tintun35
Tin Tun
19 posts
မင်္ဂလာပါ
Don't wanna be here? Send us removal request.
tintun35 · 2 years ago
Text
Tumblr media
119 notes · View notes
tintun35 · 2 years ago
Photo
Tumblr media
Marilyn Monroe during the filming of “The Prince and The Showgirl” (1957).
1K notes · View notes
tintun35 · 2 years ago
Text
Holy Bible 🍁
လိုင်ဇာပေါ်ထိ ဖိုက်တာတွေဝဲတယ် ကြားတယ်။ ကျေနပ်အားရဝမ်းသာပီတိ ဖြစ်မိရပါတယ်။ ဆက် လုပ်ပါ။ အောင်မြင်မှာပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က အစိုးရဘက်မှာပါ။
အကြောင်းက -
Roman 13:1
Let everyone be subjected to the governing authorities, for there is no authority except that which God has established. The authorities that exist have been established by God.
(ဘုရားသခင် မဖန်ဆင်းသော အစိုးရဟူသည် မရှိသောကြောင့် လူတိုင်းသည် အုပ်စိုးသူ အစိုးရများကို ကျိုးနွံကြကုန်လော့။ တည်ရှိသမျှသော အစိုးရတို့သည် ဘုရားသခင် ဖန်ဆင်းတော်မူသည်ချည်းသာ ဖြစ်သည်)
ဒါက အစိုးရနဲ့ စပ်လျဉ်းတဲ့ ဘုရားသခင်ရဲ့ သဘောထား။ ကေအိုင်အေတွေ ကေအိုင်အိုတွေက ဘုရားသခင်ကို ပုန်ကန်တဲ့အပြစ် ကျူးလွန်နေတာ။ Romans 13: 1-2 မှာဆိုရင် သူတို့ကြုံရမယ့် Judgement ကိုပါ သတိပေးထားပြီးသားပါ။
နောက်တစ်ခု... ဘုရားသခင်က ဘာဆက်ပြောထားသေးလဲ ဆိုတော့ကာ..
Luke 10: 19 -
I have given you the authority over all the power of the enemy.
လုကာကျမ်းရဲ့ အလိုအရဆိုရင် ဘုရားသခင်က ခန့်အပ်ထားသူတွေဆီမှာ ရန်သူအားလုံးအပေါ် လွှမ်းမိုးခွင့် ရှိပြီးသားပါ။ ရန်သူဖြစ်တဲ့ ကေအိုင်အေတွေအပေါ် လွှမ်းမိုးခွင့်ရှိပါလျှက် ဘာဖြစ်လို့ လိုင်ဇာနားရောက်မှ လှည့်ပြန်ရမှာပါလဲ။ ဘုရားသခင် အားမလိုအားမရ ဖြစ်တော်မူလိမ့်မယ်။
ဒါဖြင့် အနှီ ရန်သူတွေအပေါ် သမ္မာကျမ်းစာအရ ဘယ်လိုတိုက်ခိုက်သင့်သလဲဆိုတော့ကာ -
2 Samuel 22:38
I pursued my enemies and crushed them: I did not turn back till they were destroyed.
ကျွန်ုပ်ရဲ့ ရန်သူတွေနောက်ကို ထပ်ချပ်မကွာလိုက်ပြီး ချေမှုန်းခဲ့ပါတယ်။ သူတို့တွေ မပျက်မစီးမချင်း ကျွန်ုပ် ပြန်မလှည့်ခဲ့ပါဘူး။
ဒီတော့ကာ... အစိုးရအနေနဲ့ ဘယ်လိုဆက်လုပ်မယ်လို့ တွေးထားပါသလဲ။ ကေအိုင်အေ/ ကေအိုင်အို သူပုန်တွေသာ (ယုံကြည်မှုအရ) သမ္မာကျမ်းစာ ဖတ်ကြရင် အစိုးရက ဘာဆက်လုပ်မယ်ဆိုတာ မြင်မှာပဲ။ ဒီလိုမြင်လို့လည်း ကေအိုင်အေ ဌာနချုပ်က ရန်ကုန်မှာဖြစ်လာလိမ့်မယ် - လို့ ပြောရဲတာဖြစ်မှာပါ။ သမ္မာကျမ်းစာလာ ကျမ်းချက်တွေအရ တုန့်ပြန်တော့ သူတို့တွေ အရမ်းကို ကျေနပ်အားရ ဝမ်းသာပီတိဖြစ်ပြီး ကြည်နူးကြလိမ့်မယ်လို့ ယူဆရပါတယ်။
တကယ်တမ်း ဂုဏ်သိက္ခာရှိတဲ့ ကာဒီနယ်လ်တွေက အစိုးရနဲ့ ပူးပေါင်းပါတယ်။ ဆုတောင်းပွဲတွေ၊ ခရစ္စမတ်ပွဲတွေ အတူကျင်းပတယ်။ နိုင်ငံအေးချမ်းဖို့ ဆုတောင်းပေးကြတယ်။ ဘာလို့လဲ။ သူတို့ရဲ့ လမ်းညွှန်ချက်တွေကို သူတို့ အတိအကျ နားလည်ပြီး လိုက်နာကြလို့ပဲ။ သူပုန်တွေသာ မနိုင်တဲ့ပွဲကို အရှုံးခံမိုက်ပြီး ဆက်တိုက်နေကြတာ။
EAO တွေရှိတာကို အပြစ်မဆိုသာဘူး။ သူတို့လူမျိုး ကောင်းကျိုးအတွက်လို့ ယူဆရင် သူတို့ဖွဲ့ကြမှာပဲ။ သို့သော် သူတို့လုပ်နေတာသည် အမှန်တကယ်ပဲ ကိုယ့်ဒေသ ကိုယ့်လူမျိုးအကျိုးအတွက် ဟုတ်ရဲ့လား။ ကိုယ့်ဒေသကိုယ် မီးတိုက်ပြီး ကိုယ့်လူမျိုးကိုယ် သေတွင်းပို့နေတာလား ဆိုတာလေး ပြန်ဆန်းစစ်ဖို့လိုမယ်။
အစိုးရကို ပုန်ကန်ပြီး နိုင်ငံရေးမတည်ငြိမ်တာကို အမြတ်ထုတ်ဖို့ကြိုးစားရင်တော့ တန်ရာ တန်ရာပါပဲ။ နိုင်ငံမှာ သူပုန်တွေရော အကြမ်းဖက်တွေပါ တစ်ဖွဲ့ပြီးတစ်ဖွဲ့တိုးလာတယ်။ အဲဒီအဖွဲ့တွေကို ကေအိုင်အေက လေ့ကျင့် လက်နက်တပ်ဆင်ပြီး စစ်ကိုင်းကိုပါ မီးတိုက်ပစ်တယ်။ စီအိုင်အေနဲ့ပေါင်းပြီး မွှေတယ်။ ဒီတော့ ဘာလို့ဆက်ထားနေမှာလဲ။
သမ္မာကျမ်းစာအလိုအရ ဘုရားသခင်သာ အလိုတော်ရှိရင် အစကတည်းက ကချင်နိုင်ငံဖြစ်နေတာ ကြာပြီ။ စစ်တိုက်စရာတောင်မလိုဘူး။ အခုလို အလိုတော်ကို ဆန့်ကျင်ကြိုးပမ်းနေရင်တော့...
Samuel 22:38 ကို ပြန်ဖတ်ပါ။ ကိုယ့်အပြစ်ကိုယ် ပြန်သုံးသပ်ပါ။ ငြိမ်းချမ်းစွာ အိပ်ပျော်နိုင်ကြပါစေ။
Loving God means doing what He tell us to do.
(1 John 5:3 TLB)
ဘုရားသခင်ရဲ့ ကောင်းချီးကိုလိုချင်ရင်တော့ သူ့ ညွှန်ကြားချက်အတိုင်း အမြန်သာ လိုက်နာကြပေတော့။
If you want the blessings of God, quickly follow his instructions.
Amen.
သန့်နေစိုး (30. Oct. 2022)
*
*
*
Tumblr media Tumblr media Tumblr media
0 notes
tintun35 · 2 years ago
Photo
Tumblr media
Marilyn Monroe in a promotional photoshoot for “How To Marry a Millionaire” (1953)
2K notes · View notes
tintun35 · 3 years ago
Text
Sardar Udham Singh: The Man Who Avenged the Jallianwala Bagh Massacre
0 notes
tintun35 · 3 years ago
Photo
Tumblr media Tumblr media Tumblr media Tumblr media Tumblr media Tumblr media Tumblr media Tumblr media Tumblr media
if you save, please, give your like ♡
95 notes · View notes
tintun35 · 4 years ago
Text
အချိန်သည် အရာအားလုံးတို့အား ဖန်တီး​ပေး၏။
အချိန်သည် အရာအားလုံးတို့အား ဖျက်ဆီးပစ်၏။
အချိန်သည် သက်ရှိအားလုံးတို့အား ​လောက်မြိုက်ခြင်းပြု၏။
အချိန်ကပင်လျင် ထိုမီးအား ငြိမ်းသတ်​ပေးခြင်းပြူ၏။
Tumblr media
0 notes
tintun35 · 4 years ago
Text
Counterinsurgency 🍁
COIN - Counterinsurgency ဆိုတဲ့ သူပုန်ထမှုတန်ပြန်တိုက်ဖျက်ရေး ဆိုတာ ဒီတစ်ညနေလုံး ကျွန်တော် တွေးနေမိတဲ့ကိစ္စပဲ။ ကြားနေရတဲ့သတင်းတွေအရတော့ ရန်ကုန်မြို့ကြီးဟာ ဗုံးတွေ တဝုန်းဝုန်းကွဲပြီး စီးပွားရေးတွေ ရပ်ဆိုင်းလို့ အရပ်သားတွေ ငတ်ကုန်တော့မယ့်ကိန်းဆိုက်နေတယ်။ အဓိပ္ပါယ်မဲ့ သပိတ်ပေါင်းစုံကြောင့် စီးပွားရေးတွေရပ်ကုန်တော့ လူတွေက ငွေရှာလာကြတယ်။ ဒီနေရာမှာ ငွေရဖို့ ငွေယူဗုံးခွဲတဲ့အမှုတွေ တိုးလာတော့တယ်။
ဆိုလိုတာက စား၀တ်နေရေးအတွက် ဗုံးခွဲပေးတာကလွဲလို့ လုပ်စားစရာမရှိအောင် ဖိနှိပ်တာပဲ။ ဒီနေရာမှာ မေးစရာက ဘာလို့ ရန်ကုန်လိုမြို့ကြီးက တခြားမြို့တွေထက် ဗုံးပိုကွဲနေရတာလဲဆိုတော့ အကြမ်းဖက် NUG ဟာ မြို့ပြသူပုန်ထခြင်းနည်း (Urban Insurgency) ကို သုံးနေတာမို့ပဲ။
The Efficacy of Urban Insurgency in Modern Era - ဆိုတဲ့ စစ်ဖက်ဆိုင်ရာ မဟာဘွဲ့အတွက် တင်သွင်းတဲ့စာတမ်းမှာ ယခု အကြမ်းဖက် NUG/PDF တွေ သုံးနေတဲ့နည်းလမ်းမျိုးတွေကို ဖော်ပြထားတာ တွေ့ရပါတယ်။
ဒီနေ့ခေတ်လို ရွှေ့ပြောင်းလုပ်��ားတွေ တိုးလာတဲ့ခေတ်မှာ မြို့ပြအခြေပြုသူပုန်ထနည်းဟာ အသုံးများတဲ့အရာတစ်ခုဖြစ်လာတယ်။ ကျေးလက်တောရွာတွေက ဆင်းရဲတဲ့လုပ်သားတွေဟာ မြို့ပြကို အုံနဲ့ကျင်းနဲ့ပြောင်းရွှေ့လာကြရာက မြို့ပေါ်မှာ ဧရာမ ဆင်းရဲသားရပ်ကွက်ကြီးတွေဖြစ်လာတယ်။ အဲဒီ ဆင်းရဲသားရပ်ကွက်ကြီးတွေနဲ့ ပျံကျလုပ်သားတွေဟာ Urban Insurgency အတွက် အသုံးအ၀င်ဆုံးရင်းမြစ်တွေဖြစ်တယ်။ ရန်ကုန်လည်း ဒီသဘော အကျုံး၀င်တယ်။
အကြမ်းဖက် NUG တွေဟာ PDF ကို ထပ်ဆင့်ဖွဲ့စည်းပြီး အရပ်ဖက်ပစ်မှတ်တွေနဲ့ အစိုးရရုံးတွေကို တိုက်ခိုက်ဖို့လုပ်တယ်။ သူတို့သုံးတဲ့ဗျူဟာက အနည်းဆုံးသုံးမျိုးရှိတယ်။
The Strategy of Protractive Popular War 🍁
ပထမနည်းလမ်းဖြစ်တဲ့ Protractive Popular War ဗျူဟာရဲ့ ရည်ရွယ်ချက်ကတော့ အစိုးရကို စစ်ပန်းပြီး သူတို့သူပုန်ထတာကို ရေရှည်မနှိမ်နင်းနိုင်တော့အောင် လုပ်တာပါ။ အသုံးအများဆုံးနည်းလမ်းလည်းဖြစ်တယ်။ လူထုရဲ့ဂရုဏာကိုချူယူပြီး လှုံ့ဆော်တယ်။ အဲဒီလိုဖြစ်ဖို့လည်း အချိန်ယူပြီး အဖွဲ့အစည်းတွေနဲ့ စနစ်တကျလုပ်ကြရတာပါ။ လူများများသေလေ၊ မျက်ရည်ချူလို့ရလေဆိုပြီး Threat အနည်းဆုံး မိန်းကလေးတွေ သေကုန်တာမျိုးဖြစ်ပါတယ်။ သွေးအေးပြီလို့ထင်ရင် ထ အကြမ်းဖက်တယ်။ ထပ်သေပါတယ်။
ယခုဗျူဟာမှာ အဆင့်သုံးဆင့်ပါ၀င်တယ်။
ပထမအဆင့်က - လူထုရဲ့ထောက်ခံမှုယူတာ၊ ကြာရှည်ရအောင် ထိန်းထားတာ၊ Shadow Government လို အရိပ်အစိုးရတွေ ထဖွဲ့တာ၊ ခြေကုပ်စခန်းယူတာ၊ ဗော်လံတီယာတပ်သားတွေ စုဆောင်းတာ၊ အစိုးရကို ဆန့်ကျင်ဝါဒဖြန့်ပြီးတော့ အကြမ်းဖက်တာတွေ ပါ၀င်တယ်။ ပထမအဆင့်က CRPH - NUG - PDF အစဉ်လိုက်ဖွဲ့စည်းပြီး အကြမ်းဖက်နေတာနဲ့ တစ်ထပ်တည်းပဲ။
ဒုတိယအဆင့်က ဘာဖြစ်လာမလဲ။ ဒုတိယအဆင့်က Strategic Stalemate ဆိုတဲ့ ထိပ်တိုက်တွေ့တာ။ တနည်း Gorilla Warfare ပေါ့။ လူတွေကို အစိုးရနဲ့ အထိအတွေ့မလုပ်နိုင်တော့အောင် ကန့်သတ်တယ်။ လွတ်မြောက်နယ်မြေတွေကြေညာတယ်။ အစက ကြိုကြားတိုက်ခိုက်နေရာကနေ အချိန်ပြည့်စစ်ဆင်ဖို့ လူသူလက်နက်စုဆောင်းပါတယ်။ ပရော်ဖက်ရှင်နယ်ကျကျ တိုက်ခိုက်ဖို့ထိ ဖွဲ့စည်းတယ်။ အခု အပတ်စဉ် (၁) သင်တန်းဆင်းပြီဆိုတဲ့ အကြမ်းဖက်တွေဟာ ဒီသဘောပါပဲ။
တတိယအဆင့်ကတော့ ရန်သူကိုအပြီးသတ်ဖြိုလှဲဖို့ ဆုံးဖြတ်ချက်ချတဲ့ အဆင့်ပေါ့။ ကျွန်တော်ရေးပြတဲ့ သုံးဆင့်ဟာ အဆင့်မျှသာဖြစ်ပြီး သက်ဆိုင်ရာ အစိုးရသာ စွမ်းဆောင်ရည်မြင့်ရင် သူပုန်တွေဟာ ဘယ်အဆင့်မှာမဆို ဖြိုခွဲခံရမှာသာဖြစ်တယ်။ ဒီနေရာမှာ သူပုန်ခေါင်းဆောင်တွေဟာ ဘယ်အဆင့်ကနေ ဘယ်အဆင့်ကို ဘယ်အချိန်မှာရွှေ့မယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်အမှားတွေချတတ်ကြတယ်။ ဒါကို အခွင့်ကောင်းယူ ချေမှုန်းပစ်လို့ရတယ်။
ကျွန်တော်တွေ့ရသလောက် အကြမ်းဖက် NUG ဟာ
Military Focus Strategy ဆိုတဲ့ အစိုးရရဲ့ရင်းမြစ်နဲ့ ၀န်ထမ်းတွေကို သတ်ဖြတ်ဖယ်ရှားတဲ့နည်းနဲ့ Urban Warfare Strategy ဆိုတဲ့ လူထုအမြင်မှာ အားနည်းတဲ့အစိုးရလို့မြင်အောင် အကြမ်းဖက်တိုက်ခိုက်ပြတာ၊ လူထုကြားမှာ တည်ဆဲအစိုးရကိုတောင် တရားမ၀င်သလိုဖြစ်အောင် လုပ်ပြတာတွေပါ၀င်တယ်။
ဒီတော့ အကြမ်းဖက် NUG တွေရဲ့ လုပ်ရပ်တွေဟာ မြို့ပြအခြေပြုသူပုန်ထတဲ့ဗျူဟာ အနည်းဆုံး သုံးမျိုးပေါင်းနေပါတယ်။ ထိန်းချုပ်နေတဲ့လူတွေဟာ အဆင့်အလိုက် လှုပ်ရှားနေကြတာပါ။
ဒီသူပုန်ထမှုမျိုးကို ထိန်းချုပ်ဖို့ဆိုရင် -
- အစိုးရဟာ သတင်းအချက်အလက်နည်းပညာမှာ သူပုန်တွေအပေါ် အသာစီးရဖို့လိုပါတယ်။ သူပုန်တွေဟာ ဘယ်နည်းပညာတွေကိုသုံးပြီး သတင်းဖလှယ်နေကြသလဲ။ ဝါဒဖြန့်နေကြသလဲ။ ဒါကို ဖြတ်ပစ်ရမယ်။
- မြို့ပြလူထုကို အခြေပြုတာမို့ အစိုးရဟာ လူထုနဲ့ ပိုမိုဆက်သွယ်နိုင်ဖို့လိုတယ်။ အကြမ်းဖက်တွေဟာ လူထုထောက်ခံမှုရဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်‌တွေရဲ့ တိုက်ခိုက်မှုကို လက်ညှိုးထိုးတယ်။ အစိုးရက "ဘာကြောင့်ဒီလိုလုပ်ရပါတယ်" ဆိုတဲ့ အကြောင်းပြချက်ကို ပိုမိုသိသာအောင်ပြဖို့လိုတယ်။
- ထောက်လှမ်းရေးစနစ်တွေကို မြို့ပြမှာ အဆင့်လိုက်ဖွဲ့စည်းပြီး အချိန်နဲ့တပြေးညီ သတင်းတွေ ရနေမှသာ တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်မှာမို့ ထောက်လှမ်းရေးအားကောင်းဖို့လိုပါတယ်။
- မြို့ပြအခြေပြု သူပုန်ထခြင်းဟာ '‌ဒေသခံ/ မြို့ခံများရဲ့ထောက်ခံမှု' ကို အခြေပြုတာမို့ ဒီသူပုန်ထခြင်းဟာ လူထုကို ဘယ်လိုထိခိုက်စေကြောင်း ကျယ်ကျယ်ပြန့်ပြန့်ပြောရပါမယ်။ လိုအပ်ရင် ကမ်ပိန်းလုပ်ရမယ်။ ဥပမာ - ဈေးတွေ ကျောင်းတွေပိတ်တော့ ဘယ်သူနစ်နာသလဲ။ ဒေသခံတွေပဲနစ်နာတယ်။ ပြောတော့ PDF တဲ့။ ဘယ်သူ့မှမကာကွယ်ဘဲ အကြမ်းဖက်ပြီး စစ်မြှူနေတယ် - ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့်ချပြရပါတယ်။
- နောက်ဆုံးတစ်ချက် - အရေးကြီးဆုံးတစ်ချက်က အစိုးရနဲ့ သူပုန်တို့ရဲ့ မြို့ပြအခြေပြု အားစမ်းပွဲမှာ အစိုးရအနေနဲ့ မြို့ပြလူထုကို ကန့်သတ်မှုအနည်းဆုံးနဲ့ သူပုန်တွေကိုအချိန်အတိုဆုံးစစ်ဆင်နိုင်ရင် အနိုင်ရမှာဖြစ်ပါတယ်။
ဒီတော့ အဓိကပြောချင်တာက CRPH, NUG, PDF တွေက အ ပါတယ်။ သို့သော် ငတုံးတွေဟာ ရှေ့က ရုပ်ပြမျှသာဖြစ်ပြီး ကြိုးဆွဲသူတွေက ဗျူဟာမြောက်ပါတယ်။ NLD ပြုတ်မှဖြစ်လာတာထက် စိမ့်၀င်ဖွဲ့စည်းထားတာ ကြာပြီလို့ သုံးသပ်ရတယ်။ အချိန်တိုအတွင်း အမြစ်ဖြတ်နိုင်လေ၊ အနိုင်ရလေပဲမို့ လိုအပ်သလို ဗျူဟာချပါလို့ တောင်းဆိုလိုက်ပါတယ်။
လက်နက်မဲ့ အပြစ်မဲ့ မြန်မာနိုင်ငံသားများ အားလုံး ဘေးဘယာဝေးကွာ စိတ်ချမ်းသာကြပါစေ။
သန့်နေစိုး (29. May. 2021)
*
*
*
#Notice to Facebook Myanmar Team, this article is about Counterinsurgency based on Master Degree Thesis " The Efficacy of Urban Insurgency in Modern Era" by Thomas Erik Miller, Maj. USA which is an official academic research (see featuring fig.). It was also approved for public release and distribution is unlimited. My article violates none of the community standards of Facebook.
If some idiots report you about my article, please check the link below -
https://www.hsdl.org/?view&did=458281
#Crd_Thant_Nay_Soe
https://m.facebook.com/story.php?story_fbid=597150254579763&id=100028543822816
Tumblr media
0 notes
tintun35 · 4 years ago
Text
အဖြူထည် လူငယ်များအတွက်
=====================
၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (3)
=====================
မြန်မာပြည်ဟာ အဂ်လိပ်လက်အောက်ကနေ ဂျပန်လက်အောက် ရောက်သွားရပြန်ပါပြီ ။ သခင်သိန်းဖေမြင့်တို့ အုပ်စု နဲ့ ကွန်မြူနစ်တွေကတော့ ဖက်ဆစ်ကို တော်လှန်ဖို့ စတင် လှုပ်ရှားလာကြပါပြီ ။
ဗိုလ်ချုပ်ဟာ တောင်ပြိုလက်ဝဲ ကုလားရွာမှာ ကုလားတယောက်ကိ�� သူကိုယ်တိုင် သေဒဏ်ပေးပြီး ကိုယ်တိုင် ခုတ်သတ်ခဲ့ပါတယ် ။ မြန်မာ့ခေါင်းဆောင်တွေထဲမှာ ဖမ်းဆီပြီး သေဒဏ်ပေးတာ မဆန်းပေမယ့် ကိုယ်တိုင်သတ်ခဲ့တဲ့ ခေါင်းဆောင် မရှိသလောက် ရှားပါတယ် ။
ဂျပန်ခေတ်မှာ ဒေါက်တာဘမော်က အဓိပတိရာထူး ဗိုလ်ချုပ်အောင်ဆန်းက စစ်သေနာပတိ ရာထူးနဲ့ အဆောင်အယောင် လစာ ရိက္ခာများ ရရှိခံစားနေ��ြရပါပြီ ။ ဗိုလ်ချုပ်ဟာ တော်လှန်ရေးကာလအတွင်း တို့ဗမာ အစည်းအရုံးထဲမှာ ဆင်းရဲစွာ နေခဲ့ရပေမယ့် ၁၉၄၂ မှ စတင်ပြီး ချမ်းသာလာပါပြီ ။
အက်ျီ ၃ ထည်တို့ ၊ တမတ်တန်းက ရုပ်ရှင်ကြည့်တာတို့ ၊ ထမင်းကြမ်းကို ရဲဘော်တွေနဲ့ စားတာတို့ ဒေါ်စုကြည်ငယ်စဥ်က ခမဲပေးစရာ ရွှေတပဲသားဖိုး မရှိလို့ အမေ့ဆီ ပြန်တောင်းတာတို့ဟာ ဂျင်းတွေပါ ပဲ ။ ဆိုင်ရာ အခန်းမှာသဘာဝအောင် တွက်ချက်ပြပါမယ် ။
ဂျပန်ခေတ်မှာ ဇိမ်ကျနေတဲ့ ဗိုလ်ချုပ်ဟာ ဖက်ဆစ်တော်လှန်ရေးအတွက် လှုပ်ရှားနေသူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာ မသိတော့ပါဖူး ။ စိတ်မဝင်စားတော့ပါဘူး ။ ကျန်တဲ့ ရဲဘော်ရဲဘက်တွေဟာ စည်းရုံးမရတဲ့ ဗိုလ်ချုပ်ကို အရင်ဆုံး ပြန်သတ်ဖို့တောင် တိုက်တွန်းသူတွေ ရှိနေပါပြီ ။
လျှမ်းလျှမ်းတောက် ဖြစ်နေတဲ့ စစ်သေနာပတိဗိုလ်ချုပ်ဟာ နေမကောင်းလို့ ဆေးရုံတက်ရင်း ဒေါ်ခင်ကြည် နဲ့ တွေ့ပြီး ဇွတ်အတင်း လက်ထပ်ဖို့ တောင်းဆိုပါတယ် ။
ပြင်ပသတင်းတွေအရ ဆရာဝန်ကြီးရဲ့ ကီပင်လို့ နာမည်ကြီးနေတဲ့ ဒေါ်ခင်ကြည်ကို မယူဖို့ လူကြီးတွေက တားမြစ်ပေမယ့် မရပါဘူး ။ ဘယ်လောက်ထိ တဇွတ်ထိုးနိုင်သလဲ ဆိုရင် မြန်မာ ဗုဒ္ဓဘာသာတွေ မဂ်လာပွဲ ကျင်းပဖို့ ရှောင်ရှားလေ့ ရှိတဲ့ ဝါတွင်းကြီးကိုပဲ လက်ထပ်ပွဲ ကျင်းပပေးခဲ့ရပါတယ် ။
ဒေါ်ခင်ကြည်နဲ့ တနှစ်ကလေးတယောက်ရပြီး ဇိမ်ကျနေတဲ့ ဗိုလ်ချုပ်ကို ရဲဘော်ရဲဘက်တွေက အစ ဂျပန်တော်လှန်ရေးမှာ စည်းရုံးမရရင် သတ်ပစ်ဖို့ အထိ ပြောဆိုလာတဲ့ အတွက် အကိုရင်းတွေ ဖြစ်တဲ့ ဦးဘဝင်း နဲ့ ဦးအောင်သန်းတို့က တိုက်တွန်းရပါတယ် ။
အင်း မလုပ် အဲမလုပ် ဖြစ်နေတဲ့ ဗိုလ်ချုပ်ဟာ ဖက်ဆစ်တော်လှန်ရေး သမားတွေ အဂ်လိပ်နဲ့ ပေါင်းပြီး တိုက်လာတာ မြန်မာပြည် အလယ်ပိုင်းက မြို့ကြီးတွေကို သိမ်းပိုက်ပြီးချိန်မှ သူတော်လှန်ဖို့ ဆုံးဖြတ်တာပါပဲ ။
ဒီအကြောင်းတွေကို သူ့အကိုရင်း ဦးအောင်သန်း ရေးသားခဲ့တဲ့ အောင်သန်းရဲ့ အောင်ဆန်း စာအုပ်မှာ တွေ့နိုင်ပါတယ် ။
ဗိုလ်ချုပ်ကို စိတ်မရှည်လို့ ကြိုပြီး တော်လှန်ခဲ့တဲ့ ဗိုလ်မှူးကြီးဗထူး သမိုင်းကိုတော့ အခြေအနေအရ ဗိုလ်မှူးကြီးဗမှူးသည် မတ်လ ၂၇ ရက်နေ့အထိ မစောင့်နိုင်ပဲ တော်လှန်ရေးစတင်ခဲ့ရသည် ဆိုပြီး ဖာထေးထားတဲ့ သမိုင်းကိုပဲ ကျနော်တို့ သင်ခဲ့ကြရတာပါ ။
ဖက်ဆစ်တော်လှန်ရေး အတွက် သခင်စိုးနဲ့ တွေ့ဆုံပူးပေါင်းခဲ့တဲ့ ဗိုလ်ချုပ်ဟာ အဂ်လိပ်ပြန်လာတော့လည်း ရှေ့ဆုံးကနေ ရဲရဲတောက်ခဲ့ပြန်ပါတယ် ။
လူလည်အဂ်လိပ်တွေက သိတယ်ဗျ ။ အောင်ဆန်းသည် နိုင်ခြေရှိမှ လာပေါင်းတဲ့ သာပေါင်းပဲ ဆိုပြီး မူလက အရေးမလုပ်ခဲ့ပါဘူး ။ အရေးမလုပ်တဲ့ အပြင် ဖက်ဆစ်နဲ့ပူးပေါင်းတဲ့ အတွက် သေဒဏ်ပေးဖို့အထိ လုပ်ခဲ့ကြပါတယ် ။
ဒါပေမယ့် ကျန်တဲ့ မြန်မာခေါင်းဆောင် သခင်စိုး ၊ သခင်သိန်းဖေမြင့်တို့က အာမခံလို့ တရားမစွဲတော့ပါဘူး ။ ဒါတောင်မှ သခင်ထွန်းအုပ်က ​တောင်​​ပြိုလက်ဝဲ ရွာ ကုလားကို ��ိုယ်တိုင်သတ်ခဲ့လို့ လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ပါသေးတယ် ။ အခြေအနေအရ အမှုမမြောက်ခဲ့ပါဘူး ။
အဂ်လိပ်ပြန်အဝင်မှာ နိုင်ငံရေး အင်အားစုတွေ အားလုံးပေါင်းပြီး ဖဆပလ ဖွဲ့စည်းခဲ့ပါတယ် ။ နိုင်ငံရေးလောကထဲ ဝင်သွားတဲ့ ဗိုလ်ချုပ်ဟာ ဦးအောင်ဆန်း ဖြစ်သွားပါပြီ ။ မြန်မာ့တပ်မတော်ကတော့ အဂ်လိပ်လက်အောက်မှာ ကျန်ရစ်ခဲ့ရပါတယ် ။
အင်အားတောင့်တင်းတဲ့ ဖဆပလ တွေဟာ အဂ်လိပ်အုပ်လယချုပ်ရေးကို အမြဲနှောက်ယှက်ခဲ့ပါတယ် ။ လူထုအစည်းအဝေးတွေ လုပ်ကြပါတယ် ။ ပြည်သူတွေကလည်း ဖဆပလကို ထောက်ခံနေကြပါပြီ ။
......2-1-1947 မှာ ရွှေတိဂုံ အလယ်ပစ္စယံ လူထုအစည်းအဝေး လုပ်တယ် ။ စက္ကူဖြူစီမံကိန်း အရ စစ်အတွင်းက ပျက်ဆီးခဲ့တာတွေကို ပြင်ဆင်ဖို့ မြန်မာတွေက ကျခံရမယ် ဆိုတာကို ကန့်ကွက်ခြင်း ၊ တနှစ်အတွင်း လွတ်လပ်ရေး ရ ရင်ရ မရ ရင် ချ ဆိုပြီး ဗိုလ်ချုပ်မိန့်ခွန်းပြောခဲ့တယ် ။
.....ပြည်သူကို ဗိုလ်ချုပ် ကတိပေးတာက ဖဆပလကို ဘုရင်ခံကောင်စီမှာ ပါအောင်ထောက်ခံပေးရင် (ဖိအားပေးရင်) တနှစ်အတွင်း လွတ်လပ်ရေး ရအောင် သူလုပ်ပေးမယ် ၊ စက္ကူဖြူစီမံချက်အရ အဂ်လိပ်ကို လျှော်ကြေးမပေးစေရဖူး လို့ ကတိပေးခဲ့ပါတယ် ။
7-6-1946 မှာ ထန်းတပင် လယ်သမားသပိတ်ဖြစ်တယ် ။ နှိမ်နင်းတော့ သုံးဦးသေတယ် အများအပြား ဒဏ်ရာရကြတယ် ။ ဗိုလ်ချုပ်ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး မိန့်ခွန်း ပြင်းထန်လို့ သူပုန်ထတော့မယ်လို့ ဘုရင်ခံဆာဒေါ်မန်စမစ် တွက်ဆခဲ့တယ် ။
ဆူဆူပူပူများလာလို့ ဆာဒေါ်မန်စမစ် ပြုတ်သွားပြီး ဘုရင်ခံ အသစ်ရောက်လာတယ် ။ ဘုရင်ခံအသစ်က ဗိုလ်ချုပ်ကို ဘုရင်ခံအတိုင်ပင်ခံအဖြစ် ခန့်အပ်ပြီး အစိုးရဖွဲ့ခွင့်ပေးလို့ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါပြီ ။
ဗိုလ်ချုပ်ဟာ ဘယ်သူ့ကိုမှ မတိုင်ပင်ပဲ ရာထူးလက်ခံလာပြီး ဦးနုဆီကို သွားပါတယ် ။ ဦးနုရဲ့ စာကြည့်ခန်းထဲမှာ ဗိုလ်ချုပ်က စီကရက်သံဗူးနဲ့ ထည့်ထားတဲ့ ရွှေတွေကို (နို့ဆီဗူးခန့်) ပေးပါတယ် ။
သူဟာ ဘုရင်ခံပေးတဲ့ ဝန်ကြီးချုပ်ရာထူးကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း ၊ ဒီရွှေတွေကို ကိုကြီးနု သုံးချင်သုံးပါ မသုံးချင်လည်း ဖဆပလ ကို လှူပါဆိုပြီး ရွှေတဗူးထားသွားပါတယ် ။
ပြောချင်ရာ ပြောပြီး ပြန်ထွက်သွားတဲ့ ဗိုလ်ချုပ်ကို အံ့သြပြီး ဦးနုလည်း ဘာမှ မပြောလိုက်နိုင်ပါဘူး ။ မှင်တက်လွန်းလို့ ရွှေဗူးတောင်မှ စာကြည့်ခန်းထဲကနေ နေရာရွှေ့ပြီး မသိမ်းခဲ့နိုင်ပါဘူး ။ ရာထူးအာဏာအတွက် ဘယ်သူ့မှ မတိုင်ပင်ပဲ လုပ်ချင်ရာ လုပ်ခဲ့တဲ့ အောင်ဆန်းကို နားမလည်မှု များစွာနဲ့ ကျန်ခဲ့ရပါတယ် ။
ဒီနေရာမှာ ဦးစောအကြောင်း ပြောရပါမယ် ။ ဒါမှဇတ်ရည်လည်ကြမှာပါ ။ ဦးစောကို ယုဂန္ဒာမှာ ဖမ်းဆီးထောင်ချထားရာကနေ သခင်လူငယ် တဖြစ်လဲ ဖဆပလ ကို ထိမ်းနိုင်မယ့် ဝါရင့်နိုင်ငံရေး သမားကို ရှာကြည့်တော့ သခင်ပေါက်စ ထောင်ခြောက်လ ဆိုပြီး စာချိုးရအောင် လက်သံပြောင်ခဲ့တဲ့ နန်းရင်းဝန်ဟောင်း ဦးစောကို ဘုရင်ခံက သတိရလာပါတယ် ။
ဒါနဲ့ ဦးစောကို ထောင်က ထုတ်ပြီး မြန်မာ့နိုင်ငံရေးလောက မှာ ဗိုလ်ချုပ်ကို ယှဥ်ပြိုင်ဖို့ ကြံစည်ပါတယ် ။ ဒါကြောင့် ဗိုလ်ချုပ်ကို ဘုရင်ခံကောင်စီမှာ ဝန်ကြီးချုပ်ခန့်ထားသလို ဦးစောကိုလည်း ဘုရင်ခံကောင်စီမှာ အဖွဲ့ဝင်အဖြစ် ဘုရင်ခံက တိုက်ရိုက်ခန့်ထားခဲ့ပါတယ် ။
ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ဟာ 21-1- 1947 မှာ အောင်ဆန်း အက်တလီ စာချုပ် ချုပ်ဆိုခဲ့ပါတယ် ။ စာချုပ်မှာ အရေးကြီးတဲ့ အချက်အချို့က
၁ ။ မြန်မာနိုင်ငံကို 1935 ကိုလိုနီအက်ဥပဒေအရ ရွေးချယ်တင်မြှောက်သော ဘုကင်ခံ အတိုင်ပင်ခံကော်မတီနဲ့ အုပ်ချုပ်ဖို့ သဘောတူခဲ့ပါတယ် ။
(2-1-1946 ရွှေတိဂုံအလယ်ပစ္စယ��လူထု အစည်းအဝေးမှာ တနှစ်အတွင်း လုံးဝလွတ်လပ်ရေး ရ ရမယ် ဆိုတဲ့ လူထုကို ပေးခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ကတိဟာ 27-1-1947 မှာ ပျက်သွားပါပြီ)
၂ ။ စာချုပ် နောက်ဆက်တွဲ ခ မှာ
1945-46. 87 သန်း ရွှေဒဂ်ါး
1946-47. 75 သန်း ရွှေဒဂ်ါး
...............................................
ပေါင်း 162 သန်း
လျှော့ပေး 15. သနိး
......................................
ကြွေးကျန် 147 သန်း
မြန်မာက ပေးလျှော်ဖို့ သဘောတူခဲ့ပါတယ် ။
(2-1-1946 မှာ လုံးဝမလျှော်ဖူးလို့ လူထုကို ပြောခဲ့တဲ့ ကတိစကားဟာ စာချုပ်နဲ့အတူ လေပေါ် အရုပ်ရေးပြခဲ့ပြန်ပါပြီ ။ လွတ်လပ်ရေး မရခင်ကတည်းက ရွှေဒဂ်ါးအကြွေး သန်းပေါင်း 147 သန်း တင်ခဲ့တဲ့ တိုင်းပြည်ဟာ အာရှမှာ အချမ်းသာဆုံးလို့ ယူဆနေရင်တော့ စိတ်ကျန်းမာရေး ဆေးရုံကြွပါ ၊ ဒါတောင် လကျ်ာ ဖရီးမင်း စာချုပ် အကြွေး မပါသေးဘူး နော်)
အဆိုးဆုံးက ဝန်ကြီးချုပ် ဖြစ်ချင်ဇောနဲ့ ဆယ်နှစ်အကြာမှာ တိုင်းရင်းသားတွေ ခွဲထွက်ခွင့်ရှိတယ် ဆိုတဲ့ ကတိစကားကို လွယ်လွယ်လေးပေးပြီး သူရာထူး ရရှိရေး အတွက် ဆောင်ရွက်သွားလို့ ယနေ့တိုင် ရှင်းမရတဲ့ ပြဿနာကြီး ဖြစ်ပြီး တတိုင်းပြည်လုံး စစ်ဘေးသင့်မဆုံးပဲ ဆင်းရဲနေကြရတာပါ ပဲ ။
အဓိက ကျတဲ့ အဲဒီအချက်တွေကြောင့် အတူပါသွားတဲ့ အဖွဲ့ဝင် ဂဠုန်ဦးစော နဲ့ သခင်ဗစိန်တို့က လက်မှတ်မထိုးပဲ ပြန်ခဲ့ကြတာပါ ပဲ ။
မြန်မာပြည် ပြန်ရောက်တော့ ဦးစောက သူလက်မှတ်မထိုးတဲ့ ကိစ္စကို ဒီလိုပြောခဲ့ပါတယ် ။
အောင်ဆန်းဟာ လူထုကို ကတိပေးခဲ့သလို တနှစ်အတွင်း လုံးဝလွတ်လပ်ရေး ရဖို့ မတောင်းဆိုခဲ့ဖူး ( သူအာဏာရဖို့ပဲ လုပ်ခဲ့တယ် )
လျှော်ကြေးမပေးဖူးလို့ လူထုကို ကတိပေးပြီးမှ သူ့ရာထူးအတွက် လျှော်ကြေးပေးခဲ့တယ် ဒါဟာ ကိုယ့်စားရိတ်နဲ့ကိုယ် ကျွန်ပြန်ခံတာပဲ ။
နောင်ဆယ်နှစ်ကြာရင် ဖြစ်လာမှာကို မတွေးဆပဲ အာဏာရမက်နဲ့ ပင်လုံစာချုပ် ချုပ်ခဲ့တာ တိုင်းပြည်ပြိုကွဲမှာ သေချာလို့ သဘောမတူဘူး ။
ဒါတွေကြောင့် သူတို့ လက်မှတ်မထိုးတာ လို့ ပြောဟောကြပါရောလား ။
ဗိုလ်ချုပ်ကလည်း မင်းသားမလုပ်ရလို့ ပတ်မကြီးဖောက်တဲ့ နိုင်ငံရေးသမား ဘာညာ နဲ့ အောက်လုံးတွေနဲ့ ဦးစောကို ပြန်တိုက်ခိုက်တယ် ။ ကျောင်းတော်က ရန်ငြိုး ရန်စ လေးကနေ ဗောင်းတော်လှံခ မယ့် ကိန်း ဆိုက်လာရတာပါပဲ ။
ဒီလိုနဲ့ ဗိုလ်ချုပ်အာဏာရပြီး 1947-မေလ ထဲမှာပဲ လယ်သမားသပိတ်မှောက်ပွဲ ဖြစ်လာတယ် ။ ဝန်ကြီးချုပ်ဦးအောင်ဆန်းက ပြည်ထဲရေးဝန်ကြီးကို ပစ်ခိုင်းတယ် ။ မြန်မာခြင်း မပစ်နိုင်ဖူးလို့ ဝန်ကြီးက ငြင်းတော့ ချက်ခြင်းဖြုတ်ပစ်တယ် ။
နောက် သူငယ်ချင်းဖြစ်တဲ့ ဦးကျော်ငြိမ်းကို ပြည်ထဲရေးဝန်ကြီး ခန့်တယ် ။ လယ်သမားသပိတ်ကိုလည်း ပုလိပ်နဲ့ မနှိမ်နင်းခိုင်းပဲ အမှတ် ၁၄ အထူးတပ်ဖွဲ့ နဲ့ ပစ်ခတ်နှိမ်နင်းခဲ့တယ် ။ မြန်မာပြည်မှာ စစ်တပ်နဲ့ သပိတ်ကို နှိမ်နင်းတာ အဂ်လိပ်လက်ထက်မှာတောင် မရှိခဲ့ဖူး ။ ဗိုလ်ချုပ်အောင်းဆန်းက စပြီး လက်နက်မဲ့ လယ်သမားတွေကို စစ်တပ်နဲ့ ပစ်ခဲ့တာ သမိုင်းမှန်ပါပဲ ။
နောက်ပြောသေးတယ်
"အခုက ဦးကျော်ငြိမ်းမို့လို့ ခင်ဗျားတို့ ဒီလောက်နဲ့ ပြီးတာ ကျုပ်သာဆို ဒီထက်နာမယ် ''
လို့ ထပ်မံခြိမ်းခြောက်ခဲ့ပါသေးတယ် ။
ကဲ ဒီတပိုင်းကို ပြန်ပြီး ကောက်ချက်ချကြည့်ပါအုံး ။ အကြံပေးချင်တာက အစွဲကင်းကင်းနဲ့ ပြန်ဖတ်ကြည့်ပါ ။
၁ ။ ရွှေတိဂုံ အလယ်ပစ္စယံမှာ လူထုကို ပေးခဲ့တဲ့ ကတိစကား
၂ ။ အောင်းဆန်း အက်တလီစာချုပ်ပါ အချက်များ
၃ ။ လယ်သမား သပိတ် ၂ ခုမှ အာဏာမရခင် ရပ်တည်ချက်နဲ့ အာဏာရပြီး ဆောင်ရွက်ချက်
၄ ။ ဦးစောရဲ့ ပြောကြားချက်များ
ဘယ်သူ့ကို ယုံပြီး ဘယ်သူ့ကို မယုံသင့်တာလည်း ဆိုတာ ပင်ကိုယ်အသိဥာဏ်ဖွင့်ပြီး မစို့မပို့ သိထားရတဲ့ သမိုင်းကို မြေလှန် ရေဆန်၍ စဥ်းစားနိုင်ရင် ခင်ဗျားတို့ အဖြေမှန် နဲ့ နီးပါပြီ ။
( မယုံကြည်သူများအတွက် ကြိုပြောချင်တာက ရွှေတိဂုံအလယ်ပစ္စယံလို မိန့်ခွန်း နဲ့ အောင်ဆန်းအက်တလီလို စာချုပ်မျိုးကိုတော့ မျိုးဝင်း လိမ်ညာလို့ မရဖူး ဆိုတာ သတိထားကြပါအုံး ဗျာ)
မျိုးဝင်း
#Crd_Myo_Win
https://www.facebook.com/105628051723031/posts/110886981197138/
Tumblr media
0 notes
tintun35 · 4 years ago
Text
အဖြူထည် လူငယ်များအတွက်
=====================
၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (2)
=====================
ဦးဆုံး လွတ်လပ်ရေး မရခင် အနေအထားပြန်ကြည့်ကြပါစို့ ။
အဂ်လိပ်တ���ေဟာ သူတို့အင်ပါယာအတွက် နောက်ဆုံးမှ သိမ်းပိုက်ခဲ့တဲ့ မြန်မာပြည်ကို အုပ်ချုပ်ရာမှာ မလွယ်ကူခဲ့ပါဖူး ။ အင်မတန် ဇာတိမာန်ကြီးတဲ့ မြန်မာတွေဟာ စဥ်ဆက်မပျက် အခွင့်သာတိုင်း တော်လှန်ပုန်ကန်နေတော့ အဂ်လန်လည်း စိတ်ညစ်လာပါတယ် ။
ဒီတော့ ဗျူဟာ အသစ်ခင်းပြီး မြန်မာတွေ ကျေနပ်စေရန်အလို့ငှာ ရန်ကုန်မြို့ကြီးကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ တည်ဆောက်ပေးခဲ့ပါတယ် ။ အဲဒီခေတ်က နောက်ဆုံးပေါ် နည်းပညာတွေနဲ့ တည်ဆောက်ပေးခဲ့လို့ ရန်ကုန်ဘူတာကြီး ၊ ရန်ကုန်လေဆိပ် နဲ့ ရန်ကုန်တက္ကသိုလ်တွေဟာ အာရှမှာ ထိပ်သီးဖြစ်ခဲ့တာပါပဲ ။
သွင်းကုန် ထုတ်ကုန် ကုမ္ပဏီတွေနဲ့ ထည်ဝါလာတဲ့ မြန်မာနိုင်ဟာ အမှန်တော့ တိုင်းရင်းသားတွေ ပိုင်ဆိုင်တာ မဟုတ်ပဲ နိုင်ငံခြားသား ကုမ္ပဏီပိုင်တွေ နဲ့ ထည်ဝါနေခြင်းသာ ဖြစ်ပါတယ် ။ တိုင်းရင်းသား အများစုဟာ ကျောဗလာ နဲ့ လယ်မဲ့ ယာမဲ့ သူရင်းငှား အဆင့်တွေပါပဲ ။ အဲဒီခေတ်က မြန်မာ့ဆန်စပါး အသင်းချုပ်မှာ မြန်မာတယောက်မှ မပါပဲ ချစ်တီးတွေချည်းပဲ ဆိုတာ သမိုင်းမှန်ပါပဲ ။
(စစ်တပ်အာဏာမသိမ်းခင်က မြန်မာဟာ အာရှမှာ ထိပ်ဆုံးက စစ်တပ်ကြောင့် မွဲရတာ ဆိုပြီး သွေးထိုးခဲ့ကြတာ အဲဒီခေတ်ကို ရည်ညွှန်းနေကြပါ ၊ အဲဒီ စွတ်စွဲချက် မှန် မမှန် ဆုံးဖြတ်ကြပေတော့)
မြန်မာ့နိုင်ငံရေးလောကမှာတော့ ဆရာစံ တော်လှန်ရေး ၊ ခွဲရေး တွဲရေး ပြဿနာတွေ နဲ့ ဒေါက်တာဘမော် ၊ ဘကြီးဘဖေ ၊ ဦးပုတို့ လွှမ်းမိုးနေပြီး အများသိတဲ့ ဂဠုန်ဦးစောက ရှေ့နေပေါက်စ ဗိုလ်ချုပ်အောင်ဆန်းက ဂွေးတန်းလန်းနဲ့ ဂွေလှိမ့်ကစားနေတဲ့ အချိန်ပေါ့ ဗျာ ။
ဒီလိုနဲ့ ဒေါက်တာဘမော် နန်းရင်ဝန်ဖြစ်လာချိန် မှာ ဂဠုန်ဦးစေလည်း လွှတ်တော်ထဲ ရောက်လာပါပြီ ။ ဗိုလ်ချုပ်အောင်ဆန်းကတော့ တက္ကသိုလ်မှာ မပြောတတ် ပြောတတ် အဂ်လိပ်စာ ထော့နင်း ထော့နင်းကို ပါဠိလို ညှပ်ပြောရင်း နိုင်ငံရေး မဟုတ်တဲ့ ကျောင်းသားလောကထဲ ဝင်တို့ဖို့ ကြိုးပမ်းနေဆဲပေါ့ ။
ဗိုလ်ချုပ်ကျောင်းသားဘဝတုန်းက ဆက်ဆံရေး ညံ့ဖျင်းသူအဖြစ် သတ်မှတ်ခြင်းခံရ၍ အပေါင်းအသင်း သိပ်မရှိပါဖူး ။ ဒါပေမယ့် တကျော့ပြန် ကျောင်းသားကြီး ဦးနုနဲ့ကတော့ အတော်လေး ခင်မင်ပေါင်းသင်းသတဲ့ ။ ဖြစ်သလိုနေစားတတ်လို့ သူ့အခန်းဟာ အမြဲ ညစ်ပတ်နံစော်နေပြီး ဂျပိုးကိုက်လွန်းတဲ့ သူ့အိပ်ရာကို ဘယ်သူမှ မအိပ်နိုင်ကြဖူးလို့ မှတ်သားဖူးပါတယ် ။
(ဗိုလ်ချုပ်ဂုဏ်တွေက ဖတ်မကုန်အောင် ထန်တရာထေ နေပြီမို့ လူသူအသိနည်းတဲ့ အချက်တွေ ဦးစားပေးပါမယ် ၊ အမှန်ဖြစ်ဖို့ အာမခံပါတယ် OK)
ဒီလိုနဲ့ ဗိုလ်ချုပ်ကျောင်းသား ဘဝမှာ ပထမကျောင်းသားသပိတ်ဖြစ်တယ် ။ နိုင်ငံရေးအရ ယနေ့တိုင် အမျိုးသားအောင်ပွဲ အောင်ပွဲနေ့ ဘာညာ နဲ့ ခမ်းနားစွာ ကျင်းပနေပေမယ့် ��ီးနုရဲ့ တာတေစနေသား ထဲမှာတော့ သူတို့က ကျောင်းအုပ်ကြီးကို မဟုတ်တာလေးနဲ့ တမင်လုပ်ကြံ သပိတ်မှောက်ခဲ့ကြတာတဲ့ ၊ သူဝန်ကြီးချုပ်ဖြစ်တော့ အဂ်လန် ရှိ ကျောင်းအုပ်ကြီးထံ သွားရောက်တွေ့ဆုံပြီး ကန်တော့တောင်းပန်ခဲ့တယ် ဆိုတဲ့ အချက်ကလည်း မေ့မထားသင့်တဲ့ သမိုင်းမှန်ပါပဲ ။
(မော်ကွန်းဝင်ကြီးများ ဆဲချင်ရင် ဦးနုကို ဆဲကြပါ သူကိုယ်တိုင်ရေးထားတာပါ ဗျာ 😁😁)
အဲဒီကာလမှာ ဂဠုန်ကြီးလည်း နေရာရဖို့ တိုက်ပွဲဝင်နေသလို နာမည်ကြီးလာတဲ့ သခင်လူငယ် အဖွဲ့ တို့ဗမာအစည်းအရုံးကို ဗိုလ်ချုပ်နဲ့ ဦးနုတို့ အတူတကွ ဆက်သွယ်ဝင်ရောက်ခဲ့ကြပါတယ် ။
တို့ဗမာ အစည်းအရုံးဟာ ဒေါက်တာဘမော် နဲ့ ထိပ်တိုက်တွေ့ပြတယ် ၊ နောက်တက်လာတဲ့ ဦးပုကိုလည်း ဆန့်ကျင်ပြီး သိပိတ်ပေါင်းစုံ ဖန်တီးခဲ့ကြပါတယ် ။ တိုင်းပြည်ရဲ့ ထုတ်ကုန်တွေကျဆင်းပြီး စီးပွားပျက်လာတော့ ဦးပုပြုတ်သွားပြီး ဂဠုန်ကြီး နန်းရင်းဝန် ဖြစ်လာတယ် ။
လုပ်ငန်းတွေ ရပ်တံ့စေပြီး ထုတ်ကုန်တွေ မထုတ်နိုင်အောင် ဟန့်တားနေတဲ့ သပိတ်တွေကို ဦးစောက ခပ်ကြမ်းကြမ်းနှိမ်နင်းတယ် ။ နောက်ကွယ်က မြှောက်ပေးနေတဲ့ သခင်လူငယ်တွေကို ဖမ်းဆီးထောင်ချခဲ့တယ် ။ သခင်ပေါက်စ ထောင်ခြောက်လ ဆိုတာ ဦးစောလက်ထက်မှာ ပေါ်ပေါက်ခဲ့တဲ့ စကားပုံပါပဲ ။
ဗိုလ်ချုပ်ကို ဆုငွေ ၅ ကျပ်ထုတ်ပြီး ဖမ်းခိုင်းတာ ဂဠုန်ဦးစောလက်ထက်ပဲ ဖြစ်ပါတယ် ။ ကျောင်းတော်ကရန်စ ဗောင်းတော်လှံခ ရတဲ့ နိဒါန်းလို့ ဆိုရမယ် ထင်ပါတယ် ။
ဗိုလ်ချုပ်ဟာ ၅ ကျပ်တန် ဝရမ်းပြေးဖြစ်သွားတော့ သခင်လှမြိုင်နဲ့ အတူ တရုတ်ကို ရုပ်ဖျက်သွားကြပါတယ် ။ တရုတ်ကွန်မြူနစ်နဲ့ ဆက်သွယ်ပြီး လက်နက် လူသူ အကူအညီတောင်းဖို့ပါပဲ ။ မရှိမဲ့ ရှိမဲ့ ငွေလေးတွေ စုပြီး ပေးလိုက်ကြရတဲ့ တို့ဗမာအစည်းအရုံးလည်း ရင်မောကျန်ရစ်ခဲ့ကြရတာပါပဲ ။
သဘော်ပေါ်မှာ အစားအစာတောင် ထမစားတဲ့ ဗိုလ်ချုပ်ကို သခင်လှမြိုင်ကပဲ ဝယ်ကျွေးရသတဲ့ ။ တရုတ်ရဲက ဖမ်းတော့လည်း ဘာမှ မကြံနိုင်တဲ့ ဗိုလ်ချုပ်အစား သခင်လှမြိုင်ကပဲ တရုတ်ရဲကိုလာဘ်ထိုးပြီး ထွက်လာကြရသတဲ့ ။
တရုတ်ကွန်မြူနစ်နဲ့ ဆက်သလယ်ဖို့ လွှတ်လိုက်ပေမယ့် ဟိုတယ်မှာပဲ အိပ်နေပြီး အချိန်ကုန်နေလို့ ရက်ကြာလာတော့ ငွေပြတ်သွားကြပါတယ် ။ အစည်းအရုံးကလည်း ရံပုံငွေ မရှိလို့ ငွေမပို့နိုင်တော့ဖူး ။ အခန်းအောင်းပြီး နေတဲ့ ဗိုလ်ချုပ်တို့ ငတ်လာတော့ သခင်လှမြိုင်က တရုတ်ကလေးတွေကို အဂ်လိပ်စာသင်ပေးပြီး ငွေရှာကျွေးခဲ့ရသတဲ့ ။
တရုတ်မှာ လချီနေပြီး ဘာလှုပ်ရှားမှုမှ မလုပ်တတ်တဲ့ ဗိုလ်ချုပ်အတွက် ကျန်ခဲ့တဲ့ လူကြီးတွေက ဂျပန်ထောက်လှမ်းရေး နဲ့ ချိတ်ဆက်ပေးလို့ ဂျပန်ရောက်သွားပါတယ် ။
(ဒါတွေက အတူပါသွားတဲ့ သခင်လှမြိုင်ကိုယ်တိုင်ရေးခဲ့တဲ့ အဖြစ်အပျက်တွေပါပဲ မယုံသူများ စာစုံအောင် ဖတ်ကြည့်ဖို့တော့ လိုပါမယ်)
ဒီစာအရဆိုရင် ဂျပန်ရောက်ချိန် အထိ ဗိုလ်ချုပ်လုပ်ရပ်တွေအတွက် လွမ်းလောက်စရာ မတွေ့ရသေးပါဘူး ။ ကောင်းပြီ တပ်မတော်ရဲ့ နိဒါန်းကို ရောက်လာပါပြီ ။
ဂျပန်က အခြေအနေကို လေ့လာကြည့်ပါစို့ ။ မြန်မာလူငယ် သုံးကျိပ်ကို လေးသုတ်ခွဲပြီး ဂျပန်ကို တိတ်တဆိတ် ပို့ခဲ့ကြရတယ် ။ မြန်မာ့သမိုင်းမှာ အရေးပါမယ့် ဗိုလ်ချုပ်ကြီးနေဝင်း ဟာ နောက်ဆုံးအသုတ်မှာ ပါလာပါပြီ ။
အခြေခံစစ်သင်တန်းမှာပဲ ပင်ပန်းစွာ လေ့ကျင့်နေရတဲ့ အတွက် သခင်ထွန်းအုပ် နဲ့ ဗိုလ်ချုပ်တို့ကို စစ်သင်တန်းမတက်စေတော့ပဲ စီမံအုပ်ချုပ်မှု သင်ခန်းစာပဲ သင်ပေးပါတော့တယ် ။
ပင်ပန်းစွာ ကြမ်းတမ်းစွာ စစ်သင်တန်းတက်နေရတဲ့ ၂၈ ဦး ထဲမှာ နောက်ဆုံးအသုတ်နဲ့ နောက်ဆုံးမှ ဂျပန်ကို ရောက်လာခဲ့တဲ့ ထောင်ထောင်မောင်းမောင်းနဲ့ ဗိုလ်နေဝင်းဟာ ပထမဆုံး ဂျပန်စကား ပြောတတ်သူ ဖြစ်လာပြီး တရားမဝင် ခေါင်းဆောင်အဖြစ် ဂျပန်တွေ အသိအမှတ် ပြုခဲ့ကြရပါတယ် ။
ပြည်တွင်းမှာတော့ ဦးစောလည်း အတ္တလန်တာချာတာ စာချုပ်အရ လွတ်လပ်ရေးပေးရမှာ သိနေလို့ အဂ်လန်သွားပြီး လွတ်လပ်ရေးတောင်းတယ် ၊ တိကျတဲ့ ကတိမရလို့ ဂျပန်နဲ့ဆက်သလယ်ဖို့ ဂျပန်သံရုံးသွားပြီး ပြန်အလာမှာ အဖမ်းခံရတယ် ။
ဗိုလ်နေဝင်း ၇ ဦးကို ရှေ့ပြေးအဖြစ် ပြန်လွှတ်တယ် ။ ဗိုလ်ချုပ်နဲ့ ကျန်သူတွေ မြန်မာပြည်ပြန်လာတဲ့ လမ်းခရီး ဘန်ကောက်မှာ BIA ဖ��ဲ့ကြတယ် ။
မြန်မာပြည် ပြန်ဝင်လာချိန်မှာ ရှေ့ပြေးတပ် တပ်မှူး ဗိုလ်နေဝင်းက ရန်ကုန်ကို တိုက်ခိုက် သိမ်းပိုက်ထားပြီးဖြစ်နေပြီ ။ သတင်းထောက်တွေ နဲ့ မေးမြန်းခန်းမှာ ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်းရဲ့ ရာထူးကို ပိုပြောပြီး (ဗိုလ်ချုပ်ရဲ့ ရာထူးပါ) ဗိုလ်နေဝင်းသိမ်းပေးကြောင်း သတင်းပေးတယ် ။
နိုင်ငံတကာ သတင်းတွေမှာ ပါလာတဲ့ ရန်ကုန်မြို့သိမ်း ဗိုလ်နေဝင်းအကြောင်း ဖတ်မိတဲ့ ဗိုလ်ချုပ်ဟာ ရာထူးကို မဟုတ်မှန်ပဲ ပြောခဲ့တယ် ဆိုတဲ့ စွတ်စွဲချက်နဲ့ ဗိုလ်နေဝင်းရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်မပြုပဲ စစ်တပ်ကနေ ထုတ်ပယ်ခဲ့တယ် ။
ကျန်ရဲဘော် သုံးကျိပ်နဲ့ ဗိုလ်အောင်ကြီးတို့ မခံနိုင်လို့ ဗိုလ်အောင်ကြီးက သူ့အမှားသာ ဖြစ်ကြောင်း ရှင်းပြပြီး တောင်းဆိုကြလို့ ပြန်ခန့်ခဲ့တာပါပဲ ။
(လူသိနည်းမယ်လို့ ထင်ပါတယ် ဒါပေမယ့် တပ်မတော်ရဲ့ သမိုင်းအမှန်ပါပဲ ဦးနေဝင်း ဖုံးဖိခဲ့လို့ ဒီဖြစ်စဥ်တွေ မသိကြတာပါ)
ဦးဆုံး အောင်ပွဲရ စစ်သူကြီးကို တပ်ကထုတ်ခဲ့တဲ့ ဗိုလ်ချုပ်ဟာ ဒုတိယ တယောက်ကိုလည်း အဲလိုနည်းပါး လုပ်ခဲ့ပြန်ပါတယ် ။
ပြည်တော်ပြန် ရဲဘော် သုံးကျိပ် ဟာ အဂ်လိပ် နောက်ချန်တပ်များနဲ့ တိုက်ခိုက်ရာမှာ ရွှေတောင်တိုက်ပွဲဟာ ထင်ရှားပါတယ် ။ ရွှေတောင်မှာ အဂ်လိပ်ဖက်က ခုခံရတာ အင်မတန်ထူးချွန်တဲ့ ကရင်လူမျိုး စမစ်ဒွန်း (မြန်မာ့တပ်မတော်ရဲ့ ပထမဆုံးတပ်ချုပ်ကြီး) နဲ့ တိုက်ခိုက်ရတာက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်ဖြစ်ပါတယ် ။
အနိုင်ရသွားတဲ့ ဗိုလ်ရန်နိုင်ဟာ နာမည်ဟိုးဟိုးကျော်သွားပါတယ် ။ ဒါကြောင့် စ​ကော့စျေးကို(ယနေ့ ဗိုလ်ချုပ်စျေး ) ဗိုလ်ရန်နိုင်စျေးလို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ် ။
နာမည်အရမ်းကြီးတဲ့ ဗိုလ်ရန်နိုင်ဟာ အဓိပတိကြီး ဒေါက်တာဘမော်ရဲ့ သမီးနဲ့ အိမ်ထောင်ကျသွားပါတယ် ။ အဲဒါကို အကြောင်းပြပြီး ဗိုလ်ချုပ်ဟာ ဗိုလ်ရန်နိုင်ကို နယ်��ွန်နယ်ဖျားကို ပို့ပစ်လိုက်ပါတယ် ။
သမိုင်းမှတ်တိုင်ဖြစ်ခဲ့တဲ့ ဗိုလ်ရန်နိုင်စျေး တဖြစ်လဲ စကော့စျေးကြီးဟာလည်း ဗိုလ်ချုပ်အောင်ဆန်းစျေး အဖြစ် အမည်ပြောင်းလဲ ခဲ့ကြပါတယ် ။ ဘယ်အချိန်က ဘယ်လို ပြောင်းခဲ့မှန်းမသိကြပေမယ့် ဗိုလ်ရန်နိုင်စျေး ဆိုတဲ့ သမိုင်းတွင်ပြောင်းလဲခဲ့တဲ့ အမည်ဟာ ပျောက်ကွယ်သွားရပြီး ယခု ဗိုလ်ချုပ်စျေးရှိ စျေးသူစျေးသားများပင် သိရှိသူ အနည်းငယ်သာ ရှိပါတော့တယ် ။
ဒီ ဗိုလ်နေဝင်း နဲ့ ဗိုလ်ရန်နိုင်တို့ရဲ့ ဖြစ်ရပ်တွေကို ကြည့်ပြီး ဗိုလ်ချုပ်ကို အပုပ်ချခဲ့ကြတဲ့ ကွန်မြူနစ်တွေကတော့ ဗိုလ်ချုပ်သည် ကိုယ့်ထက်သာ မနာလိုစိတ် ရှိသူ ၊ သူတပါးအားချနင်းအောင်ပွဲ ခံလိုသူ အဖြစ် ဦးဆုံး အဆိုးမြင်ဝါဒနဲ့ ကောက်ချက်ချခဲ့ပါတယ် ။
( ကွန်မြူနစ်​တွေရဲ့ ကောက်ချက် မှန် မမှန်ကတော့ စာရှုသူရဲ့ တဖက်အမြင် နှစ်ဖက်အမြင် နဲ့ ခြုံငုံသုံးသပ်နိုင်စွမ်းအပေါ် မူတည်ပြီး ဆုံးဖြတ်ကြပါတော့ဗျာ)
ကဲ တပ်မတော် နဲ့ လွတ်လပ်ရေး ၊ ဗိုလ်ချုပ်ရဲ့ လွတ်လပိရေးကြိုးပမ်းမှု မှတ်တမ်း ၊ ဂဠုန်ဦးစောရဲ့ အခန်းကဏ္ဍ အတွက် ရှေ့ဆက်ကြပါအုံးမယ် ။
မျိုးဝင်း
#Crd_Myo_Win
https://www.facebook.com/105628051723031/posts/110769977875505/
Tumblr media
0 notes
tintun35 · 4 years ago
Text
အဖြူထည် လူငယ်များ အတွက်
=====================
၈၈ & ၂၁ ဂျင်း ဆိပ်ဖြေဆေး(1)
=====================
ယခု ပို့စ် သည် တောတောင်ထဲရောက်နေသော GZ များ နဲ့ လူသတ် မီးရှို့ ဗုံးခွဲ နေသော ဆိုဆုံးမရန် မထိုက်တန်သည့် လမ်းဆုံး Zero များအတွက် မဟုတ်ပါဖူး ။
....လူငယ် ၁၅ သန်းကျော် အနက်မှ လမ်းဆုံးနေပြီ ဖြစ်တဲ့ လူငယ် ထောင်ဂဏန်း အနည်းငယ်အား ဘေးဖယ်ပြီး သန်းပေါင်းများစွာသော အဖြူထည် လူငယ်လေးများ အတွက် ပြောခြင်းဖြစ်ကြောင်း အသိပေးချင်ပါတယ် ။
ယနေ့ အားလုံး သိမှီလိုက်တဲ့ ၂၀၂၁ ကနေ စပြီးပြောပါမယ် ။ တပ်မတော်မှ အာဏာယူပြီးနောက် ဖြစ်ပေါ်လာသော အရေး��ခင်းဟာ အားလုံးသိတဲ့ အတိုင်းပါပဲ ။ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတယ် ။ နစက အနေနဲ့ ကြည့်နေပါတယ် ။
နောက် ဥပဒေမဲ့ လုပ်လာကျတော့ (ဥပဒေမဲ့ဆိုတာ ငြိမ်းစုစီ လို ဥပဒေမျိုး) လူစုခွဲဖို့ သတိပေးတယ် ၊ မရဘူး ရေကားနဲ့ လူစုခွဲကြတယ် ။
(၈၈ တုန်းကလည်း ယခုလို ဖြစ်စဥ်ပါပဲ ၊ နောက်ဆုံး ဒေါက်တာ မောင်မောင် သမ္မတဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို မဖမ်းဖူးလို့ ကြေညာလိုက်တော့မှ ဒေါ်စုကြည်ထွက်လာရဲတာပါ ၊ လူထုပိုများသွားပါတယ်)
နစက အစိုးရက ရေကားနဲ့ လူစုခွဲတော့ အကြမ်းဖက်လာကြပါတယ် ။ အဲဒါကြောင့် ရာဘာတုတ် ၊ ရာဘာကျည်တွေ နဲ့ ပစ်ခတ် လူစုခွဲတဲ့ အဆင့် ရောက်လာရပါပြီ ။ ဆန္ဒပြသူတွေက မပြသူတွေကို ပြဿနာ စပြီး ရှာလာကြပါတယ��� ။
(၈၈ တုန်းကလည်း ဒီလိုပါပဲ ဆန္ဒပြသူတွေက မပြသူတွေကို မဆလဒေါက်တိုင်တွေ ရိုက်ချိုးကြ ဘာညာ နဲ့ ခြိမ်းခြောက်လာပါတယ် ၊ ကြောက်ရွံ့ပြီး လိုက်ခဲ့ရသူတွေ ရာခိုင်နှုံး မနည်းလှပါဘူး ၊ ယခု ဖြစ်စဥ်နဲ့ ယှဥ်ကြည့်ကြပါ)
နစက ရဲ့ ရေကား ရော်ဘာကျည်တွေကို မကြောက်ကြပါဘူး ၊ ဘာ်ဖက်မှ မပါသူတွေကို အနီတွေက ရန်သူသဖွယ် သတ်မှတ်ပြီး အရှက်တကဲဲဖစ်အောင် ကတုံးတုံးခြင်း ၊ မျက်ခုံးမွှေးရိတ်ခြင်း ၊ မျက်နဖာမှာ တက်တူးထိုးခြင်းတွေ အထိ ရက်စက်ယုတ်မာစွာ ခြိမ်းခြောက်လာကြပါတယ် ။ နောက်ပိုင်းမှာ သတ်ဖြတ်လာကြပါပြီ ၊ စက်ရုံတွေ မီးရှို့ ရဲစခန်းတွေ မီးရှို့ နဲ့ ဖျက်ဆီးလာကြပါပြီ ။
(၈၈ မှာလည်း အဲသလိုပါပဲ ၊ မြင်သာ စီမံကိန်းရပ်ကွက်ရှိ အဂ်ါချို့တဲ့နေရရှာတဲ့ စစ်သားဟောင်း မိသားစုတွေကို ၅၀ ကျော် ခေါင်းဖြတ်သတ်ခဲ့ကြပါတယ် ၊ ၈၀ ကျော် အိုကြီးအိုမတွေကနေ ရင်ခွင်ပိုက် ကလေးတွေ အထိ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့ကြတာ မင်းတို့ အထင်ကြီးနေတဲ့ ၈၈ မျိုးဆက်ဆိုတဲ့ နိုင်ငံရေးသမား မင်းကိုနိုင်တို့ လက်ရာ မကင်းကြပါဖူး)
ဒီအခြေအနေ ရောက်တော့ မှ နစက ဟာ တီကောင်လို ဖြစ်နေတဲ့ ပုဒ်မ ၁၄၄ အစား မာရှယ်လောထုတ်ပြန်ပြီး တကယ်ပစ်ခတ် နှိမ်နင်းခဲ့ကြပါတယ် ။ ပစ်ခတ်ရာမှာ ထိမ်းချုပ်ထားတဲ့ အမိန့်တစုံတရာကြောင့် အင်အားပြည့် မသုံးစွဲခဲ့ကြရပါဖူး ။ လှိုင်သာယာ နဲ့ မြောက်ဒဂုံ ရဲစခန်းဝင်စီးသူတွေကိုပဲ အမှန်တကယ်ပစ်ခဲ့ကြတာပါ ။ ယခုပြောနေတဲ့ အဲဒီဖက်က စာရင်း လူ ၈၀၀ သေတယ်ဆိုတာ မှန်နေပါစေအုံး ၄ လအတွင်း လူ ၈၀၀ ပဲ သေတယ် ဆိုတာ ငါတို့ အတွေ့အကြုံအရ စစ်တပ်က တကယ်မပစ်လို့ပါပဲ ။
(၈၈ မှာ တပ်မတော်က 18-9-1988 မှာ အာဏာသိမ်းတယ် ၊ နယ်မြေအလိုက် သပိတ်စခန်းလုံးဝ မမြင်ချင်ဖူးလို့ လုပ်ပိုင်ခွင့် နဲ့ တိကျတဲ့ အမိန့်ပေးလိုက်တယ် ၊ ဇောင်းအလွန်ထခဲ့တဲ့ ငါတို့ မြင်းခြံမြို့တောင် 19-9-1988 ညနေ ပိုင်းမှာ မီးခိုးတိတ်ပဲ ၊ လူကတော့ တယောက်ပဲ သေခဲ့တယ် ကျည်က နံရံမှန်ပြီး ချ��ာ်ထွက် ဘေးအိမ်က (တိုက်ဝါလို့ ခေါ်တဲ့အိမ်) အိမ်ထဲထိုင်နေတဲ့ ကုလားကြီး အချောင်သေရတယ် ။ ပြောချင်တာက အဲဒီနေ့ တနေ့ထဲ ရန်ကုန်မှာ လူ ၃၀၀၀ လောက် သေတယ်လို့ ကြားဖူးတယ် ၊ အဲဒါနဲ့ ယှဥ်ရင် ၄ လ မှ လူ ၈၀၀ ဆိုတာ တကယ်မပစ်ဖူးလို့ သတ်မှတ်လို့ရတယ်)
ကဲ အဲဒီဖြစ်စဥ် နှစ်ခုကို ာှဥ်ကြည့် လူငယ်တွေ ယခု ကာလဖြစ်စဥ်ကို အားလုံး သိမှီကြသလို မင်းတို့ အိမ်က လူကြီးတွေ ၈၈ ကို မှီခဲ့ကြရင် မေးကြည့်ကြပါ ။ ဘယ်အချက်ကို မှားပါတယ်လို့ ငြင်းကြမလဲ ဆိုတာ သိချင်ပါတယ် ။
ကဲ နောက်ဖြစ်စဥ် ကြည့်ကြပါအုံး ။ နစက ပစ်ခတ်လို့ သေကြသူတွေအတွက် သွေးထိုးပြီး လူငယ်တွေကို မြှောက်ပေးကြတယ် ။ တောင်းဆိုနေကြတာကတော့ ဒီမိုကရေစီ တဲ့ ။ Non CDM တွေကို ပြဿနာရှာ ၊ ကြားနေလူထုကို ရန်ပြု နဲ့ မင်းတို့လုပ်ရပ်ကိုက ဒီမိုကရေစီ မဆန်တော့တာ ပြန်ဆန်းစစ်ဖို့ လိုပြီ မထင်ကြဖူးလား ။ ဒါကို အားမရတော့ တောခို သူပုန်လုပ်နေကြပြန်တယ် ။
(၈၈ တုန်းက လူငယ်တွေလည်း ဒီလိုပဲ သူပုန်လုပ်ကြတာပဲ ။ ABSDF ဆိုတာ အခု မင်းတို့ ဖင်တုန်အောင်ကြောက်နေရတဲ့ KNU ၊ KIA တို့ကို လယ်ဘယ်နီးပါး ဆက်ဆံနိုင်ခဲ့ကြတယ် ၊ သီးခြားအစုအဖွဲ့ အနေနဲ့ ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့ကြတယ် ၊ ပြောရမယ်ဆိုရင် ထမင်းစားကျွန်ခံ PDF ထက် အများကြီး အင်အားကောင်းတယ် ခံယူချက်ကောင်းတယ် နိုင်ငံရေးသဘာရှိတယ် ကွ)
နစက ကို မကျေနပ်လို့ တောခိုတဲ့ တောတွင်း GZ တွေနဲ့ မြို့ပေါ်ကျန်နေတဲ့ G ပုန်း GZ လေးတွေ ချိတ်ဆက်ပြီး စစ်တပ်ကို မတိုက်ပဲ ကျောင်းတွေ မီးရှို့ကြတယ် ၊ မထောက်ခံတဲ့ အရပ်သားပြည်သူတွေကို သတ်နေကြတယ် ၊ ဆေးရုံတွေ ဗုံးခဲဲပတယ် နောက်ဆုံး အလွန်ယုတ်မာစွာ နဲ့ မဂ်လာဆောင်တွေပါ လိုက်ပြီး ဗုံးခွဲ ကြသတဲ့ ။
(အေး မင်းတို့ထက် စီနီယာပျတဲ့ ABSDF ကျောင်းသားတပ်မတော်က အဲလို ကောက်ကျစ် အောက်တန်းကျတဲ့ အလုပ် မလုပ်ခဲ့ကြဖူး ၊ စသ်တပ်ကိုပဲ တိုက်ကွက်ဖော် တိုက်ခိုက် တော်လှန်ခဲ့ကြတာ သူတို့က တော်လှန်ရေးသမား အစစ်တွေပဲ ၊ မင်းတို့က တော်လှန်ရေး မဟုတ်ဖူး ပြည်သူတွေ စီးပွားပျက် ၊ သေကြေ ၊ ပညာမဲ့အောင် လုပ်နေကြတဲ့ လူ့အောက်တန်းစား လူယုတ်မာတွေပဲ ဖြစ်တယ်)
အဲဒီလို လုပ်နေကြတာ လူငယ် သန်းပေါင်းများစွာထဲက ထောင်ဂဏန်းအနည်းငယ်သာ ဖြစ်ပါတယ် ။ ကျန်နေသေးသော လူငယ်တွေကို မှိုင်းတိုက် သိမ်းသွင်းနေကြတာ နေ့စဥ်ကြားသိနေရပါတယ် ။ သူတို့က ဘယ်လို သိမ်းသွင်းနေကြသလဲ ။
တပ်မတော်အပေါ်မှာ 80 % သော သမိုင်းအသိမှားတွေ နဲ့ မှိုင်းတိုက်ပြီး သိမ်းသွင်းကြပါတယ် ။ ယနေ့ အသက် ၄၀ မပျော်သေးသူတွေ ကောင်းစွာ မသိတော့တဲ့ ၈၈ သမိုင်းကနေ ၆၂ သမိုင်း လွတ်လပ်ရေး မရခင်ကာလ သမိုင်းများအထိ လိမ်ညာပြောဆို သိမ်းသွင်းကြပါတယ် ။
ဘယ်လိုတွေ လိမ်ညာခဲ့ကြသလဲ ? ဘယ်အချက်တွေက မှန်ပြီး ဘယ်အချက်တွေက မှားနေသလဲ ဆိုတာ ကျနော် သိထားသမျှ အောက်ဖဲအချို�� နဲ့ ရှင်းပြချင်ပါတယ် ။
လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကနေ စတင်ပြီး အလွန်သမိုင်းတွေကို ဖြေထုတ်ချင်တာမို့ အနည်းငယ် ရှည်လျှားပါလိမ့်မယ် ။ မိတ်ဆွေများ စိတ်ဝင်စားမယ် ဆိုရင် ဆက်လက်ရေးသားချင်ပါတယ် ။
ယခု အပိုင်း ၁ ပါ အချက်များထဲက မျိုးဝင်း ရေးထားတာ ဘယ်အချက် လုပ်ကြံထားပါသလဲ လေ့လာကြပါ ။ သမိုင်းကိုလည်း ဒီလိုပဲ သဘာဝကျကျ တွေးဆ ရေးသားပါ့မယ် ။
မျိုးဝင်း
#Crd_Myo_Win
https://www.facebook.com/105628051723031/posts/110738304545339/
Tumblr media
0 notes
tintun35 · 4 years ago
Photo
Tumblr media Tumblr media Tumblr media
I’m becoming my own salvation…
174 notes · View notes
tintun35 · 4 years ago
Text
Tumblr media Tumblr media Tumblr media Tumblr media Tumblr media Tumblr media Tumblr media Tumblr media Tumblr media Tumblr media
𝘼 𝙩𝙧𝙞𝙗𝙪𝙩𝙚 𝙩𝙤 𝙎𝙚𝙡𝙚𝙣𝙖’𝙨 𝙜𝙧𝙚𝙖𝙩𝙚𝙨𝙩 𝙖𝙨𝙨𝙚𝙩𝙨 - 𝙂𝙄𝙁𝙎.
224 notes · View notes
tintun35 · 4 years ago
Text
Tumblr media Tumblr media Tumblr media Tumblr media Tumblr media Tumblr media Tumblr media Tumblr media Tumblr media Tumblr media
𝐒𝐞𝐥𝐞𝐧𝐚 𝐆𝐨𝐝𝐦𝐞𝐳, 𝐭𝐡𝐚𝐭’𝐬 𝐭𝐡𝐞 𝐩𝐨𝐬𝐭.
325 notes · View notes
tintun35 · 4 years ago
Photo
Tumblr media
Curious about how NASA will land the next mission to the Red Planet – the Perseverance Mars rover? Here’s your chance to ask our expert! 
After nearly 300 million miles, our Perseverance rover completes its journey to Mars on Feb. 18. To reach the surface of the Red Planet, it has to survive the harrowing final phase known as Entry, Descent, and Landing. Mission engineer Chloe Sackier will be taking your questions in an Answer Time session on Thursday, Feb. 4 from noon to 1pm ET here on our Tumblr! Make sure to ask your question now by visiting http://nasa.tumblr.com/ask. 
Chloe Sackier is a systems engineer at NASA’s Jet Propulsion Laboratory (JPL) in Southern California. She works on the Mars 2020 Entry, Descent and Landing team, tasked with safely delivering the Perseverance rover to the surface of Mars.
Tumblr media
Landing Perseverance on Mars – fun facts: 
The landing system on the mission includes a parachute, descent vehicle, and an approach called a “skycrane maneuver” for lowering the rover on a tether to the surface during the final seconds before landing.
Perseverance will use new technologies for landing, including Terrain-Relative Navigation. This sophisticated navigation system allows the rover to detect and avoid hazardous terrain by diverting around it during its descent through the Martian atmosphere. 
A microphone allows engineers to analyze entry, descent, and landing. It might also capture sounds of the rover at work, which would provide engineers with clues about the rover’s health and operations.
Make sure to follow us on Tumblr for your regular dose of space: http://nasa.tumblr.com.
4K notes · View notes
tintun35 · 4 years ago
Photo
Tumblr media
2 notes · View notes
tintun35 · 4 years ago
Photo
Tumblr media
Sharon Tate photographed wearing a birthday suit custom designed for her by Paul & Gwendolyn (Doris) Tate which debuted on this day (Jan 24) in 1943.
Jewelry by Andrew Grima  https://grimajewellery.com/the-book
I don’t know where the balloons came from, they weren’t there yesterday
196 notes · View notes