင်မိန်းမ ကို လာသတ်သွားခဲ့ပါတယ်.. ပတ်ဝန်းကျင်နဲ့အိမ်တွေက နှင်းတွေ ဖွေးပြီး ဆက်တိုက်နှင်းကျနေတဲ့ ချမ်းတုန်တုန်ရာသီမှာ ဖြစ်ပွားခဲ့တာပါ... လွန်ခဲ့တဲ့ ၂နှစ်ကတည်းက ကြိုသိလို့ ဂျပန်ရဲကို‌ တောင်းဆိုခဲ့ပေမဲ့...!
၅ရက်နေ့ ည   Hiroshimaစီရင်စု Akitakataမြို့က နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ယောက်ကို ဓါးနဲ့ထိုးသတ်ခဲ့တဲ့ ၄၁နှစ်အရွယ် အရင်ယောကျာ်းကို ဖမ်းဆီးမိပါတယ်. အမျိုးသမီးကတော့ သေဆုံးခဲ့တယ်လို့ သိရပါတယ်..
Higashihiroshima-မြို့နေထိုင်တဲ့ အလုပ်အကိုင်မရှိ Kumagai က ည ၆နာရီ မှာ Akitakataမြို့  Yachiyo-chō ရှိ နေအိမ်အဝင်၀မှာ အရင်မိန်းမဖြစ်သူ nami ၃၆နှစ်ကို ဓါးနဲ့ထိုးသတ်ခဲ့ပါတယ်.. ဇနီးဟောင်းက ၃နာရီအကြာမှာ သေဆုံးသွားရှာပါတယ်.
စစ်ဆေးမေးမြန်းမူအပေါ် Kumagai မှ- ဓါးနဲ့ဗိုက်ကိုထိုးခဲ့တာအမှန်ပါလို့ ဝန်ခံလိုက်ရပါတယ်. ၂ယောက်က အရင်ကအိမ်ထောင်ဖက်တွေဖြစ်ပြီး လွန်ခဲ့တဲ့ ၂နှစ် ၁၀လပိုင်းက မိန်းမဖြစ်သူရဲ့ဆွေမျိုးတွေကနေ- အရင်ယောကျာ်းက က အိမ်ကို လာလာနေပုံရတယ်  အိမ်ကိုလှည့်ကင်းပတ်ပေးဖို့ ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ သိရပါတယ်.
[ Websiteအသုံးပြုနည်း Websiteထဲမှာ ကိုယ်မဖတ်ရသေးတဲ့ ဂျပန်သတင်းတွေကို ဖတ်ရူဖို့ ထိပ်ဆုံးက zwezwe channelဆိုတဲ့စာသားကို နှိပ်ရင် Home Pageကိုပြန်ရောက်သွားမှာပါ ပြီးရင်တော့ သတင်းတွေမှာ (Keep Reading)ကိုနှိပ်ပြီးဆက်ဖတ်ပါ !!]
Tumblr media
0 notes
zwemansoe · 3 years ago
Text
ဂျပန်မှာ နှင်းထူထပ်စွာကျနေတဲ့နေရာတွေမှာ ခရီးထွက်မဲ့ မြန်မာတွေ သတိထားရမဲ့ သတင်း..
ဂျပန်မှာ နှင်းထူထပ်စွာကျနေတဲ့နေရာတွေမှာ ခရီးထွက်မဲ့ မြန်မာတွေ သတိထားရမဲ့ သတင်း..
Tottori စီရင်စုမှာရှိတဲ့ Chūgokuဒေသ Daisenတောင်ထိပ်မှာ ၅ရက်နေ့က တောင်လာတက်တဲ့  အမျိုးသား၂ယောက် ဒုက္ခရောက်ခဲ့ရပါတယ်.
၆ရက်နေ့ မနက် ကစပြီး ရှာဖွေရာမှာ တစ်ယောက်ကို ကယ်နိုင်ပြီး ကျန်တစ်ယောက်ကိုတော့ သတိလစ်အနေအထားနဲ့ တွေ့ရှိရပါတယ်.
၅ရက်နေ့ ည၈နာရီမတိုင်ခင်  တောင်တက်နေတဲ့ အမျိုးသား၂ယောက်က လေကြမ်းတာကြောင့် မလှုပ်ရှားနိုင်တော့ပဲ အကြောင်းကြားမူကိုလက်ခံရရှိတဲ့ အသိမိတ်ဆွေမှ ၁၁၀ကို ဖုန်းဆက် သတင်းပေးလာပါတယ်...
ရဲတပ်ဖွဲ့နှင့် ဒေသခံတောင်တက်အဖွဲ့များက ၆ရက်နေ့ မနက်၅နာရီခွဲမှစပြီး ရှာဖွေမူတွေပြုလုပ်ကာ မနက်၈နာရီအကျော်မှာ ၆၀အရွယ်အမျိုးသားကိုတွေ့ရှိပြီး တောင်အောက်အတူဆင်းနိုင်ခဲ့ပါတယ်.
နောက်တစ်ယောက် ၅၀အရွယ်အမျိုးသားကိုတော့ သတိလစ်အနေထားနဲ့ထပ်မံတွေ့ရှိခဲ့ပါတယ်. Daisenတောင်မှာ မနက် ၁၁နာရီပဲရှိသေး နှင်းထု က ၂၀၁စင်တီမီတာထိ ထူထပ်စွာကျဆင်းနေတာပါ...
[ Websiteအသုံးပြုနည်း Websiteထဲမှာ ကိုယ်မဖတ်ရသေးတဲ့ ဂျပန်သတင်းတွေကို ဖတ်ရူဖို့ ထိပ်ဆုံးက zwezwe channelဆိုတဲ့စာသားကို နှိပ်ရင် Home Pageကိုပြန်ရောက်သွားမှာပါ ပြီးရင်တော့ သတင်းတွေမှာ (Keep Reading)ကိုနှိပ်ပြီးဆက်ဖတ်ပါ !!]
Tumblr media Tumblr media Tumblr media
0 notes
zwemansoe · 3 years ago
Text
ဂျပန် ရဲ့ Hyogoစီရင်စုမှာ အဝတ်မပါတဲ့ အမျိုးသမီးအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ပါတယ် ဆံပင်အနက် အသက်၃၀ကျော် အရပ် ၁၅၀စင်တီမီတာ ရှိပါတယ်..
ဂျပန် ရဲ့ Hyogoစီရင်စုမှာ အဝတ်မပါတဲ့ အမျိုးသမီးအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ပါတယ် ဆံပင်အနက် အသက်၃၀ကျော် အရပ် ၁၅၀စင်တီမီတာ ရှိပါတယ်..
Hyogoစီရင်စု Takaradzuka-မြို့ ရဲ့ တောအုပ်ထဲမှာ အဝတ်ဗလာ အမျိုးသမီးအလောင်းကို တွေ့ရှိခဲ့ရပါတယ်.. ရဲတပ်ဖွဲ့က အမျိုးသမီးဘယ်သူဘယ်ဝါဆိုတာနဲ့ သေဆုံးရခြင်းကို စစ်ဆေးနေပါတယ်..
၅ရက်နေ့ ညနေ၃နာရီအကျော် Takaradzuka-မြို့ရဲ့ တောအုပ်မှာ လူတစ်ယောက် ပက်လက်လန် လဲနေကြောင်း ဖြတ်သွားဖြတ်လာလူတစ်ယောက်က သတင်းပေးပို့လာပါတယ်.. သွားရောက်စစ်ဆေးတဲ့အခါ သေဆုံးနေတာကို တွေ့ရှိရပါတယ်..
ဆံပင်က အနက် အသက် က ၃၀ကျော် အရပ် ၁၅၀စင်တီမီတာ ခန့်ရှိပြီး အဝတ်ဗလာ ခန္ဓာကိုယ်မှာလည်း ဘာဒဏ်ရာမှမတွေ့ရှိဘူးလို့ ဆိုပါတယ်..
ဘေးပတ်ဝန်းကျင်မှာလည်း အမျိုးသမီးရဲ့ ပစ္စည်းနဲ့အဝတ်အစားလို ရှိမလားရှာပေမဲ့ မတွေ့ပါဘူး.. ဘယ်သူဘယ်ဝါဆိုတာ စစ်ဆေးနေသလို သတ်ခံရတာလား သူ့ဘာသာသေတာလားကို ဆက်လက်စစ်ဆေးသွားမှာပါ
အခင်းဖြစ်နေရာက JR Takaradzuka- ဘူတာကနေ အနောက်ဘက်ကို မီတာ၈၀၀ခန့်အကွာ လူအသွားအလာသိပ်မရှိတဲ့ လူနေရပ်ကွက်တစ်ခုနဲ့နီးတဲ့ တောအုပ်မှာဖြစ်ပါတယ်.
[ Websiteအသုံးပြုနည်း Websiteထဲမှာ ကိုယ်မဖတ်ရသေးတဲ့ ဂျပန်သတင်းတွေကို ဖတ်ရူဖို့ ထိပ်ဆုံးက zwezwe channelဆိုတဲ့စာသားကို နှိပ်ရင် Home Pageကိုပြန်ရောက်သွားမှာပါ ပြီးရင်တော့ သတင်းတွေမှာ (Keep Reading)ကိုနှိပ်ပြီးဆက်ဖတ်ပါ !!]
Tumblr media
0 notes
zwemansoe · 3 years ago
Text
ဂျပန်မှာ နှင်းကျချက်ကတော့ ဆာပိုရိုမှာဆို ၈နှစ်အကြာမှာ နှင်းကျဆင်းမူက တစ်မီတာကျော်တဲ့ထိ ထူထပ်စွာ ကျခဲ့တာပါ
ဂျပန်မှာ နှင်းကျချက်ကတော့ ဆာပိုရိုမှာဆို ၈နှစ်အကြာမှာ နှင်းကျဆင်းမူက တစ်မီတာကျော်တဲ့ထိ ထူထပ်စွာ ကျခဲ့တာပါ
Nīgataစီရင်စု  Tsunan-chō နဲ့ Nagano စီရင်စု nozawaonsen တို့မှာလည်း ၇နှစ်အကြာမှာ နှင်းထူထပ်စွာ ကျဆင်းမူကို ကြုံတွေ့နေရပါတယ်..
Shiga စီရင်စုရှိ Maibara နှင့် Gifu စီရင်စု Sekigahara တို့မှာ  ဆီးနှင်းများ 60 စင်တီမီတာကျော်ထိ ကျဆင်းခဲ့ပါတယ်. နှင်းကျဆင်းမူက ဆက်လက်ဖြစ်ပေါ်နေပြီး အထူးသဖြင့် Nīgata စီရင်စုမှာဆို ဖယ်ရှားဖို့ ခက်ခဲတဲ့ထိ နှင်းကျဆင်းနိုင်ပြီး ဂျပန်နိုင်ငံအရှေ့ပိုင်းမှာ နှင်းထူထပ်စွာကျဆင်းနေမူကို သတိထားဖို့ လိုအပ်နေပါတယ်..
[ Websiteအသုံးပြုနည်း Websiteထဲမှာ ကိုယ်မဖတ်ရသေးတဲ့ ဂျပန်���တင်းတွေကို ဖတ်ရူဖို့ ထိပ်ဆုံးက zwezwe channelဆိုတဲ့စာသားကို နှိပ်ရင် Home Pageကိုပြန်ရောက်သွားမှာပါ ပြီးရင်တော့ သတင်းတွေမှာ (Keep Reading)ကိုနှိပ်ပြီးဆက်ဖတ်ပါ !!]
Tumblr media Tumblr media Tumblr media
0 notes
zwemansoe · 3 years ago
Text
ဂျပန်မှာလည်း ဓါးပြ ခြိမ်းခြောက်လုယက်မူတွေ ထူပေါလာပါတယ်.
ဂျပန်မှာလည်း ဓါးပြ ခြိမ်းခြောက်လုယက်မူတွေ ထူပေါလာပါတယ်.
၅ရက်နေ့ မနက်အစော gunmaစီရင်စု isezakiမြို့ရှိစတိုးဆိုင်တစ်ဆိုင်မှာ လူ၃ယောက် ကဝန်ထမ်း ကို ဓါးပြခြိမ်းခြောက်ပြီး ငွေသား ယန်း ၅သောင်းကို လုယူထွက်ပြေးသွားပါတယ်..
ရဲတပ်ဖွဲ့ထုတ်ပြန်မူအရ-မနက်၄နာရီခွဲလောက် Isezaki မြို့ရှိစတိုးဆိုင်တစ်ဆိုင်မှာ လူ၃ယောက် က ဝင်လာပြီး အချိန်ပိုင်းဝန်ထမ်း ၅၇နှစ်အရွယ်ကို မလှုပ်နဲ့ ဟုဆိုကာ ဓါးပြခြိမ်းခြောက်ပြီး ကောင်တာကနေ ငွေသား ယန်း၅သောင်းကို ယူဆောင်ကာ ထွက်ပြေးသွားပါတယ်.. အခင်းဖြစ်ချိန် ဆိုင်ထဲမှာ စျေးဝယ်ရှိမနေပါဘူး... အချိန်ပိုင်းဝန်ထမ်းမှာလည်း ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်.
ဓါးကိုင်တဲ့ သူက ဂျပန်စကားအနဲငယ်ပြောပြီး  ၃ယောက်လုံးက အနက်ရောင်ခေါင်းစွပ် လက်ရှည် နဲ့ ဘောင်းဘီအနက်ဝတ်ထားပြီး sneakerအဖြူစီးထား ကာ အဖြူရောင်Maskကိုတပ်ထားပါတယ်..
၃ယောက်လုံးက လက်ရှိ လွတ်မြောက်နေဆဲပါ.. [ Websiteအသုံးပြုနည်း Websiteထဲမှာ ကိုယ်မဖတ်ရသေးတဲ့ ဂျပန်သတင်းတွေကို ဖတ်ရူဖို့ ထိပ်ဆုံးက zwezwe channelဆိုတဲ့စာသားကို နှိပ်ရင် Home Pageကိုပြန်ရောက်သွားမှာပါ ပြီးရင်တော့ သတင်းတွေမှာ (Keep Reading)ကိုနှိပ်ပြီးဆက်ဖတ်ပါ !!]
Tumblr media
0 notes
zwemansoe · 3 years ago
Text
ဂျပန်လာရင် ဓါးအတိုအရှည် သိုင်း သင်ထားရတော့မှာလား ? သတင်းထဲထိ ပါလာတဲ့ ဓါးသမားတို့ ပျော်မွှေ့ရာ ဂျပန် တိုကျို မြို့တော်ကြီး !!
ဂျပန်လာရင် ဓါးအတိုအရှည် သိုင်း သင်ထားရတော့မှာလား ? သတင်းထဲထိ ပါလာတဲ့ ဓါးသမားတို့ ပျော်မွှေ့ရာ ဂျပန် တိုကျို မြို့တော်ကြီး !!
Tumblr media
တိုကျို မှာ လက်စွမ်းပြသောင်းကျန်းတဲ့ ဓါးသမားတွေ တစ်ဟုန်ထိုးတိုးပွားနေပါတယ်..
ဂျပန်မှာ ဓါးအသုံးပြုပြီး အကြမ်းဖက်မူတွေ တိုးပွားနေမူထဲမှာ တိုကျို မြို့တော်မှာဆို ဓါးကိုင်မူနဲ့ ဖမ်းဆီးရမူက မနှစ်ကဆို အမူ၁၀၀၀တောင်ကျော်ခဲ့ပါတယ် ၂နှစ်ဆက်တိုက် ဓါးသမားတွေ တိုးပွားနေတယ်ဆိုတဲ့သဘောဖြစ်ပါတယ်..
တိုကျို ရဲဌာနထုတ်ပြန်ချက်အရ- မနှစ်က ဓါးကိုင်မူနဲ့ ဖမ်းဆီးမူ တရားစွဲမူက အမူပေါင်း ၁၁၂၇မူ ထိ ရှိခဲ့ပါတယ်..
လွန်ခဲ့တဲ့၂နှစ်ကထက် ၁၄၇မူ ပိုများတာကြောင့် ၂နှစ်ဆက်တိုက် ဓါးသမားတွေ တိုးပွားနေတာပါ.. ခုလို အမူတစ်ထောင်ကျော်ရတာကလည်း ၃နှစ်အကြာမှာ တစ်ဖန်ပြန်ဖြစ်ပေါ်တာပါ. သေနတ်နှင့်ဓားဥပဒေမှာ အကြောင်းမရှိပဲ ဓါးကို ၆စင်တီမီတာနဲ့အထက် ရှည်တဲ့ဓါးမကိုင်ရ လို့တားမြစ်ထားပါတယ်.
ဒီအမူမှာ ကားထဲ ကို ဓါးထည့်ထားရင်လည်း ညှိနိုင်တာမို့ ရဲ က ကြိုတင်သတိပေးထားပါတယ်.. ဖြစ်ပြီးမှ မသိလို့ပါ လုပ်လို့မရဘူး...
[ Websiteအသုံးပြုနည်း Websiteထဲမှာ ကိုယ်မဖတ်ရသေးတဲ့ ဂျပန်သတင်းတွေကို ဖတ်ရူဖို့ ထိပ်ဆုံးက zwezwe channelဆိုတဲ့စာသားကို နှိပ်ရင် Home Pageကိုပြန်ရောက်သွားမှာပါ ပြီးရင်တော့ သတင်းတွေမှာ (Keep Reading)ကိုနှိပ်ပြီးဆက်ဖတ်ပါ !!]
0 notes
zwemansoe · 3 years ago
Text
ထောင်ကျလို့ စိတ်ပျက်သွားတဲ့ ဂျပန်လူသတ်သမား... !! သေဒဏ်ပေးရင် ဝမ်းသာလုံးဆို့မှာ လို့ တရားခွင်မှာ ပြောဆိုခဲ့
ထောင်ကျလို့ စိတ်ပျက်သွားတဲ့ ဂျပန်လူသတ်သမား... !! သေဒဏ်ပေးရင် ဝမ်းသာလုံးဆို့မှာ လို့ တရားခွင်မှာ ပြောဆိုခဲ့
yamatoသယ်ယူပို့ဆောင်ရေးရဲ့ အချိန်ပိုင်းဝန်ထမ်း ရဲ့ လူသတ်မူ...
လွန်ခဲ့တဲ့ ၂နှစ်က ခိုဘေးမြို့ ရှိ Yamato သယ်ယူပို့ဆောင်ရေး စင်���ာမှာ ဝန်ထမ်း ၂ဦး ကိုသတ်ဖြတ်ခဲ့ တဲ့ အမျိုးသားကို တရားစီရင်မူပြုလုပ်ခဲ့ပါတယ်.. ခိုဘေးတရားရုံးက တရားခံကို ထောင်ဒဏ် ၂၇နှစ် ကျခံစေလို့ တရားစီရင်လိုက်ပါတယ်.. Kakei ဆိုတဲ့ ၄၇နှစ်အရွယ် တရားခံက လွန်ခဲ့တဲ့ ၂နှစ် ၁၀လပိုင်း Kōbeမြို့ kitakuမှာရှိတဲ့ Yamato သယ်ယူပို့ဆောင်ရေး စင်တာမှာ ဝန်ထမ်း Hirono ၄၇နှစ်ရဲ့ ရင်ဘတ်ကို ဓါးနဲ့ထိုး  ဝန်ထမ်းအမျိုးသားတစ်ဦးကိုလည်း ဒဏ်ရာရစေခဲ့တယ်လို့ သိရှိရပါတယ်.
တရားရုံးက - အပြစ်မရှိတဲ့ သားကောင်ကို ဓါးနဲ့ ရက်ရက်စက်စက် ၁၇ချက်တောင် မသေမှာစိုးလို့ ထိုး ရက်စက်ကြမ်းကြုတ်တဲ့လူသတ်မူဖြစ်ပြီး ကြိုတင်ကြံစည်သတ်ဖြတ်မူဖြစ်ကြောင်း  အလုပ်မှထွက်ချိန်မှာလည်း ကုမ္ပဏီဘက်ကို မမှန်မကန်လုပ်ခဲ့တာရှိတယ်ဆိုပြီး ၂၇နှစ်ချလိုက်တာပါ
တရားခံ Kakei  က တရားရုံးမှာ  ခုလို ပြောဆိုလိုက်တာက-သေဒဏ်ချလိုက်ရင် ဝမ်းသာမိမှာ ဝမ်းသာပြီး သေချင်တယ် လို့  ပြန်ပြောဆို ခဲ့ပါတယ်. တရားခံ Kakei   က တစ်ချိန်က  yamatoရဲ့ အချိန်ပိုင်းဝန်ထမ်းဖြစ်ခဲ့ပါတယ်.
yamatoဆိုတာ တစ်ချိန်က အလုပ်သမားတွေကို ရိုက်နှက်နှိပ်စက်တဲ့ ဗီဒီယို လူမူကွန်ရက်ပေါ်တက်လာတုန်းက ပြသခဲ့ဖူးပါတယ်(လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်လောက်ကထင်တယ် အဲ့တုန်းကလည်း ခိုဘေးမြို့လို့ ထင်မိတယ် နှစ်ကြာတော့ မမှတ်မိတော့  pageကအရင်က postတွေလည်းဖျက်လိုက်တော့)
[ Websiteအသုံးပြုနည်း Websiteထဲမှာ ကိုယ်မဖတ်ရသေးတဲ့ ဂျပန်သတင်းတွေကို ဖတ်ရူဖို့ ထိပ်ဆုံးက zwezwe channelဆိုတဲ့စာသားကို နှိပ်ရင် Home Pageကိုပြန်ရောက်သွားမှာပါ ပြီးရင်တော့ သတင်းတွေမှာ (Keep Reading)ကိုနှိပ်ပြီးဆက်ဖတ်ပါ !!]
Tumblr media Tumblr media
0 notes
zwemansoe · 3 years ago
Text
တိုကျိုမှာ ကိုဗစ်ကူးတာ ဘယ်လောက်တောင်ကူးလို့လဲကွာ? သိပ်မများပါဘူး တိုကျို မှာ လူ၁၀၀ ကိုဗစ် စစ်ရင် တစ်ယောက်ပဲ ရှိနေတာပါ... -_-
တိုကျိုမှာ ကိုဗစ်ကူးတာ ဘယ်လောက်တောင်ကူးလို့လဲကွာ? သိပ်မများပါဘူး တိုကျို မှာ လူ၁၀၀ ကိုဗစ် စစ်ရင် တစ်ယောက်ပဲ ရှိနေတာပါ... -_-
တစ်ရက်ကို တိုကျို တစ်နေရာတည်းကတင် အယောက်တစ်သောင်းကျော် ကူးနေတာမျိုး..
တိုကျို အုပ်ချုပ်ရေးမူး koike မှ- ကူးစက်မူဟာ ဆက်လက်ပြန့်ပွားနေဆဲပါ ဒီလိုကူးစက်မူက ဆက်ရှိနေမယ်ဆိုရင် လူတွေ ရဲ့ ဘ၀နေထိုင်မူကို ကြီးမားတဲ့ သက်ရောက်မူတွေ ရှိစေမဲ့ အန္တာရာယ်ကြီး ရှိနေပါတယ်..
တိုကျိုမှာလည်း ဆေးရုံကုတင် သုံးစွဲရမူ ၅၀%ကျော်ရင် အရေးပေါ်ကြေညာဖို့ လုပ်မယ်ဆိုတာမှာ လက်ရှိအချိန်မှာ ဆေးရုံကုတင်က ၅၀%ကိုကျော်သွားပါပြီ.. တိုကျိုမှာ လူ ၁၀၀ ရှိရင် တစ်ယောက်မှာ ကိုဗစ်ရှိနေတယ်ဆိုတဲ့ သဘောထိ ကူးစက်မူက လျင်မြန်စွာ ပြန့်နှံနေတာပါ..
[ Websiteအသုံးပြုနည်း Websiteထဲမှာ ကိုယ်မဖတ်ရသေးတဲ့ ဂျပန်သတင်းတွေကို ဖတ်ရူဖို့ ထိပ်ဆုံးက zwezwe channelဆိုတဲ့စာသားကို နှိပ်ရင် Home Pageကိုပြန်ရောက်သွားမှာပါ ပြီးရင်တော့ သတင်းတွေမှာ (Keep Reading)ကိုနှိပ်ပြီးဆက်ဖတ်ပါ !!]
Tumblr media
0 notes
zwemansoe · 3 years ago
Text
ဂျပန်တွေ အာလူးကြော် တ၀စားလို့ရပြီ... McDonald's Japan မှာ မနက်ဖြန် ၇ရက်နေ့ကစပြီး McDonald's potatoes ရဲ့ M sizeနဲ့ L sizeကို ပြန်ရောင်းချပြီလို့ ကြေညာထားတာ သတိထားမိရဲ့လား...
ဂျပန်တွေ အာလူးကြော် တ၀စားလို့ရပြီ... McDonald's Japan မှာ မနက်ဖြန် ၇ရက်နေ့ကစပြီး McDonald's potatoes ရဲ့ M sizeနဲ့ L sizeကို ပြန်ရောင်းချပြီလို့ ကြေညာထားတာ သတိထားမိရဲ့လား...
အရင်က ခဏတာ ရပ်နားထားခဲ့ရတာဖြစ်ပါတယ်.
McDonald's Japan က ပြီးခဲ့တဲ့လ ၉ရက်နေ့ကစပြီး S sizeကိုသာရောင်းချရတော့တဲ့ဘ၀ကနေ ဒီလ၇ရက်နေ့ မနက် ၁၀နာရီခွဲမှာတော့  M sizeနဲ့ L Sizeကို တစ်ဖန်ပြန်ရောင်းချနိုင်ပြီလို့ ကြေညာလိုက်ပါတယ်.
အာလူးကုန်ကြမ်းကလည်းလုံလောက် အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းကနေလည်း အာလူးကို ဂျပန်ထဲ တင်သွင်းလာတာမို့ ခုလို ပြန်ရောင်းချနိုင်တာလို့ သိရပါတယ်.
S sizeနဲ့ရောင်းခဲ့ရတဲ့ ဘ၀ကို ရောက်ခဲ့ရတာက ကိုဗစ်ကြောင့် ဖြန့်ဖြူးရေးမှာ ကြန့်ကြာနေမူ အာလူးတင်သွင်းမဲ့ ကနေဒါနိုင်ငံ ဗန်ကူးဗားဆိပ်ကမ်းမှာ ရေကြီးမူကနေ ခဏတာ အာလူးပြတ်တောက်ပြီး ချွေတာရောင်းရတဲ့ဘ၀ရောက်ခဲ့တာဖြစ်ပါတယ်..
[ Websiteအသုံးပြုနည်း Websiteထဲမှာ ကိုယ်မဖတ်ရသေးတဲ့ ဂျပန်သတင်းတွေကို ဖတ်ရူဖို့ ထိပ်ဆုံးက zwezwe channelဆိုတဲ့စာသားကို နှိပ်ရင် Home Pageကိုပြန်ရောက်သွားမှာပါ ပြီးရင်တော့ သတင်းတွေမှာ (Keep Reading)ကိုနှိပ်ပြီးဆက်ဖတ်ပါ !!]
Tumblr media
0 notes
zwemansoe · 3 years ago
Text
ဂျပန်နေ မြန်မာတွေ သိသင့်တဲ့ မြေပြင်အခြေအနေ... ဂျပန် က ဆေးရုံ ဖုန်းအကြိမ် ၁၀၀ဆက်တောင်အဖက်မလုပ်နိုင်တော့တဲ့အထိ ဖြစ်သွားပြီလား...?
ဂျပန်နေ မြန်မာတွေ သိသင့်တဲ့ မြေပြင်အခြေအနေ... ဂျပန် က ဆေးရုံ ဖုန်းအကြိမ် ၁၀၀ဆက်တောင်အဖက်မလုပ်နိုင်တော့တဲ့အထိ ဖြစ်သွားပြီလား...?
ဝမ်းနည်းစွာ ရင်ဖွင့်လာတဲ့ ပြည်သူစကား..
၃ရက်နေ့က ဂျပန်တစ်နိုင်ငံလုံးတစ်ရက်တာကူးစက်မူကတင် တစ်သိန်းကျော်ထိ စံချိန်တင်ကူးစက်ခဲ့ပါတယ်.ဒီလိုအချိန်ကာလမှာ အိမ်မှာတင်ဆေးကုသနေတဲ့ ကိုဗစ်လူနာမှ အကြိမ် ၁၀၀ ဖုန်းဆက်လည်း ခေါ်လို့ မရကြောင်း ဝမ်းနဲစွာ ပြောဆိုလာပါတယ်.
ဒီလူက အိမ်မှာဆေးကုသနေတာ ၄ရက်မြောက်ဖြစ်ပြီး ရောဂါမသက်သာသေးကြောင်းပြောပါတယ်..
သူက Chibaပြည်နယ် Urayasuမြို့မှာနေထိုင်တဲ့ ၃၀အရွယ် အမျိုးသားတစ်ယောက်ပါ..
အစပထမ ရောဂါကူးစက်ခံရထားလားမရလားကို မသိနိုင်လို့ လက်ရှိအနေအထားကို သိရှိနိုင်ဖို့ လုပ်ခဲ့တယ်
ဖုန်းဆက်ခဲ့တယ် ဆက်လို့မရဘူး ဆက်လို့မရဘူး ဒါတွေပဲ ထပ်နေတယ် စိတ်ပျက်စရာပဲလို့ သူကဝမ်းနည်းဖွယ်ပြောပါတယ်..
ပြီးခဲ့တဲ့လ ၃၀��က်နေ့က အဖျား၃၇.၈ နဲ့ လည်ချောင်းနာ အိပ်မရအောင်ထိ ဖြစ်ခဲ့ပါတယ်.
Urayasuမြို့မှာ အဖျားလူနာတွေကို ကုတဲ့ ဆေးရုံ ၁၀ရုံလောက်ရှိတယ် ဆေးရုံ၁၀ရုံလုံး ဖုန်းဆက်တယ် လမ်းလျှောက်သွားလို့ရတဲ့နေရာမှာလည်း ဆေးရုံရှိတယ် အကြိမ်၁၀၀လောက်ဖုန်းဆက်ခေါ်တယ် မရဘူး
နောက်ဆုံးကျ ဖုန်းနဲ့စာရင်းသွင်းဖို့ကို လက်လျော့ပြီး လူကိုယ်တိုင်က ပဲ ဆေးရုံသွား PCRစမ်းသပ်မူလုပ်ရတော့တယ် 
(တစ်ကယ်က သူက ဆေးရု့ံနဲ့နီးတယ် ဒါမဲ့ သူက ကိုဗစ်ရှိရင် သူများကို ကူးမှာစိုးလို့ အိမ်ကနေပဲဖုန်းဆက်နေတာ ခုကျ ကူးလည်းမတက်နိုင်ဘူးဖြစ်သွားတာပေါ့)
အဲ့ဒီနောက် ကိုဗစ်ရှိမှန်းသိတယ် အိမ်မှာဆေးကုသတယ် ကုသမူက ၁၀ရက်ကြာကုသရမယ်ဆိုတယ် ဆေးကျ ၅ရက်စာပဲပေးတယ် ဆိုတော့ ဆေးကပြတ်တော့မယ် ၄ရက်မြောက်ရှိပြီဆိုတော့ ။အဖြေရပြီး နောက်ရက် ဆေးရုံကိုဆက်သွယ်တုန်းကလည်း ဆက်သွယ်လို့မရပြန်ဘူး ဘာလို့ဆို ဆေးရုံအုပ်ကိုယ်တိုင်က ကိုဗစ်ဖြစ်သွားလို့ပဲ (သူ့ဆီကလာတော့တော့ မသိ အေးလေ သူကဖုန်းဆက်ခေါ်တာ လာမှမလာတာ ကိုယ်တိုင်သွားတော့ ကူးလည်း ခံပေါ့)
 လူနာတွေက ကျန်းမာရေးဌာနကိုဆက်သွယ်ပြီး ညွန်ကြားချက်တွေ တောင်းခံနိုင်ဖို့ ဖြစ်သင့်တယ် ဒါမဲ့ ကျန်းမာရေးဌာနကို ဖုန်းခေါ်လို့မရမှာ စိုးတယ် ဖုန်းခေါ်လို့လည်းမရခဲ့ဘူးလေ ခုတစ်ယောက်တည်းနေနေရတာ ဘေးနားမှာ ချက်ချင်းကူမဲ့ကယ်မဲ့လူမရှိဘူး အထီးကျန်နေကြောင်း ဝမ်းနည်းစွာ ပြောဆိုရင်ဖွင့်လာပါတယ်..