Tumgik
stevenlwin · 3 years
Text
ခက်ခဲ တာ ဆုံးဖြတ် တော့ ဆုံးဖြတ်ရ ခက် ခဲ တာ ပေါ့။
လူ တွေက ဆာဂျင် ဆို လျှင် စာတတ်ရမည် ဟုပြောကြသ ည်။ မှန် ပေ ၏။ တချို့ကလည်း ခွဲ တတ်ရ မည် ဟုဆို ပြန်သည်။ မှန်ပြန် ရော။ ဒါ ဖြင့် အရည် အချင်း ပြည့် သော ဆာဂျင် ကောင်း တ ယောက် ဖြစ် ဖို့ ဘာ လို သလဲ။ ဆာဂျင် တ ယောက် လို အပ်သည့် အရည် အချင်း များ ကီု စာတပုဒ် နှင့် ရေး လို့ မရနိုင်။ သို့ပါ၍ ဆာဂျင် ၏ မရှိ မဖြစ် သော အရည် အချင်း များ ထဲ မှ တခု ကို ပဲ ပြောပြ ချင် ပါ သည်။ ဆာ ဂျင် သည် စာတတ်ရုံ နှင့်မရ ၊ ခွဲ တတ်ဖို့ လဲ လိုသည်။ အလားတူ အရေးကြီးသည့် အရည် အချင်း က တော့ အဆုံးအဖြတ်ပါပဲ။ decision making မှန်ကန် သော ဆုံးဖြတ်ချက် ချခြင်း သည် ခွဲ စိတ်ဆရာ ၏ အသက် တမျှအရေးကြီး သည့် အရည် အချင်း ပင် ဖြစ် တော့ သည်။ ဆာဂျင်သည် လူနာတယောက်ကို စစ်ဆေး စမ်းသပ်ပြီး သောအခါ အရေးကြီးဆုံး သော ဆုံး ဖြတ်ချက် တခု ကို ချရသည်။ အဲဒါက တော့ ခွဲ ဖို့ လို သလါး၊မလိုဘူးလါး ဆို တာ ပါ ပဲ။ ခွဲရမည့် လူနာ ကို မခွဲ မိလျှင် လူနာ အတွက် မ ကောင်း။ ထိုနည်းတူ မခွဲ သင့်သည့်လူနာ ကို ခွဲမိလျှင်လဲ လူနာမှာ အန္တရာယ်။ ခွဲ ဖို့ဆုံးဖြတ်လိုက်ပါပြီတဲ့ ၊ ဘယ်တော့ခွဲမှာလဲ ၊ ဒီညလါး နောက် တနေ့လါး နောက် တပတ်လါး။ မေ့ဆေး နဲ့ခွဲ မှာ လား။ ထုံ ဆေး နဲ့ ခွဲ မှာ လား။ သွေး တောင်း ထား ဖို့ လို သလါး။ ပိုးသတ် ဆေးကြို ထိုး ထား ရမ လါး။ နှာ ခေါင်း ပိုက် ထဲ့မှာ လါး။ ဆီး ပိုက် ထဲ့ ထါး ဖို့ လို သလား ဝမ်းပိုက် ဆို အပေါ်ဖက် ကို ခွဲ မှာ လါး။ အောက် ဖက် ကို ခွဲ မှာ လါး။ ကန့်လန့် ခွဲ မှာလား၊ ဒေါင်လိုက် ခွဲ မှာ လါး။ ခွဲ ပြီး လျှင် အထူး ကြပ်မတ်ခန်း ICU HDU ထားရမှာ လါး။ စသဖြင့်စသဖြင့် လား ပေါင်း များ စွာ ကို တပြိုင်နက်ထဲ ဆုံးဖြတ်ရသည်။ မခွဲ ဘူးလို့ ဆုံး ဖြတ်လျှင် အေး သွား ရော လါး။ နောက်ထပ်ဆုံးဖြတ်စရာ တသီကြီး ပါလါလိမ့်မည်။ ဆေးထိုး မှာလါး ၊ ဆေးတိုက်မှာ လား။ အစာ ကျွေး မှာ လါး။ အစာ ရေ ဖြတ်ထါးမှာလား။ ဘာ လက္ခဏာ တွေစောင့်ကြည့် မှာ လဲ။ ဘယ် လက္ခဏာ တွေ တွေ့ရင် ခွဲ ဖို့ ဆုံး ဖြတ်မှာ လဲ။ လဲ ပေါင်း များစွာ လါး ပေါင်း များစွာကို ဆုံးဖြတ်ရသည်။ ဒါတောင် တရက် စာ ပဲ ရှိ သေး သည်။ ခွဲ ပြီး နောက်ရက် တွေမှာ ရေ တိုက်မှာ လား။ အစာ ကျွေးမှာ လါး အနာ ဆေး ထဲ့ သင့်ပြီလား။ သောက် ဆေး ပြောင်းရမလား။ ချုပ်ရိုး ဖြေချိန်တန်ပြီလား။ လူနာတယောက်အတွက် တချိန် ချိန် မှာ အနဲဆုံး ဆုံးဖြတ်ချက် ၁၀ ခု အထက် ဆုံးဖြတ်ဖို့လို ပါသည်။ လူနာ ၁၀ ယောက်ရှိ လျှင် တချိန် တည်း ဆုံး ဖြတ်ချက် အခု တရာ လောက် ဆုံးဖြတ်ရန်လို ပါသည်။ တနေ့ ၂၄ နာရီ တပတ် ၇ ရက် ဆုံးဖြတ်ရန် လို ပါသည်။ ဆုံး ဖြတ် မှု ဆို တာ မှန်မှန်ကန်ကန်ဖြစ် ဖို့ ဇိုးကနဲ ဇတ်ကနဲ ဆုံး ဖြတ်လို့မရ။ အကျိုးအပြစ် တွက်ရသည်။ အကျိုး အများဆုံး ကို အလေးပေး ဆုံး ဖြတ်ရသည်။ တခါတလေ အရေးကြီး ဆုံးဖြတ် မှု မျိုးဆို တနေ့ ကုန် တည ကုန် စဉ်းစား သုံးသပ်ရသည်။ သွားလဲ ဒီစိတ် မှ စား ၊ အိပ် ၊ အိပ်မက်မက်၊ နိုး ထိ ဒီ စိတ် ပဲ။ အချိန်ယူ ဆုံးဖြတ်ရ သည် ဆို သော် လည်း အချိန် လွန် ဆုံးဖြတ်ချက် ကျ တော့ ဘာမှ အသုံး မဝင် တော့ ပြန်။ ဆုံးဖြတ်ချက်ဆို တာ အမြဲ မမှန်။ မှား တာတွေ လဲ ရှိ သည်။ အသေးစားအမှားဆို တော် သေးသည်။ အကြီးစားအမှားဆို ပေးဆပ်ရသည် က ကြီးမားသည်။ ဆာဂျင် သည် တနေ့တခြား အမှားနဲ လာ သင့် သည်။ မှန်ကန် သော ဆုံးဖြတ်မှု တွေ များ လာသင့် သည်။ မှန် ကန်သော ဆုံးဖြတ်မှု သည် ဘာ ပေါ်မူ တည် ပါသလဲ။ ၁ ။ခွဲစိတ်ဆရာ၏ စာ တွေ့ လက် တွေ့ ကျွမ်း ကျင်မှု ပေါ် မူ တည် သည်။ ၂။ အတွေ့ အကြုံ ရင့် ကျက် မှု ပေါ် မူ တည် သည်။ ၃။ အထက်ပါ နှစ်ချက် ကို ပေါင်း ပြီး သုံးသပ် ဆင်ခြင် နိုင်မှု ပေါ် မူ တည် သည်။ learning, experience and reflection ဟု ခေါ်ပါသည်။ ဆာဂျင် သည် စာတတ်ဖို့ လိုပါသည်။ အင်္ဂလိပ်စာ ၊သင်္ချာ အစ ခန္ဒာ ဗေဒ၊ ဇီဝ ကမ္မဗေဒ အလယ်။ ဆေးပညာ ၊ခွဲစိတ်ပညာ အဆုံး ဘာမှ မကျန် အောင် တတ်ဖို့လို ပါသည်။ စာမတတ်လျှင်ရှေ့ဆက် စရာ မလို တော့ ပါ။ အတွေ့ အကြုံ ရှိရန်လို ပါသည်။ ဆေးပညာ တွင် သမားဆို အို မှ ဆာဂျင် ဆို ပျို မှ ဟု ဆို ရိုး ရှိ သည်။ ပျို ရင် အတွေ့ အကြုံ နဲ မှာ ပေါ့။ ပျို ဟူ သည် ငယ် ရွယ် တာ ကို မဆို လို ပါ။ ကြံ့ခိုင်မှု ကို ဆို လို ပါ သည်။ ဆာဂျင် သည် အစာ ရေ စာ မစား ပဲ နာရီ ပေါင်း များ စွာ မတ်တပ် ရပ် နေ နိုင် ရသည်။ ည လုံး ပေါက် မအိပ်ပဲခွဲစိတ်ပြီး မနက် ဆက် အလုပ်လုပ်နိုင်ရသည်။ ကာယ အင်အားပေါ်တင် မက စိတ်ဓာတ် ရေးရာမှ လဲ ပြင်းထန် သော ဖိစီးမှု ကို ခံ နိုင်ရသည်။ ထို့ ကြောင့်အသက်ကြီးကြီး ငယ်ငယ် လက် တွေ့ အများကြီး လုပ်ဖူးဖို့လို သည်။ လူ ပြောမသန်၊ လူသန် မပြော ဆို သလို ကိုယ် တိုင်မခွဲဘူးပဲ စာချည်းလှိမ့်ရေး နေ လို့ မရ။ experience သည် တခါ တ လေ ဆုံး ဖြတ် ချက်မှ ပေါက်ဖွား လာ တတ် သည်။ မှား ယွင်း သော ဆုံး ဖြတ်ချက် များ သည် ခါး သီး သော အ တွေ့ အကြုံ များ ကို ပေး သည်။ ခါးသီး သော အတွေ့ အကြုံများ သည် မှန်ကန် သော ဆုံးဖြတ်ချက် များ သို့ ဦး တည် စေ သည်။ နောက် အ ရေးကြီး သော အချက် က reflection ပြန်လည် သုံး သပ်ဆင်ခြင် နိုင် သော အရည် အချင်း ရှိ ခြင်း ပင်။ သိထား သော ပညာ ၊ ရှိ ထားသော အ တွေ့အကြုံ ကို အခြေခံပြီး ဆင်ခြင် ခြင်း ဖြစ် သည်။ သုံးသပ်
ဆင်ခြင် နိုင် သော အရည် အချင်း မရှိ လျှင် ဆာ ဂျင် ကောင်း တ ယောက် မဖြစ် နိုင်။ Decision making သည် action မဟုတ်ပါ။ process ဖြစ်ပါသည်။ သိထားသောပညာ၊ ရ ထား သော အချက် အလက် ၊ ရှိ ထားသော အတွေ့ အကြုံ လို ပါသည်။ ယင်း တို့ကို ဆင်ခြင် သုံးသပ် ပြီး အ ဖြေ မှန် သို့သွားရ သော လုပ်ငန်းစဉ်ဖြစ်ပါသည်။ လွန်ခဲ့သော နှစ် ပေါင်း ၂၄၀၀ ကျော် က ဟစ်ပိုကရေးတီးစ် သည် ယခုလို မြည် တမ်း ခဲ့ ပါ သည်။ “Life is short, and Art long; the crisis fleeting; experience perilous, and decision difficult…… လူ့ ဘဝသည် တို တောင်းလှပါ၏။ လေ့လာ ရ မည့် ဆေးကုခြင်း အနုပညာ က တော့ ရှည် လျား၊ ထွေပြား၊နက်ရှိုင်းလှပါဘိ။ ပြဿနာ အပေါင်း သည် စဉ်ဆက်မပြတ် တခု ပြီး တခု ကြုံ လာ နေ ၏။ မှန်ကန် စွာ ဖြေ ရှင်း နိုင် ဖို့ အခွင့်အလမ်း က တော့ နှစ်ခါ မရ နိုင်။ ပေါ် လာ နိုင် သော အကျိုး ဆက်တွေ က အန္တရာယ် များ လှ ပါ ၏။ ဆုံးဖြတ်ချက် များသည် ကား၊ တစေ အမြဲ ၊ခက်ခဲလှပါဘိ တောင်း။
📷 📷 107Aung Gyi, Aung Myint Khin Mon and 105 others 8 comments 1 share Like Comment Share 8
0 notes
stevenlwin · 3 years
Text
ကျွန်တော် မေး မိအပြစ်ရှိ
ကျွန်တော် တို့ ထုံးစံ တခု ကိုပြောပြ ချင် ပါသည်။ ခွဲစိတ်ဆရာဝန် ထံ လူနာ တ ယောက်လာ လျှင် ပထမဆုံး ရာဇဝင် ကို အရင် မေး ရသည်။ အချို့ လူ နာ များ က စစ်စစ် ပေါက် ပေါက် မေး လျှင် မကျေ နပ် ချင်ကြ။ ဒီဆရာ ဝန် စပ်စု ရန် ကော။ ပထမဆုံး နာမည် မေးရသည်။ အသက်။ နေ ရပ် လိပ်စာ။ နာမည် က တော့ ဟုတ် ပါပြီ။ အသက် ၊နေရပ်လိပ်စာ ၊ အဖေနာ မည် က တော့ လွန်သွား ပြီ။ ဘာဆိုင် လို့ တုံး။ လူ တ ယောက်ကို သတ်သတ်မှတ်မှတ် ဖြစ် ဖို့ က နာမည် တခု တည်း နှင့် မရပါ။ လူ ဆိုတာ နာမည် တူ တွေ အများသား။ အသက် ၄၀ ဒေါ်မြ နှင့် အသက် ၇၀ ဒေါ် မြ ကို ခွဲခြား နိုင် ဖို့ လို သည်။ ဥပမာ အသက် ၅၀ အရွယ် ဒေါ် အေး နှစ် ယောက် ဆေး ရုံ လာတက်ပြီ ဆို ပါစို့။ လှိုင် က တ ယောက် ဗိုလ်တထောင် က တ ယောက် ဟူ၍ လိပ်စာ ကြည့်ပြီး ခွဲ လို့ ရပါသည်။ အ ဖေ နာမည် လဲ မတူ နိုင်၍ ခွဲ ခြား နိုင် သည်။ နိုင်ငံခြား ဆရာ ကြီး များ က တော့ သူ တို့ ဆီမှာ ဘားကုတ် နှင့် လက် ပတ်ရှိ ကြောင်း ပြော ကြ ပေ လိမ့် မည်။ ဘားကုတ် လက်ပတ်တခု ဖြစ် လာ ဖို့ က နိုင် ငံခြား လို တအား တိုးတက် ဖို့ မလိုပါ။ ငွေ ရှိ ဖို့ ပဲ လို ပါသည်။ ဆက် မေး ကြရ အောင်။ အိမ်ထောင် ရှိ ပါသလား။ ဒါ က တော့ လွန် လာ ပြီ။ သူဖာသာ သူ အိမ်ထောင်ပဲကျကျ ၊ တယောက် တည်း ပဲနေ နေ၊ ဆရာ ဝန် နဲ့ ဘာ ဆိုင် လဲ။ ဥပမာ အမျိုးသမီး တ ယောက် သည် ရင် သား အကျိတ် လာ ပြသည် ဆို ပါ စို့။ အပျို ကြီး များ သည် အိမ်ထောင်သည် များ ထက် ယေဘူယျ အား ဖြင့် ကင်ဆာ ဖြစ်နိုင် ခြေ ပို များ သည်။ အိမ် ထောင် သည် ချင်း အတူတူ ကလေး မမွေး သူ က ၊ က လေး မွေးသူ ထက် ကင်ဆာ ဖြစ် နိုင် ခြေ ပိုများ သည်။ က လေး မွေး ထား သူ ချင်း အတူတူ နို့ မတိုက်သူ က နို့ တိုက်သူ ထက် ကင်ဆာ ဖြစ် နိုင် ခြေ ပို များ သည်။ထို့ အတွက် မေးရပါသည်။ ကောင်းပါပြီ။ ဒါ ပေသည့် ခု လူ နာ က ရင် သား အကျိတ်လာ ပြတာမှ မဟုတ်ပဲ။ ဆရာဝန် တွေ သိချင်တာ တခု ရှိ သည်။ အဲဒါက တော့ ကလေး ကိုယ်ဝန် လွယ် ထားသလား ဆို တာ ပါ ပဲ။ အိမ်ထောင် သား မွေး အရွယ် မိန်း ကလေး များ သည် ဆရာဝန် နှင့် လာပြ ချိန်တွင် ကိုယ် ဝန် ရှိမရှိ ကို ဆရာဝန် အနေနှင့်သိရန် လို ပါသည်။ သို့ မို့ ကြောင့် အိမ် ထောင် ရှိမရှိ ကို မေး ပြီး ဆရာဝန် က စကား လမ်း ကြောင်း ခင်း နေ ခြင်း ဖြစ် သည်။ အဓိပ္ပါယ် က တော့ အိမ် ထောင် ရှိ တယ် ဟု ဖြေ လျှင် ကလေး မွေးဘူးလား၊ ကိုယ် ဝန် ရှိ လား ဆက် မေး တော့ မည်။ အိမ်ထောင်မရှိ ပါဟု ဖြေလျှင် ဆရာ ဝန် အနေ နှင့် ကိုယ် ဝန် ကိစ္စ မေး ဖို့ခက် သွား ပြီ။ အမှန် က အိမ် ထောင် ရှိ တာ နဲ့ကိုယ် ဝန် လွယ် တာ က ဘာ မှ မသက်ဆိုင်။ နိုင်ငံခြားပညာ သင်သွားသည့် အပျိုကြီး တပည့် မ တယောက် အ ကြောင်း ပြော ပြ ပါမည်။ သူ့ ကိုဆေးစစ် သော နိုင်ငံခြားသူ ဆရာ ဝန် မ က ရှေ့ မှာ ရေး ထား သော single ဆို သည့် စာ ကိုဖတ် ပြီး မှ ဗိုက်ကို ပုတ် ပြီး baby? ဟု မေး ပါသတဲ့။ ဟုတ်တယ် လေ။ သူ က ကိုယ် ဝန်ရှိ မရှိပဲ သိချင် တာ။ single/ married ကို သူ စိတ်မဝင်စား။ မြန်မာ ပြည်မှာ single ကို ကိုယ် ဝန်ရှိ လား မေးရင် ပြဿနာ အကြီးကြီးရှိ နိုင် သည်။ မစိုး ရိမ်ပါနှင့်။ ကိုယ် ဝန် ရှိမရှိ သိ နိုင်သည့် အခြား နည်း လမ်း တွေ ရှိ ပါ သေးသည်။ ဥပမာ ဓမ္မတာ သွေး မှန် သလား ပေါ့။ မှန် တယ် ဟု ဖြေ လျှင် နောက် ဆုံး သွေး ပေါ် တဲ့ ရက် ကို မေး နိုင် သည်။ ကဲ ဘာ ကြောင့် များ ကိုယ် ဝန်ရှိ မရှိ ဒါ လောက် သိ ချင် နေရတာ လဲ။ ကျွန် တော်တို့ ခွဲစိတ်ကု ရသော ရော ဂါ များထဲ တွင် ကိုယ် ဝန် ကြောင့် ဖြစ် နိုင် သော ရောဂါ များ ရှိ ပါသည်။ သား ဥ ပြွန် တွင် သ န္ဓေတည် သော ရော ဂါဆို လျှင် အမြန်သိရှိ ကုသပေး ဖို့ လို သည်။ တခေတ်တခါက နာမည် ကြီး ရုပ်ရှင် သရုပ်ဆောင် တဦး သည် ပင် အသက်ဆုံးရှုံးရဖူးသည့် ရာဇဝင် ရှိ ခဲ့ သည်။ ဟုတ် ပါပြီ။ ဒါ ပေ မယ့် ခု လူ နာ က ဗိုက်နာ လို့ လာ ပြတာ မှမဟုတ်ပဲ။ ဆုံး အောင် ဖတ်ပါဦး။ ကိုယ်ဝန်ပထမ ၃ လ တွင် သန္ဓေသား သည် ကိုယ် လက် အင်္ဂါ ဖွံ့ဖြိုးမှု မပြည့် စုံသေးပါ။ ထို အချိန်တွင် သောက်သုံး မိ သော အချို့ ဆေး များ သည် ကိုယ် လက်အင်္ဂါ ချို့ယွင်း မှု ကို ဖြစ် စေ နိုင် သည်။ ၁၉၅၀ နှစ်ပိုင်းက စိတ် ငြိမ်ဆေး အဖြစ် အသုံး ပြု သော သာ လီဒိုမိုက် ဆေး သည် ကိုယ် ဝန် ဆောင် မိခင် များ တွင် ခြေလက် အင်္ဂါ ချို့ယွင်း သော ကလေး များ မွေး ဖွား စေ ကြောင်း တွေ့ရှိခဲ့ကြ ဘူးသည်။ ထို့ ကြောင့် ကိုယ် ဝန် ပထမ ၃ လ အတွင်း ရှိ လူ နာ များ ကို ဆေး ပေး ရာ တွင် အထူး သတိ ထားရပါသည်။ ကိုယ် ဝန်ပထမသုံး လအတွင်း ဝမ်း ပိုက်၊ ရင် ခေါင်း စသဖြင့် ဓါတ်မှန် ရိုက် လျှင် ဗိုက် ထဲ က၊က လေး ကို ထိခိုက်နိုင်ပါသည်။ ကိုယ် ဝန် ဆောင် စဉ် တလျှောက် လုံး ဓါတ်မှန်ရိုက်ခြင်းကို ရှောင် ပြီး အာထရာ​စောင်း ကို အစားထိုးသုံးစွဲ ကြသည်။ မဖြစ်မနေ ဓါတ်မှန်ရိုက်ရန်ရှိပါက အကာအကွယ် shield အသုံးပြုရန် လို ပါ သည်။ ဆရာဝန် များ သည် အလွန်မှ အချိန်ရှားပါးကြပါသည်။ ကြည့်ရ သော လူ နာ အ​ရေအတွက် က လဲ မတန်တဆများပြားလှပါသည်။ သူတို့မှာ စကားအပို​ပြောဖို့ အချိန် မရှိပါ။ သူတို့မေးသောမေးခွန်းတိုင်းသည် အမှန်တကယ်လိုအပ်၍ မေး သောမေးခွန်းများသာ ဖြစ် ပါသည်။ ထို့ကြောင့် လူနာ များ
အနေနှင့် ဆရာဝန် မေး​ သော မေးခွန်းများ ကို တိတိပပ​ ဖြေ ဆို ပေးရန် အထူး လို အပ်ပါသည်။ မိ မိမှာ ကိုယ် ဝန်ရှိခဲ့ လျှင် ဆရာဝန် ကို သိ အောင် ​ဆောလျင်စွာ ပြောဖို့ လို ပါသည်။ မိမိ မှာ ကိုယ် ဝန် ရှိမရှိ ၊ မ​သေချာ သော အ​ခြေအ​နေ ဆို လျှင် လည်း ဆရာ ဝန် ကို ပြော ပြ ��ြင်း ဖြင့် ဆရာ ဝန် က လိုသလို စစ်​ဆေး ပေးနိုင် ပါသည်။ မိမိ အ ခြေ အနေ ကို မသိ စေ လိုသော အ ဖော် များ ရှိလျှင်လည်း ခေါ်မလာ ဖို့ လို ပါသည်။ ဆရာ ဝန်သည် လူ နာ ၏ ကောင်းကျိုး အတွက်သာ အတတ်နိုင်ဆုံး ဆောင်ရွက် ရန်သာ ရှိ ပါသည်။ ဆရာဝန်များ အ​နေ နှင့် လူ နာ ကို အပြစ် တင်ခြင်း၊ ရှုံ့ချ ခြင်း များ မလုပ်ဖို့ လို ပါသည်။ လူ နာ ၏ အတွင်း ရေး ကိစ္စများ ကို လှိူ့ ဝှက် ထား နိုင် ဖို့ လဲ လို ပါသည်။ သို့ မှသာ လူ နာ ထံမှ ပွင့်လင်း သော၊ မှန်ကန် သော၊ ရာဇဝင် ကို ရမည် ဖြစ် ပါသည်။ သို့ပါ၍ လူနာ အနေနှင့် ရာသီ ထိန်ခြင်းရှိပါက ဆရာဝန်အား မထိန် ပဲ ပြောပြ ရန် အထူးလိုအပ်ပါကြောင်း ရေးသား လိုက်ရပါသည်။
📷 📷 139Nyunt Thein, Myo Myat Thu and 137 others 12 comments 5 shares Like Comment Share 12 comments
0 notes
stevenlwin · 3 years
Text
မရဏဿတိ
သေခြင်းတရားကို သတိရခြင်း၊ နှလုံးသွင်း ခြင်း လို့ အဓိပ္ပါယ် ရ ပါသည်။ ဇာတိ ဇရာ ဗျာဓိ မရဏ ဤ လေး ဖြာမှာ လူ တွေ သည်း ခြေ ကြောက် တာ က တော့ မရဏ ပါ ပဲ။ ရှိနေတာ လဲ သိ၊ လာမှာ လဲ သိ ၊ ဒါ ပေသည့် ကြောက်တာက တော့ ကြောက် တာ ပါ ပဲ။
ရေးတဲ့လူ တောင် ကြောက် ကြောက် နဲ့ ရေး နေ တာ။ သေခြင်းတရား နဲ့ ပတ်သက်လို့ အနောက်နိုင်ငံ မှာ ကြုံဖူးတာ လေး တွေ စ ပြော ပါမည်။ စာရေးသူ စာသင်သား ဘဝ က ပေါ့။ အနောက်နိုင်ငံက ဆေးရုံ တခု မှာ လူ နာ ရောင်း လှည့်ရင်း ဆရာဝန် ကြီး လတ် ငယ် တစု လူ နာ အမျိုးသမီး ကြီး တယောက် ကုတင် သို့ ရောက် လါ ကြပါ သည်။ အမျိုး သမီး ကြီးမှာ နောက်ဆုံး အဆင့် ကင်ဆာ ဝေဒနာ ရှင် တဦး ဖြစ်ပါသည်။ သူ မ၏ ရောဂါ အခြေ အနေ ကို လဲ သိရှိ လက်ခံ ထားသူ ဖြစ်ပါသည်။ သူ မ ရှေ့ တွင် ကျွန်တော် တို့ဆရာဝန်တသိုက် ပွင့်ပွင့် လင်း လင်း ဆွေး နွေး ဖြစ်ခဲ့ကြသည်။ တယောက် က လူ နာ ကို ခွဲ စိတ် သင့်သည် ဟု ဆို ၏။ တယောက် က ကင်ဆာ ဆေး သွင်း ဖို့ အကြံပြုသည်။ တယောက် က ဝေဒနာ သက်သာဖို့ ဓာတ် ရောင်ခြည် က အကောင်းဆုံးဟု ဆို သည်။ တယောက် ကလဲ ဆေး အားလုံးဖြတ် ၊ ကြိုက်တာစားပြီး စိတ်ချမ်းသာအောင် နေ သင့်သည် ဟု ဆိုပြန် သည်။
ကျွန် တော် တို့အားလုံး ဆွေး နွေး ငြင်း ခုံ နေ သည် ကို လူနာ အမျိုးသမီးကြီး က ပြုံးပြုံးကြီး ထိုင် ကြည့် နေ သည်။ နောက် ဆုံးမှ “ now what are you gonna do? Shoot me ? ဟု မေးပါသည်။ ကဲ နင် တို့ဘာဆက်လုပ်ကြမလဲ။ ငါ့ကို သေနတ်နဲ့ပစ်ပြီး အဆုံး စီရင်မလား ဟု မေးခြင်း ဖြစ်ပါသည်။
အနောက်တိုင်း နိုင်ငံ များ တွင် သူတို့ ချစ် သော မြင်း၊ ခွေး အစရှိသော တိရ စ္ဆာန် များ ကို ကယ်လို့ မရသော နောက် ဆုံး အချိန် တွင် သေနတ်နှင့် ပစ်သတ် သော အလေ့အထ တခု ရှိပါသည်။ ယင်း အပြုအမူ ကို mercy killing ဟု ခေါ်သည်။ ခံစား နေရသော ဝေဒနာ ကို ပိုင် ရှင် ကိုယ် တိုင် မျက်ရည် လည်ရွဲ ဖြင့် အဆုံးသတ် ပေး လေ့ရှိကြသည်။ လက်ရှိ ခေတ် မှာတော့ တိရစ္ဆာန်
ဆရာဝန် များ က ဆေး ထိုး ပေး ကြ သည်။
လူနာ အမျိုးသမီးကြီး သည် mercy killing ကို ရည် ညွှန်းပြီး ကျွန်တော်တို့တသိုက်ကို ကြည်စယ် ခြင်း ဖြစ်ပါသည်။ ဤ အမျိုးသမီး ကြီး၏ အ တွေးသည် မည်သို့ရှိသည် ကို ကျွန် တော် မသိပါ။ ကျွန်တော်သိသည် က သူမ သည် သေခြင်း တရား နှင့် ကောင်း ကောင်းကြီး ငြိမ်း ချမ်း ရေး ရယူပြီးသူ တယောက် ဖြစ် ခြင်း ပင်။ ကောင်း လေစွ။
အရှေ့တိုင်း နိုင်ငံထဲ က တနိုင်ငံဖြစ် သော ကျွန် တော်တို့ နိုင်ငံမှာ ဘယ်လို ရှိပါသလဲ။
အဘိုးကြီး အမယ်ကြီး တယောက် နေ မကောင်းပြီ ဆို မိသားစု အမျိုးတသိုက် ကုကြပြီ။ အင်္ဂလိပ် ဆေးလဲ ပါသည်။ ဗမာ ဆေး လဲ ပါသည်။ ရိုးရာလဲ ပါသည်။ ဗေဒင်ယတြာ လဲ မချန်။ ကာယကံ ရှင် လဲ သူတို့ဆွဲ ခေါ်ရာ ဒရွတ်ပါပြီး အကုခံရသည်။ ဘာဖြစ် နေ လဲ ဆို တာ ကာယကံ ရှင် ကို ဘယ်သူမှ မပြော။ ဆေးကု ခံ ဖို့ ဆန္ဒ ရှိ မရှိ ဘယ်သူ မှ မမေး။ ဆေးကု ခံ ဖို့ ဆန္ဒ ရှိ မရှိ လဲ ဘယ် သူ မှ မသိ။ ဆရာဝန်က ရှင်း မပြ ဘူးလား။ မိသားစုက ပိတ်ထားလို့ ရှင်း ပြ ခွင့်မရ။ လူ နာ မှာ လူ ကျေ ရုံမက စိတ်ပါ ကျေ သည်။ မော မော ပန်းပန်း နှင့်အသက်ပါသွား တတ်သည်။ တခါ တလေ ဘဝ ပြောင်းသွားတာ တောင်သိလိုက်ရဲ့လား။
တချို့ကတော့ မိမိ၏ ကြီးမား သော ဝေဒနာ ကို ရေ ဆုံး မြေဆုံးကုကြသည်။ အရှုံးမပေးသည့်စိတ် ဓာတ်ကို တော့ လေးစားပါသည်။ သဘာဝ တရား ကို ဘယ်လို လွန်ဆန်မလဲ။ ဒီဆရာမနိုင် လျှင် ဟိုဆရာ ပြောင်းသည်။ ဟို ဆရာ မနိုင် လျှင် နိုင် ငံခြား ထွက်ကုသည်။ အဆုံးသတ်အဖြေက တော့ အတူတူ ပါပဲ။
သေ ခြင်းတရားကို လူ ချင်းတူတူ ဗုဒ္ဓ ဘာသာဝင် များက ပို ကြောက် ကြ သည်။ အခြားဘာသာဝင်များမှာ ထာဝရ ဘုရားရှိ သည်။ သူတို့ ဖြစ်ပျက်သမျှသည် ဘုရား အလို တော် အတိုင်း ဆို တော့ အထိုက် အ​လျောက်နှစ်သိမ့်မှုရနိုင်သည်။ ဗုဒ္ဓ ဘာသာမှာ က အနာဂတ် သည် အတိတ်ကာလ က ပြုခဲ့သမျှ သော ကုသို လ် ၊ အကုသိုလ် နှင့်ပဲ ဆိုင်သည်။ အဲဒီ တော့ အတိတ်တလျှောက် မိ မိ ဘာလုပ်ခဲ့သည် ကို မိမိ ဖာ သာ အသိဆုံး ဖြစ်မည်။ ဒါ ကြောင့် ကြောက်ကြတာ ထင် သည်။
လူနာ တိမ်းပါးသွားလျှင် လူနာရှင်များက ဆရာဝန်ကို သူတို့ လူနာ ဘာကြောင့်ဆုံးသွား လဲ မေးလေ့ရှိပါသည်။ ဆရာဝန်ကလဲ ကင်ဆာ ရောဂါ အစရှိသဖြင့် ရှင်း ပြရပါသည်။ ထို မှ တဆင့် တက် လါပြီး ဘာ ကြောင့်ဖြစ် ရတာ လဲ ဟု မေး လေ့ရှိ သည်။ ဆရာဝန်က လဲ ဆေးလိပ် သောက်လို့ ၊ အချဥ် တည် ထားတဲ့ စားစရာ တွေ စားလို့ စသဖြင့် ရှင်းပြသည်။ မြတ်စွာဘုရား ကို နတ်သား က ၊အချို့သူတို့သည် အနာ ရော ဂါ ကင်း ပြီးအချို့ သူတို့ အ နာ ရော ဂါ ထူ ပြော ရသည် ကို မေးခွန်း မေးတာ သတိ ရသည်။
ဆက်လက် ပြီး အဲသလို ရော ဂါ မဖြစ် အောင် ဘယ် လို ကာ ကွယ် ရမလဲ အစရှိ သဖြင့် မေး လါကြပြန် သည်။ ဆရာဝန်လဲ တတ်သရွေ့ မှတ် သရွေ့ ကြိုးစား ဖြေရသည်။ စိတ်ထဲ မှာ တော့ ငါသိရင် အသက် ငါးရာ လောက် တော့ နေ ရ မှာ ဟု တွေး မိသည်။
ဇာတိပိဒု က္ခော ၊ မရဏံပိဒုက္ခံ ဟု ဖြေ လျှင် အရိုက်ခံရဖို့များသည်။
ဆေးပညာ တွင် လူ့ဘဝ နောက် ဆုံး အချိန် တွင် စိတ် အဆင့် ၅ ဆင့်ကို ဖြတ်သည် ဟု ဆို သည်။
၁ အဆင့်က ငြင်းပယ် ခြင်း ��က်မခံ ခြင်း Denial ။ ဆေးစစ်ချက်ကမှားတာပါ။ မဖြစ်နိုင်ပါ။ ပြန် ကောင်းသွားမှာ အစရှိသဖြင့်မိမိ ကိုယ် ကို ညာကြသည်။
၂ အဆင့် က ဒေါသ Anger. ငါမှ ရွေးဖြစ်ရသလါး။ လောကကြီး မတရား စသဖြင့် ဒေါသတကြီး တုံ့ပြန်သည်။
၃ အဆင့် ရောက် တော့ အပေး အယူ လုပ် သည်။ Bargaining. အရက် ဆေးလိပ် တသက်လုံး ရှောင် တော့ မည်။ သက်သတ်လွတ်စားပြီး ဥပုသ် ရက်ရှည် စောင့်မည်။ ရောဂါ ပျောက် ပါ စေ။
၄ အဆင့် သည် စိတ်ကျခြင်း
Depression အဆင့် ၃ မအောင်မြင်သည့် အခါ ပြင်းစွာ စိတ်ဓာတ်ကျ လာသည်။ မစားနိုင် မအိပ်နိုင်။ ဆောက်တည်ရာမရ။ ဖြေဆည်ရာ မရ။
၅ အဆင့် လက်ခံခြင်း ငြိမ်းချမ်းခြင်း Acceptance. အဆင့် ၄ ခု ကို ကျော် လွန် ပြီး သော အခါ သေခြင်း တရား ကို မလွန်ဆန်နိုင် သော တရား အဖြစ် လက် ခံလာ သည်။ စိတ် တည်ငြိမ် အေးချမ်း မှု ရလာသည်။ ရင်ဆိုင် ရန်လဲ အဆင်သင့် ဖြစ်လာသည်။
လူတဦးတယောက် ၏ ဘဝ နောက်ဆုံး အချိန် သည် တည် ငြိမ်မှု ၊အေး ချမ်း မှုဖြင့် ပြည့် ဝ နေ သင့်ပါသည်။ ဖေါ်ပြသော အဆင့် များ ရှိ ခဲ့ လျှင် လဲ တဆင့် ပြီး တဆင့် ကျော် ဖြတ် ပြီး ဖြစ်သင့် ပါ သည်။
လူ တဦး တယောက် သည် ငြင်း ပယ် ခြင်း အဆင့် မှာ ဘဝ ချုပ် ငြိမ်း ရန်မသင့် သလို ၊ ဒေါ သ အဆင့် မှာ လဲ ဘဝ ချုပ်ငြိမ်း ရန် မသင့် ပါ။
သူ၏ စိတ် သန္တန် သည် အရာရာ ကို ရင် ဆိုင် ဖို့ အဆင် သင့် ဖြစ် နေ သင့် ပါ သည်။ ဖေါ်ပြ ခဲ့ သော အဆင့် ၅ လက် ခံ ခြင်း၊ တွင် ရောက် နေ သင့်ပါသည်။
ဆရာဝန် သည် ၎င်း၊ ဆွေမျိုး မိတ်ဆွေ အပေါင်း သည် ၎င်း၊သူ တဦး တယောက် ၏ နောက် ဆုံး ခရီး ဖြောင့် ဖြူး အောင် အတတ် နိုင် ဆုံး ပြင် ဆင် ပေးသင့် ကြ သည်။ သူ ၏နောက် ဆုံး ခရီး ကို၊ ငြိမ်းချမ်း အောင် အတတ် နိုင် ဆုံး ကူညီသင့်ကြ ပါ သတည်း။
၁၀/၁၂/၂၁။ ၁၆:၀၀ နာရီ
2 notes · View notes
stevenlwin · 3 years
Text
ဂရောင်းလှည့်ခြင်း အနုပညာ
မနက် ၇ နာရီ။ ဆရာမ တွေ တဖွဲ ဖွဲ ရောက် လာကြသည်။ Nurse aid , Dresser အလုပ်သမားတွေ တဖွဲ ဖွဲ မပြေးရုံ တမယ် သုတ်သုတ် သုတ်သုတ် ဝင်လာကြပြီ။ sister ကြီး က ဟိုး ward အစွန်မှာ ရောက် နေ ပြီ။ ပြူတင်းမှန် သုတ် နေ သော အလုပ်သမား ၊မ အေး မြင့် ကို ခါး ထောက် ကြည့် နေ သည်။ ဒါပြီးရင် ဘောင် တွေ သုတ် ရဦးမည်။ ဟော sister ကြီး ၊ အမျိုးသား အိမ်သာ ဖက် ဝင်သွားပြန်ပြီ ။ ည duty သမား ဆေး မသွားလို့က တော့ သေ ဖို့သာပြင် တော့။
ဆရာဝန် တွေ က မိမိ တာ ဝန်ကျ လူ နာ တွေ ကို စမ်း နေကြသည်။ intake output တွေ ကြည့် ၊ ချပ် ထဲ ဒေါင်း နေ သည်။ တချို့ မမှတ်မိသည် များ ကို စာရွက် အတိုလေး တွေ နှင့် ရေး မှတ် ကြ သည်။ ဆရာ ဝန် အ ကြီး နှင့် အလတ်များကတော့ စားပွဲ မှာ ဝိုင်းထိုင် ညက ဘော လုံးပွဲ အ ကြောင်း ပြော နေ ကြ သည်။
၈ နာရီ ။ ဦး စိန် အောင် ခေါင်း လောင်း ထိုး ပြီ။ လူ နာ စောင့် တွေ ထွက် ပေးပါ။ အရေး ကြီး လူ နာ နား မှာ တ ယောက် နေ ပေး ပါ။
Sister ကြီး လူ နာ ကုတင် များ ကို လိုက်စစ် နေ ပြီ။ ပစ္စည်း တွေ ကုတင် အောက် ကို သပ် သပ် ရပ်ရပ် ထဲ့ သည်။ တချို့ ကို locker ထဲ ထဲ့ သည်။ လှမ်း ထား သည့် အဝတ် တွေ ရုတ် ခိုင်းနေ
သည်။
ယနေ့သည် ကား၊ ဆရာကြီး round မည့် နေ့ ပင် တည်း။
၈:၁၅။ ဆရာကြီး အခန်း တွင်း မှ AS နှင့် house surgeon များ တ ထွေး ကြီး ထွက်လာ ကြသည်။ စာမေးပွဲ ခန်း က ထွက်လာ သော ကျောင်း သား များ နှင့်တူသည်။ night report ပြီး သွား ပြီ။ အထစ် အငေါ့ သိပ် ရှိ ပုံ မရ။ သူတို့ မျက်နှာ များ သည် ပေါ့ ပါး လွတ်လပ် နေ ကြသည်။
၈:၂၅ ။ ဆရာကြီး အခန်း ရှေ့ မှာ အား လုံး စု ဝေး နေ ကြ ပြီ။ ဆရာ အကြီး တွေ က တိုက် ပုံ ပုဆိုး နှင့် ဆရာ အငယ် နှင့် PG တွေ က duty coat တွေ နှင့်။ ဆာဖာရီ လက်တို အဖြူ နှင့် Dresser ကို ကျော်မြင့် က တော့ ပူဖောင်း နေ သော ပိုက် ကြောင့် ကြယ် သီး တပ်မရနိုင်။ HS တွေ က changes စာအုပ်ကိုင် ပြီး စု စု စု စု လုပ် နေ ကြ သည်။
၈:၃၀ အတိ မှာ ဆရာ ကြီး ထွက်လာသည်။ တိုက်ပုံ အဝါ ရောင် ဖျော့ နှင့်။ ဆရာ ကြီး ဆို လို့ ရှု တည် တည် ကြီး မဟုတ်။ မျက်နှာ က ပြုံးစနဲ့နဲ့ ရှိ သည်။ sister ကြီး က စပြီး good morning ဟု နှုတ်ဆက် သည်။ ကိုရီးယားကား တွေ မပေါ် သေး တော့ မင်္ဂလာ ပါ တွေ မရှိ သေး။ good morning sister ဆို သော ဆရာ ကြီး အသံ က ဟိန်း ထွက်လာသည်။ နောက် ထပ် good morning သံ တွေ ထပ်သွား သည်။ ဆရာကြီး က သူ FA , lecturer တို့ နှင့် စကား အနည်း ငယ် ပြော သည်။ sister ကို ၁၁ နာရီ စည်းဝေး ရှိ ကြောင်း ၊ နေ့လည်စာ ကို ပြန်လာမှ စားမည် ဖြစ် ကြောင်း မှာ ကြားသည်။ round စောင့် နေ သော လူ အုပ်ကြီး ကို ကြည့် ပြီး မြင်သမျှလူ ကို နှုတ်ဆက် သည်။ တခါတရံ အရွှန်း ဖောက် ပြီး တဟားဟား ရယ် သည်။ မမြင်တာ ကြာတဲ့သူ တွေ့လျှင် ဟယ် ဘယ် တော့က ပြန် ရောက် လဲ ၊ အဆင် ပြေလား စသဖြင့် မေး လေ့ရှိ သည်။ ( ဘယ် တုံးကဟု သုံး လေ့ မရှိ ပါ ) ဆရာ ကြီး အသံ သည်၊ကျယ် လောင် ၏။ ရှင်း လင်း ၏။ ပြတ် သား ၏။ ဆာ ဂျင် သည် စကား ကို တိုးတိုးတိုးတိုး ဂါထာ ရွတ်သလို ပြော လို့ မရ။ နားလည် မှု လွဲ တတ် သည်။
ကဲ ရောင်းကြမယ် ဟူ သော အသံ ကြီး နှင့် အတူ ရထားကြီး စထွက် ပါ တော့ သည်။
Clinical round များ သည် ဆရာ ကြီး တ ယောက် နှင့် တယောက် မတူ ကြ။ သမား တော် ရောင်း များ သည် နာရီ ပေါင်း များစွာ ကြာမြင့် ကြ သည်။ ရောင်း ထဲ မှာ စာ မေး၊ ရောင်း ထဲ မှာ ပဲ စာသင် ၊ ရောင်း ထဲ မှာ ပဲ အလုပ်လုပ် ကြသည်။ အချိူ့ ရောင်း များ သည် စိတ် ညစ် စရာ ကောင်း သည်။ အချို့ ရောင်း များ သည် ကြောက်မက် ဖွယ် ကောင်း သည်။ ကျွန် တော့ ဆရာ ကြီး ရောင်း က တော့ ပျော် စရာ ကောင်း သည်။ ဆေးရုံ နှင့် ပျော်စရာ မအပ်စပ် ဟု ပြောချင်သူ တွေ ရှိ ကြ မှာ ဖြစ် သည်။ ကျွန် တော့ အတွက် တော့ ဆေးရုံ သည် ပျော်စရာ အ ကောင်း ဆုံး နေရာ ဖြစ်သည်။ စိတ်တူ သ ဘော တူ လူ များ စု ဝေး နေ ကြ သော ၊ နာ မကျန်းသူ များ ကို ကူညီ ပြု စု ပေး နိုင် သော နေရာ သည် ဆေးရုံ ပင် ဖြစ် ပါ သည်။
ဆာဂျင် ရောင်း များကို ကြည့် လျှင် အချို့ လူ နာ များ တွင် ကြာ ပြီး အချို့ လူနာ များ တွင် မြန် ဆန်တတ်သည်။လူနာ များက သူတို့ကို မြန် မြန်ကြည့် လျှင် မကြ���ုက် ချင် ကြ။ ဆရာဝန်က လက် နဲ့ တောင် တို့ မသွားဘူးဟု ပြော ကြ သည်။ အမှန်က ဝမ်းသာရမှာ။ ဆရာ ဝန် အကြာကြီး ကြည့် နေ စမ်း နေ ပြီ ဆို အရေး ကြီး နေ ပြီ ဆိုတာ သိဖို့ လို သည်။ တချို့ ကပြော သေး သည်။ ခွဲ စိတ် ခန်း ထဲ မှာ ဆရာ ဝန် ဆရာမ တွေ သီချင်းတွေ ဖွင့် ၊ ဟီလာ တိုက် နေ ကြ လို့ တဲ့။ သီချင်း သံ တိတ် အား လုံး ငြိမ် ကျ သွား ပြီ ဆို အခြေအနေ မကောင်း ပါ ခင် ဗျား။
လူနာရှေ့ ရောက် လျှင် PG က လူ နာ အ ကြောင်း ရှင်း လင်းပြော ပြ ရသည်။ လူနာ အသက် ဘယ် လောက် ၊ ဘာရော ဂါ။ ခွဲ ပြီး ၂ ရက် စသဖြင့်။ရောင်း သည့်နေ့ က အင်္ဂါ နေ့ ။ ခွဲရက်ရှိတာက သော ကြာ နှင့် တနင်္လာ၊ ခွဲ ပြီး ၄ ရက် သို့ မဟုတ် ခွဲပြီး ၁ ရက် သာ ဖြစ် နိုင်သည်။ ခွဲ ပြီး ၂ ရက် ဖြစ် ဖို့ ဆို တနင်္ဂနွေ ခွဲ မှဖြစ် မည်။ ဆရာကြီး က အမှား ကို ချက်ချင်း မြင်သည်။ ဆရာကြီး ဆို တာ လူ နာ ကို ပြေး ကြည့် နေစရာ မလို ရုံးခန်း ထဲ ထိုင် နေ ရင်း အခြေ အနေ ကို သိ သည်။ ရောင်း တယ် ဆို တာ လူနာ တွေ အား ပေး ဖို့ ၊ အငယ် တွေ သင် ပေး ဖို့။ အငယ် တွေ ကို အမှားပြင် ပေး ဖို့။
ဆရာကြီး ရောင်း မှာ ဘာ တွေ သင် ပေး သလဲ။ ဆရာကြီး စာ တွေ မေး သည်။ ကျောင်း သား အဖြေ ကို နား ထောင် တာ နဲ့ ဒီ ကျောင်းသား အတိမ်အနက် ကို သိ ပြီ။ ဒီ တော့ မှ စာသင် ပေး သည်။ ရောင်း မှာ စမ်း ခိုင်း သည်။ ဘာ တွေ့မလဲ ဆရာ ကြီး သိပြီး သား။ ရောင်း မှာ ကြည့် ခိုင်းသည်။ ဘာ မြင် မလဲ ဆိုတာ ဆရာကြီးသိပြီး သား။ မမြင် မှသာ ပြ ပေး မည်။ ဆရာ ကြီး သဘော ကျ ပြီ ဆို အများ ရှေ့ မှာ။ ဆူစရာ ရှိ လျှင် ရုံး ခန်း ထဲ တယောက် တည်း ခေါ်ဆူ သည်။
အငယ် တွေ ကိုယ် တိုင် ဆေး ထဲ့ ခိုင်း သည်။ ချုပ်ရိုး ဖြေခိုင်း သည်။ ဆီး ပိုက် ဖြုတ်ခိုင်း သည်။ ပုံ ပန်း မကျ လျှင် ကျော ကို အုံးကနဲ ထု ပြီ။ ပြီးမှ အမှန် ကို ပြ ပေး သည်။ ခက် ခဲ သော procedure များ ကျ တော့ ဆရာကြီး ကိုယ် တိုင်လုပ် သည်။ အငယ် တွေ က ကူ ညီ။ team work ကို နားလည် စေ သည်။
တချို့ က ဆရာ ကြီး လူ နာ ကို ကိုင် တာ ကြမ်း တယ် ဟု ပြော ကြ သည်။ မထ သော လူ နာ ကို ဆွဲ ထူ သည်။ သလိပ် မခတ် သော လူ နာ့ ကျောကို ဗျန်း ဗျနိး မြည် အောင် ပုတ် သည်။ အဲ သလို လုပ်ခံရလျှင် ဆေးရုံ ဆင်း အိမ် ပြန်ရခါ နီး ပြီ ဟု မှတ်ပေ တော့။ ဆရာ ကြီး ညင် ညင်သာ သာ လေး ကိုင် တွယ် နေ ရင် လူ နာ အခြေ အနေ မကောင်း တော့ ပြီ လို့သာ မှတ် ပါ တော့။
ဒီ ကုတင် က လူ နာ က တော့ မသက်သာ ဟု ပြောသည်။ အဖျား တွေ လဲ တက် နေ သည်။ ဆရာကြီး လူနာ ပိုက်ကို လက် တင် လိုက် သည်။ ပြီး တော့ ချက်ချင်း ပြောသည်။ အခု ခွဲ လိုက်။ နောက် နေ့ မစောင့် နဲ့။ ပြတ်သားသော ဆုံး ဖြတ် ချက် များ ချ ပေး သည်။ ဘာကြောင့် ဤ ဆုံး ဖြတ် ချက် ကို ချ ရ ကြောင်း ရှင်း ပြသည်။ ခွဲ လျှင် ဘာ တွေ့မည် ကို လဲ တခု မလွဲ ပြော နိုင် သည်။
လူ နာ တယောက် ကိုကုသရာ တွင် SOAP principal ကို လိုက်နာရသည်။ လူ နာ ၏ မတိုင်းတာ နိုင် သော Subjective အချက် အလက် များ ကို မေး မြန်းရသည်။ နေ ကောင်းလား အစား စား နိုင်လား စသဖြင့်။ ပြီးမှ တိုင်း တာ နိုင် သော Objective များ အပူချိန်၊ သွေး ခုံနှုန်း ၊ သွေး ပေါင်ချိန် စသည် တို့ ကို စစ် ဆေး ရပြန်သည်။ ဖေါ်ပြ ပါ အချက် များ ကို ကြည့် ပြီးယခု ပြုလုပ်မည့် Action ကို ချမှတ်ရသည်။ ရှေ့လျှောက် ပြုလုပ် ရ မည့် Plan ကို လဲ ရေး ဆွဲ ရသည်။ ဆာ ဂျင်သည် လူ နာ ကုသ ရေး တွင် ဆရာဝန် ၊ဆရာမ ၊ဝန်ထမ်း အား လုံး ကို တာ ဝန် ခွဲ ဝေစီမံရ သော မန်နေဂျာ လဲ ဖြစ် ပြန်သည်။
ဆရာကြီး၏ ရောင်း ၊ရထားကြီး တွင် ၊လမ်း တ လျှောက် တွဲ အချို့ ပြုတ်ကျန်ခဲ့သည်။ အချို့ က အရေး ပေါ် ခွဲစိတ် ဖို့ မေ့ ဆေး ဌာ န ကို သွား ပြီ။ တချို့က အရေး ပေါ် ခွဲခန်း သို့ ဆင်း နှင့် ပြီ။ အလုပ်သင် ဆရာ ဝန် တချို့ လဲ changes လုပ်ရင်း ကျန် ခဲ့ သည်။ ပီဂျီ နှစ် ယောက် က ဓာတ်မှန်ဌာ န ကို သွား ကြ သည်။ ဆရာ ကြီး သည် သူ ရောင်း ကြောင့် အလုပ် ကြန့် ကြာ တာ မကြိုက်။ လုပ်စရာ ရှိလျှင် အချိန် မဆိုင်း တတ်။ ချက်ချင်းလုပ် စေသည်။
၁၀:၃၀ ရောင်း ပြီး ချိန်မှာ ဆရာ ကြီး ရုံး ခန်း ရှေ့ မှာ လူစု ခွဲ ကြသည်။ အားလုံး မှာ အလုပ် ကိုယ် စီ ရ နေ ကြ ပြီ။ ရ ထား သော တာ ဝန် ကိုယ် စီ အတွက် သုတ်သုတ် ထွက်သွား ကြ သည်။ ဆေးရုံ အလုပ်ဟူသည် သုတ်သုတ်သွား၊ သုတ်သုတ်လုပ်။ အစားစား တာ က အစ သုတ်သုတ်စားရသည်။ အိပ်တာ က အားတာနဲ့ ရောက် တဲ့ နေရာ မှာ မျက်စိပိတ်။ ထိုင်လဲ အိပ်တတ်ရသည်။ ရပ်လဲ အိပ်တတ်ရသည်။ လှဲအိပ်ရလျှင် တော့ နိဗ္ဗာန်ပါပဲ။
အများကတော့ ရောင်း လှည့် ခြင်း သည် လူ နာ များ အား လှည့် လည် စစ် ဆေး ကု သ ခြင်း ဟု နား လည် ပေ မည်။ ဆရာ ဝန် တွေ အတွက် ဆရာ ကြီး ရောင်း မှာ ဘာ တွေ ရပါ သလဲ။
စာ တွေ့ သင်ရပါသည်(knowledge )။
လက် တွေ့လုပ်နည်း ကိုင် နည်း များ သင် ရပါ သည်။ (skill )
ဆရာဝန် ၊လူနာ ၊လူနာ စောင့် ၊ဝန် ထမ်း များ အကြားချောမွေ့ သော ဆက် ဆံရေး ကို သင် ပါ သည်။ (communication)
ပြီး တော့ ဆရာဝန်များ၏ ကျင့်ဝတ်နှင့် စောင့်စည်း ဖွယ်ရာ များ ကို သင် ရပါ သည်။(professionalism and ethics)
ခေါင်းဆောင် မှု နှင့် စီမံ ခန့်ခွဲ မှု ကို သင် ရပါသည်။ (leadership and management)
ပူး ပေါင်း ရွက် ဆောင် ခြင်း (collaboration and team work) ကိုနားလည် စေ ပါ သည်။
မှန်ကန် စွာ ဆုံးဖြတ်ခြင်း သင်္ခန်းစာ ကို သင် ပေး ပါသည်။ (judgement and decision making )
နောင် အနာဂါတ် ၏အရည်အချင်း ပြည့် ခွဲစိတ်ဆရာ ဝန် များ ကို မည် ကဲ့ သို့ မွေး ထုတ်ရမည် ( training of trainers) ကို ကျွန် တော် တို့ အား လုံး ကို သင် ပေး ခြင်း ပင် ဖြစ် ပါ သတည်း။
(ကျေးဇူးရှင် ဆရာ ကြီး ဦီးမောင်မောင် ကျော် အား ဤ စာ ဖြင့်ရှိခိုး ကန် တော့ လိုက်ပါသည် ခင်ဗျား။ )
0 notes
stevenlwin · 3 years
Text
ကိုယ် မှ လုပ်မတတ် ပဲ။
တခု သော အားလပ်ရက် တွင် ကျွန်တော် ကား ကို အထွေထွေ စစ် ဆေး ဖို့ ရောက် ခဲ့ပါ သည်။
ကား ပြင် ဆရာ ကလဲ၊ ရင်း နှီးသူ တယောက် ဖြစ် ပါသည်။ ကား ကို ထောက် မ ပြီး သေချာ စစ် ဆေး ပေး ပါသည်။ ကားအောက် ပိုင်း များ ပြင်စရာ လို သည် ဟု ဆို သည်။ ကျွန်တော် လဲ သ ဘော တူ ပြီး အင်ဂျင် ဝိုင် ပါ တပါတည်း လဲ ပေးရန် ပြော သည်။ ကား ဆရာ လဲ သူ့ တပည့် လေး ကို ခေါ် ပြီး အင်ဂျင် ဝိုင် နှင့် ဆီစစ် ဝယ် ခိုင်း ပါသည်။ ကျွန် တော် လဲ လို အပ် မည့် ကုန်ကျ ငွေ ကို မှန်း ပြီး ကလေး ကို ပေး လိုက် သည်။ က လေး က ပေး လိုက် သော ငွေ ကို ကြည့် ပြီး ၊ ဆရာ ဒီ လောက် နဲ့ ဘယ် ရမလဲ ဟု ပြော သည်။
ကျွန် တော် လဲ စက်ပြင် ဆရာ ကို လှမ်း၍ ဈေး ကြီး လှ ချေ လား ဗျာ ဟု လှမ်း ပြော လိုက်သည်။ သူ က ဟုတ်တယ် ဆရာ ဈေး တွေ က သုံးဆ လောက် တက် တယ်။ ပေးရမှာ ပဲ ဆရာ။ “ကိုယ် မှ လုပ်မတတ် ပဲ” ဟု ပြောလိုက် သည်။
ကားဆရာ သည် တိုင်းရင်းသား တဦး ဖြစ် သည့် အ လျောက် ကိုယ် မှ မလုပ်တတ် ပဲ ဟု မပြော ပဲ “ ကိုယ် မှ လုပ် မတတ် ပဲ “ ဟု ပြော ခြင်း ဖြစ် ပါ သည်။ ဤ စကားရပ် က လေး သည် ယခု စာ စု ပေါက် ဖွား လာ စေ သော အရင်း အမြစ် ပင် ဖြစ် ပါ သည်။
တခါ က ကျွန် တော် သည် ၇ နှစ် အရွယ် က လေး တ ယောက် ကို ကျား အင်္ဂါ အရေပြား ဖြတ် တောက် ပေး ရန် စီ စဉ် နေ သည်။ ကလေး ဖြစ် သော ကြောင့် ထုံ ဆေး နှင့် မရ၊ မေ့ ဆေး ပေး ရမည်။ ထို စဉ် သူ နာ ပြု ဆရာ မ ရောက် လာ ပြီး ဆရာ ရေ။ ကလေး အဖေ က ဝင် ကြည့် ချင် လို့ တဲ့ ဆရာ။ ဟု ပြော လေ သည်။ ကျွန် တော် သည် ရုတ် တရက် မျှော် လင့် မထားသည့် မေးခွန်း ဖြစ် နေ ၍ လက် ဆေး လက် စ မှ ခွဲခန်းအပြင် သို့ ပြန် ထွက် လာ ပြီး ကလေး အဖေ ကို တွေ့ပါသည်။
ကလေး အဖေ ခင်ဗျားဝင် ကြည့် ချင် လို့ ဆို။ စော စော က လဲ မပြောဘူး။
ဟုတ် ပါ တယ်။ ကျွန် တော် ဆရာ ဝန် ပါ။
ခင် ဗျား သား နော်၊ သွေး သံ ရဲရဲ တွေ တွေ့ ရင် ဖြစ် ပါ မလား။ တော် ကြာ မူး လဲ နေ ဦး မယ်။
ဖြစ် ပါ တယ် ဆရာ။ ကျွန် တော် ဝင် ကြည့် ချင် လို့ ပါ။
ကျွန် တော် သည် က လေး အဖေ ကို အကဲခပ် ပြီး ဝင် ခွင့် ပြုရန် ဆုံး ဖြတ် လိုက် သည်။
ကဲ ခင်ဗျား ကို သူနာ ပြု ဆရာ မ လါ ခေါ် ပြီး အဝတ် လဲ ခန်း ပြ ပေး လိမ့်မယ်။ ဟု ပြော ပြီး ကျွန် တော် နှင့် ခွဲစိတ် လက် ထောက် ၊ နှစ် ယောက် သား ခွဲ ခန်း တွင်း ပြန် ဝင် လာ ကြသည်။ လမ်း တွင် ခွဲစိတ် လက် ထောက် က စပ်စုပြန် သည်။ သူ က ဘာ လို့ ဝင် ချင် တာ လဲ ဆရာ။ ဟဲ့ ငါ ဘယ် သိမလဲ။ ငါ့ မယုံ လို့ ဖြစ် မှာ ပေါ့ ဟု ကျွန် တော် က ရယ် ရယ် မော မော ပြန် ဖြေ လိုက် ပါသည်။
ကျွန် တော် လက် ဆေး ပြီး ခွဲခန်း ထဲ ပြန် ရောက် သော အခါ လူ နာ က လေး ရော သူ အ ဖေ ပါ အခန်း ထဲ တွင် မရှိ တော့ ပါ။ အကျိုးအကြောင်း မေး သော အခါ သူ တို့ မခွဲ လို ၍ ပြန် သွား ပြီ ဖြစ် ကြောင်း သိရပါသည်။ လမ်း တွင် ကျွန် တော် နှင့် လက် ထောက် တို့ ပြော နေ သော စကား ကို ကြား ပြီး စိတ် ခု သွား တာ ဟု သိရပါ သည်။ စိတ် မ ကောငိး ဖြစ် ဖွယ် နေ့တ နေ့ ပင် ဖြစ် ပါ သည်။
ထို နေ့ နောက်ပိုင်း ခွဲ စိတ် မှု များ တွင် လူ နာ ရှင် ဝင် ကြည့် ခြင်း နှင့် စပ်လျှင်း သမျှ ကို လေ့ လာ ဖတ် ရှုခဲ့ ပါ သည်။
ပုံ မှန် အား ဖြင့် ဆရာ ဝန် ဆရာမ ဆေး လော က သား မဟုတ် လျှင် ခွဲ ခန်း သို့ပေး ဝင် လေ့ မရှိ ပါ။ ချွင်းချက် အနေ နှင် က လေး ငယ် လေး များ။ အသက် ကြီးရင့် သူ လူနာ များ ကို သူတို့ နှင့် ရင်း နှီး သော မျက် နှာ များ မြင် စေဖို့၊ နှစ် သိမ့် နိုင် ဖို့ ၊ ပေး ဝင် တတ် ပါသည်။ ထို သို့ သော လူ နာ ရှင် များ ကို ပင် လူ နာ ၏ မျက် နှာ ပိုင်း မှာ ပဲ နေ စေ ပါ သည်။ ခွဲ စိတ်သည့် အပိုင်း ကို ဖုံး ကွယ် ထား လေ့ရှိ ပါသည်။
ယခု ခေတ် အမျိုး သမီး များ ကလေး မွေး သည့် အခါ ကလေး အဖေ ကိုယ် တိုင် ပါဝင် ကူ ညီ ခြင်း ချက်ကြိုး ဖြတ် ခြင်း ဓ လေ့ များ အခြား နိုင် ငံ များ တွင် ခေတ် စား လာသည်။ က လေး အ ဖေ များ ကို ကြို တင် ပြီး ကိုယ် ပိုင်းဆိုင်ရာ၊ စိတ် ပိုင်း ဆိုင်ရာ ခံ နိုင် ရည် ကို စစ် ဆေးရသည်။ ကြိုတင် ပြီး သင် တန်း ပေးရသည်။ က လေး မွေးရင်း သတိလစ် သွား သော အ ဖေ တွေ က အများ သား။
ဒါ ဆို ဆေး လော ကသား မဟုတ် သော လူ နာ ရှင် များ ကို ဘာ ကြောင့် ပေး မဝင် စေ ချင် တာ လဲ။
ခွဲစိတ် ခန်း သည် သူ နှင့် အကျွမ်း မဝင် သော နေရာ ဖြစ် ပါ သည်။ အရောင် အဆင်း၊ အနံ့အသက်၊ ကြားရ သော အသံ က အစ မတူပါ။ ပစ္စည်း များ သည် ပိုးသတ် ထား ပြီး ရိုးရိုး လက်နှင့်ထိ လို့ မရပါ။ လူနာ မှာ ရော ဂါပိုး တွေ ကူးစက် နိုင် ပါသည်။
ရောက် နေကျ နေရာ မဟုတ် သည့် အတွက် လူ နာရှင် သည် တိုက်မိနိုင်သည်။ ချော် လဲ နိုင် သည်။ ခေါင်းဆောင့် နိုင် သည်။ ဓာတ် လိုက် နိုင် သည်။ မီး လောင် နိုင် ပါ သည်။ ၎င်း အဖြစ် အပျက် များ သည် ဆရာ ဝန် ဆရာ မ များ ကို အနှောက် အယှက် ဖြစ်စေနိုင် သည်။ လူ နာ ကို အန္တရာယ် ဖြစ် စေ နိုင် သည်။
လူ နာရှင်သည် မိမိလူ နာ ကို ခွဲ စိတ် တာ ကြည့်ရင်း သတိ လစ် သွား နိုင်သည်။ မေ့မျောသွား နိုင် သည်။ ဆရာ ဝန်များ ကို ဆက် မခွဲရန် တား ပြီး ရုန်းရင်းဆန်ခပ် ဖြစ် နိုင် သည်။ ထို အခါ ခွဲ ခန်း ထဲ မှာ လူနာ တ ယောက် က နေ နှစ် ယောက် ဖြစ်သွား ပြီ။
ခွဲခန်း ဟူ သည် သမုဒ္ဒရာမျက် နှာ ပြင် နှင့် တူ သည်။ တချိန် တွင် ပကတိ တည် ငြိမ် အေး ချမ်း နေရာ က အပြင်း ထန် ဆုံး မုန်တိုင်း သို့ တမဟုတ်ချင်း ပြောင်း သွားနိုင်သည်။ ခွဲ ခန်းတွင်းရှိ တာ ဝန် ကျ သူ များ သည် မည်သည့် အခြေ အနေ အတွက်မဆို အဆင်သင့် ရှိ နေ ရသည်။ လူ နာရှင် က အဆင်သင့် ဖြစ် နိုင်မလား။
လူ နာ ရှင် နောက် တမျိုး က ဆရာဝန်၊ ဆရာ မ များ ဖြစ် သည်။ ခွဲခန်းအလုပ်လုပ်သူ များ မဟုတ် လျှင် သူ တို့ သည် ဆေး လောကသား မဟုတ်သူ များ နှင့် အတူ တူ ပင် ဖြစ် ပါသည်။ သူတို့သည် ခွဲခန်း နှင့် အကျွမ်း တဝင် မရှိကြ ၍ တုံ့ ပြန်မှု သည် အပြင်လူ နှင့် အတူတူ ပဲ ဖြစ် ပါသည်။
နောက်ဆုံး တမျိုးက ခွဲခန်းနှင့် အကျွမ်း တဝင် ရှိ သော ဆရာ ဝန် ဆရာ မ များ ဖြစ် သည်။ သူ တို့ ကို ခွဲ ခန်း အ တွင်း လူ နာ ရှင် အဖြစ် ပေး ဝင် မလား။ ဤမေးခွန်း သည် ခွဲ စိတ် သော ဆရာ ဝန် နှင့် လုံးဝ သက် ဆိုင် သည်။ လူ နာ ရှင် သည် ခွဲခန်း အတွင်း ရှိ နေ ခြင်း သည် ခွဲ စိတ် သော ဆရာ ဝန် ၏ ဆုံး ဖြတ် ချက် များ ကို သက် ရောက် မှု ရှိ သည်။ ခွဲစိတ် ဆရာ ဝန် ၏ ခွဲစိတ် မှု အပေါ် မှာ လဲ သက် ရောက် မှု ရှိ ပါ သည်။ သို့ပါ၍ ဝင်ကြည့်လို သော ဆန္ဒရှိ လျှင် ခွဲစိတ်ဆရာဝန် ကို စောစီး စွာ ခွင့် တောင်း ရမည်။
ခွဲစိတ်ဆရာဝနိသည် အဖက် ဖက်မှ ချင့်ချိန်စဉ်းစား ပြီး ခွင့် ပြုနိုင်သည်။ သို့ မဟုတ် ယဉ်ကျေးစွာ ငြင်းပယ် နိုင် သည်။
လူနာ သည် ခွဲစိတ် ဆရာ ဝန် ကိုယ် တိုင် ၏ ဇနီး ၊ခင်ပွန်း မိဘ ဆို လျှင် ဘာ လုပ် ရမလဲ။ ခွဲစိတ် ဆရာ ဝန် သည် မိမိ ၏ အရင်းဆုံး ပုဂ္ဂိုလ်များကို မခွဲ သင့်ပါ။ ခွဲစိတ်ရာတွင် ဆုံး ဖြတ်မှု လွဲ နိုင် သည်။ ခွဲ စိတ် မှု မှာ လဲ သက် ရောက် မှု ရှိ နိုင် သည်။
ထိုကဲ့ သော အခြေ အနေ များ တွင်၊ ကျွမ်းကျင်စိတ်ချရသော ခွဲစိတ်ဆရာဝန် တယောက် ကို အပ်နှံ ပြီး ခွဲစိတ် စေ သင့်ပါသည်။ ခွဲခန်း တွင်း သို့ လဲ ဝင် မကြည့် သင့် ပါ။ ဝင် မကြည့် သင့် သော အကြောင်း ကို ထပ်မံရှင်း ပြ ဖို့ လို မည် မထင် ပါ။
ကား ကိစ္စပြန်ဆက် ကြရအောင်။ ကား ပြင် ဆရာ သည် ကျွန် တော့ ကား အောက် ပိုင်း မှ တိုင်း ရော့ နှင့် ဘော ဂျွိုင်း များ ကို ဖြုတ်ချ လိုက် သည်။ ပြီး နောက် လမ်း ထိပ် ရှိ ၊ တွင် ခုံ သို့ နှစ် ယောက် သား လျှောက် လာ ပြီး ပစ္စည်း အပ် ပါသည်။ ပစ္စည်း များ အပ် နှံ ပြီး ကား ဝပ် ရှေ့ဆရာ က ကျွန် တော့ အား လက်ဘက်ရည် သောက် ရန် ခေါ် ပါ သည်။ တွင်ခုံဆရာ လေး က သွက် လက် စွာ အလုပ် စလုပ် နေ ပြီ။ တွင်ခုံ ဆရာ ကို ကြည့်ရင်း ကျွန် တော် က ၊
ပစ္စည်း တွေ စောင့် မကြည့် တော့ဘူး
လား။ မေး မိသည်။
ဝပ် ရှော့ ဆရာ က ၊ စောင့် စရာ မလို ပါဘူး။ သ���့ အလုပ်သူ လုပ် ပါ လိမ့်မယ်။ “ကိုယ်မှလုပ် မတတ် တာ “ ဟု ပြန် ဖြေ ၏။
သူပြော တာ မှန် ပေ ၏။
ကျွန်တော် တို့ နှစ် ယောက် လက်ဘက် ရည် ဆိုင် ဖက် ထွက် ခဲ့ကြ သည်။ ဗိုက် ဖြည့် ထား ဖို့ လို သည်။ အောက် ပိုင်း တွေ ပြန် တတ် ပြီး လျှင် အလိုင်း မင်း ဆရာ ဆီသွား ချိန် ခိုင်းရဦး မည်။
ကိုယ် မှ လုပ်မတတ် ပဲ လေ။
1 note · View note
stevenlwin · 3 years
Text
မကောင်းလဲ ကိုယ် ၊ ကောင်းလဲ ကိုယ်
လွန်ခဲ့သောနှစ် ပေါင်း ၂၀ ကျော် က Scotland နိုင်ငံ Perth မြို့ Perth Royal Infirmary ဆေးရုံ တွင် ခွဲစိတ် ကုအတိုင်ပင်ခံ ဆရာကြီးသည် လူနာ များကို ရောင်း လှည့်ရန် ပြင်ဆင်နေ သည်။ ထိုစဉ် အမျိုးသား တဦး နှင့် အမျိုးသမီး တဦး ရောက်လာ ပြီး ဆရာဝန်ကြီးအား တွေ့ ဆုံ ခွင့် တောင်း သည်။ ဆရာ ဝန်ကြီး သည် သူတို့နှစ်ယောက်ကို ရုံးခန်းထဲ ခေါ် ပြီး နေရာချ ပေး သည်။ ဆရာ ဝန်ကြီး သည် သူ န ဘေး ရှိ လက် ထောက်ဆရာဝန် ကို ဧည့်သည် နှစ် ယောက် နှင့် မိတ်ဆက် ပေး ပါသည်။ ယခု ဆွေးနွေး မှု တွင် လူ အပို တ ယောက်ရှိ နေ သည် ကို အဆင်ပြေ မပြေ မေး ပါ သည်။ ဧည့်သည် နှစ် ယောက် က အဆင် ပြေ ပါသည် ဆို မှ လာရင်းကိစ္စ ကို မေး ပါသည်။
သူ တို့ နှစ် ယောက် သည် ဆေးရုံ တက် ရောက် ကု သ နေ သော လူနာ အမျိုး သမီး ကြီး တဦး ၏ သား နှင့် သမီး ဖြစ် ကြောင်း ၊ သူ တို့ အမေ ၏ ရော ဂါ အခြေ အနေ ကို သိ လို ကြောင်း ပြော ပြ ပါ သည်။ ဆရာဝန်ကြီး က လူနာ သည် ကောင်း စွာ အသိ ရှိသူ တယောက် ဖြစ်ပြီး သူ့ ရောဂါ အခြေ အနေ ကို လဲ ကောင်း စွာ နားလည် သဘော ပေါက်သူ ဖြစ် ကြောင်း၊ သူ့ ရောဂါ အခြေ အနေ ကို သားသမီး များ သို့ အသိ ပေး နိုင် ရန် လူနာ ၏ သဘောတူ ညီ ချက် ကို ယူ ရ မည် ဖြစ် ကြောင်း ရှင်းပြ သည်။ ထို့ နောက် သား နှင့် သမီး ကို နောက် တရက် လာ ရောက် ဖို့ ချိန်း ဆို လိုက်ပါသည်။
ထို နေ့ ရောင်း လှည့် သော အခါ ဆရာဝန် ကြီး က လူနာ အမျိုးသမီး ကြီး အား သား နှင့် သမီး လာ တွေ့ သည့် အကြောင်း ပြောပြ ပါ သည်။ ရော ဂါ အခြေအနေ ကို ရှင်း ပြ ဖို့ သ ဘောတူ မတူ မေး ပါ သည်။ လူနာ လည်း ခေတ္တစဉ်းစား ပြီး သဘောတူ ကြောင်း ပြော ပါ သည်။ ထို အခါမှသာ ဆရာ ဝန်ကြီးက သက်ဆိုင်သူ မိသားစု အား ရှင်း ပြ ပါသည်။
ဤ အဖြစ် အပျက် မှ ရ ရှိ သော သင်္ခန်း စာ က တော့ လူ နာ သည် မိမိ ရောဂါ အကြောင်း သိခွင့်အရှိ ဆုံးလူ ဖြစ် ပါသည်။ ဆေး ကုထုံး များ ကို လဲ သူ ကိုယ် တိုင် နားလည် သဘော ပေါက် လက်ခံ မှ ကု လို့ ရပါ သည်။လူ နာ သည် စိတ် ပေါ့ သွပ် ခြင်း ၊ ပုံ မှန် အသိ မရှိ ခြင်း၊ အသက် မပြည့် ခြင်း စသည် အချက် များ မရှိ ခဲ့ လျှင် မိ မိ ကံ ကြမ္မာ ကို မိမိ သာ ဆုံး ဖြတ် ရပါ သည်။ မည် သည့် မိသားစု ဝင် က မှ ဝင် ရောက် စွက် ဖက် ခွင့် မရှိ ပါ။ လူ နာ ၏ သ ဘော တူ ညီချက်မပါပဲ ဆရာဝန် သည် ရောဂါ နှင့်ပတ်သက်၍ မည်သူ့ ကို မှ ဖွင့် ဟ ခွင့် မရှိ ပါ ။
ဤ အဖြစ် အပျက် တွင် ဆရာဝန် ကြီးနောက် မှ လက် ထောက် ဆရာဝန် သည် ကျွန် တော် သာ ဖြစ် ပါ သည်။
နောင် နှစ်ပေါင်းများစွာကြာမြင့်သောအခါ အတိုင်ပင်ဆရာ ဝန်ကြီးနေရာ မှာ ကျွန် တော် ဖြစ် လာ သည်။ နေရာ က လည်း မြန်မာပြည်မှ ဆေးရုံကြီး ဖြစ် လာ သည်။ လူနာ၏ သားနဲ့သမီး လာတွေ့ကြသည်။ သူတို့ အမေ ရောဂါ အကြောင်း မေးလို၍ လာ ခြင်း တော့ မဟုတ်။ အမေ့ ရောဂါ ကို သူတို့အားလုံး သိရှိ ပြီး။ မသိ သေး တာ က တော့ အမေ ပဲ။ ဆရာ ရယ်၊ အမေ့ကို ကင်ဆာ ရောဂါ အကြောင်း ပေး မသိပါနဲ့။ ဟင် အမေ က သူငယ် ပြန် နေတာ လဲ မဟုတ် ရှင်း ပြရင်ရနေတာ ပဲ။ မဟုတ်ဘူးဆရာ စိတ် ထိခိုက်ပြီး အသက်တိုသွား မစိုးလို့ပါ။ ကျွန်တော် ခေါင်း ထဲ မတော့ ( မင်း အမေက မင်း ထက် နားလည် တယ်။ လောကဓံ ရဲ့ အဓိပ္ပါယ် လဲ သူကပို သိ သေးတယ် ) ဟု ပြော နေ မိသည်။ ပါးစပ်က တော့ မထွက်။ ဒါဆို ခွဲ စိတ် ဖို့ ဘယ် လို လုပ်မလဲ။ ခွဲစိတ်ဖို့ ကျွန်တော်ကျွန်မ သဘောတူ ပါ တယ် ဆရာ တဲ့။ ( ဟိုက် ၊ လူနာ ကိုယ် တိုင် သဘောတူ မှ ဖြစ် မှာ လေ။ ) အ မေ ကို တခြား ရောဂါ အမည် တပ်ပြီး သ ဘောတူ ချက် တောင်း ပေးပါ တဲ့။ ဆရာ ဝန် က ညာ လဲ ညာ ရမည်။ ကြံရာပါ လဲ ဖြစ်ရဦးမည်။ စဉ်းစားကြည့်လျှင် လွတ်လမ်း မရှိ။
နောက်တကြိမ်မှာ တော့ အသက် ၃၄ နှစ် အရွယ် လူ တယောက်။ ရုတ်တရက်ဗိုက်နာ လို့ ဆေးရုံ ရောက် လာ သည်။ စမ်း သပ် ကြည့် တော့ အစာ အိမ် နာ မှ ပေါက် သွားသည် နှင့်တူ သည်။ ဓာတ်မှန် ရိုက်ကြည့် တော့ သေချာ သွားပြီ။ လူ နာ ကို ရှင်းပြ ရ သည်။ ခွဲ စိတ်ရန် လို သည်။ လူ နာ က မခွဲချင်၊ မခွဲ လျှင် အသက်အန္တရာယ် ရှိ ကြောင်း ရှင်း ပြ ရသည်။ လူ နာ က သဘောတူ ညီ ချက် မပေး။ သူ့ အဖေ နဲ့ တိုင် ပင် ချင်သည် ဟု ဆို သည်။ ကျွန်တော် လည်း သူ့ ရာဇဝင် မှတ်တမ်း ကို လှန် လှော ကြည့် မိ သည်။ သူ့ မှာ အိမ်ထောင် နဲ့ ကလေးက နှစ် ယောက်။ အိမ်ထောင် ပြု တုံးက သူ့ အဖေ နဲ့ တိုင်ပင်သ လား။ က လေး ယူ တုံးက သူ အဖေ သဘောတူ ချက် ယူသေး သလား။ မေး လဲ မေးချင် ၊ မေး လဲ မမေး ရဲ။ သူ မလုပ်ချင် တာ ကျ တော့ ဆရာဝန် တို့ ၊အဖေ တို့ ဆွဲ ထဲ့ပြီ။
တချို့ က ရှိ သေး တယ်။ ဆရာကို အပ် ပါတယ်။ ဘာပဲ လုပ်လုပ် ဆရာ့ သဘော ပါ တဲ့။ အဲလို မဟုတ် သေးဘူးလေ။ ဆရာဝန် ဆိုတာ ဘာလုပ်သင့်တယ် ဆို တာ ပဲ အ ကြံ ပေး လို့ ရတယ်။ လုပ်တာ မလုပ်တာ ကိုယ့် သဘော လေ။ ကိုယ် သ ဘောမတူ ရင် ဆ ရာ ဝန် က လက် ဖျား နဲ့တောင် တို့ခွင့် မရှိ။
တချို့က တော့ ပိုင်ပိုင် နိုင်နိုင်ပဲ။ ရွာဦးကျောင်း က ဆရာ တော် ခေါ် လါ သည်။ ဆရာ တော် သဘောတူရင် အားလုံး ပြီး တဲ့။ ထို့ ကြောင့် ကျွန်တော် တို့ ခွဲစိတ် လောက မှာ “Surgeon make the incision, Phone Gyi make the decision" ဟု ဆိုရိုး စကားရှိ သည်။
ဥပမာ တခု ပေး ပါရစေ။ သင် သည် ထီ သိန်း ငါး ထောင် ဖိုး ပေါက်သည် ဆို ပါစို့။ ထီဆု ငွေ ထုတ်ယူရ ကောင်း ၊ မထုတ် ယူ ရကောင်း ဆွေမျိုးများနဲ့ တိုင် ပင် သေးလား။ ဆွေ မျိုး များကို အသိ တောင် ပေးပါ့မလါး။
ကျွန် တော် သည် အလုပ် သဘော အရ ကျောင်းဆရာ တပိုင်း လဲ ဖြစ် ပါ သည်။ စာ မေး ပွဲ နီးပြီ ဆို လျှင် ကျောင်း သား တွေ က လာ မေး လေ့ရှိသည်။ ဆရာ ၊ chapter 11 နဲ့ 12 ကို မဖတ်ပဲ ကျော် လို့ ရမလား။ ကျောင်း သား ဟူ သည် စာ တွေ များ တော့ ရွေး ကျက် ချင် ကြ သည်။ သို့ သော် သူ ဖာသာသူ တာ ဝန် မယူ ဆရာ အား တာဝန် လာ ယူ ခိုင်း ခြင်း ပါပဲ။ ကျွန် တော် က ရ တာ ပေါ့ သားရယ် လို့ ဖြေ လျှင် လဲ စိတ် က မချ သေး။ အဲ ဒီ အပိုင်း ကို စာ မေး ပွဲ မှာ မ မေး ဘူး မဟုတ် လား ဟု မေး ပြန် ပါသည်။ ဟဲ့ စာ မေး ပွဲ ၊ သူ မေး ချင် တဲ့ အ ပို��်း မေး မှာ ပေါ့ ဟု ဖြေ လျှင် မကျေနပ် နိုင်။ ဒါ သည် သူ လို ချင် သော အ ဖြေ မဟုတ်။ ဒီ အပိုင်း ချန် ရင် ဘာ ဖြစ် မလဲ ဆရာ ဟု မေး ပြန် သည်။ ကျွန် တော် က ဒီ အပိုင်း ချန် ရင် ကျ ဖို့ များ မှာ ပေါ့ ဟု ဖြေ သော အခါ မ ကျေ မနပ် ပြန် သွား သည်။ ကျွန် တော် က ကျောင်း သား တဦး အနေ နှင့်မိ မိ လုပ် ဆောင် ချက် တိုင်း ကို မိမိ တာ ဝန် ခံ ရမည် ကို သင် ပြ နေ ခြင်း သာ ဖြစ် ပါ သည်။
ဆေး လော က တွင် လဲ ဒီ ဆေး မသောက် ရင် မရဘူးလား။ မခွဲ ရင် မရ ဘူး လား စသော မေး ခွန်း များ သည် လူ နာ အမေး များ သည့် မေး ခွန်း များ ဖြစ် ကြ သည်။ ကျွန် တော့ ကို မေး လျှင် အ ဖြေ က ‘ရတာ ပေါ့ ‘ ပဲ။ ဆေး သောက် ခြင်း ၊ ခွဲ စိတ် ခြင်း များ သည် ဆေး ကု သ ခြင်း များ ဖြစ် ၍ မလုပ် လျှင် ရော ဂါ မပျောက် နိုင် ကြောင်း ရှင်း ပြ ပေး ရသည်။ ဆေး မ သောက် ခြင်း ၊ ခွဲ စိတ် မှု မပြု ခြင်း ၏ နောက် မှ အကျိုး ဆက် များ ကို ဆရာ ဝန် သည် တာဝန် မ ယူ နိုင် ပါ။ လူ နာ ကိုယ် တိုင် သာ တာ ဝန် ယူ ရမည် ဖြစ် ပါ သည်။
ဆုံး ဖြတ်ချက် ဟူသည် ပျော် စရာ ဆုံး ဖြတ်ချက်ရှိ သ လို ဝမ်းနည်းစရာ ဆုံးဖြတ်ချက်လဲ ရှိသည်။ ပျော် စရာ တွေပဲ ရွေး ဆုံးဖြတ်ချင် လို့ မရ။ ပို အရေးကြီးသည် က ကိုယ့် ဆုံးဖြတ် ချက် ကို ဆိုးသည် ဖြစ်စေ ၊ ကောင်းသည် ဖြစ် စေ တာဝန်ယူ ရမည်။
စကားကြီး စကားကျယ် ပြောရမည် ဆိုလျှင် လောကမှာ လူ ရယ် လို့ ဖြစ်လာ လျှင် မိမိ၏ ကာယ ဝစီ မနော ကိစ္စ အားလုံး ကို မိမိ တာဝန် ယူရမည်။ သူများက ကို ယ့် ကို တာဝန်မယူ သလို ကိုယ်က လဲ သူ များကို တာဝန် ယူ ပေး လို့ မရ။
တာ ဝန် ယူ ပြီး သည့် နောက် ရှေ့ လျှောက် ဖြစ် လါ မည့် ကောင်း ခြင်း ဆိုး ခြင်း များ သည် လဲ မိမိ နှင့် သာ သက် ဆိုင် ပါ ကြောင်း။
1 note · View note
stevenlwin · 3 years
Text
https://www.youtube.com/watch?v=Al7ONqrdscY
AULD LANG SYNE
နှစ်သစ်ကူးရောက်ပြီဆိုရင်ညသန်းခေါင်တိုင် တာနဲ့ count down လုပ်ကြတယ်။ count down လုပ်ပြီး၁၂ နာရီဒေါင်ဆိုတာနဲ့တကမ္ဘာလုံးသီဆိုကြတဲ့သီချင်းလေးတပုဒ်အကြောင်းကိုပြောပြချင်ပါတယ်။ အဲဒီသီချင်းကတော့Auld Lang Syne ပါပဲ။
ဒီသီချင်းဟာ အင်္ဂလိပ်သီချင်းမဟုတ်ပါဘူး။ Scottish ဘာသာနဲ့ရေးထားတာပါ။ ဒါပေမယ့်အင်္ဂလိပ်ကစလို့တကမ္ဘာလုံးကသီဆိုလေ့ရှိကြပါတယ်။ ကိုယ်မသိနားမလည်တဲ့စာသားတွေကိုတောင်အားပါးတရဆိုလေ့ရှိကြတဲ့ဒီသီချင်းရဲ့ဩဇာကတော့အင်မတန်မှကိုကြီးမားလွန်းတယ်လို့ဆိုချင်ပါတယ်။
ဒီသီချင်းကို Scottish လူမျိုးကဗျာဆရာကြီး Robert Burns က 1788 မှာရေးစပ်ခဲ့တာပါ။ ခုဆိုနှစ်ပေါင်း ၂၀၀ ကျော်လာခဲ့ပါပြီ။ ဒါပေမယ့်နှစ်သစ်ကူးရောက်ပြီဆိုတာနဲ့ဒီသီချင်းကိုသီဆိုကြတဲ့နိုင်ငံတွေဟာတနှစ်ထက်တနှစ်ပိုလို့သာများလါ နေပါတယ်။
ဒီသီချင်းရဲ့အနက်အဓိပ္ပါယ်ကိုတတ်အားသမျှပြန်ဆိုပြချင်ပါတယ်။
Auld Lang Syne ဆိုတာကတော့ for old time sake လို့အဓိပ္ပါယ်ရပါတယ်။
ဗမာလိုကတော့ရှေးကရင်းနှီးခင်မင်ခဲ့ကြတဲ့အချိန်တွေလို့ပြန်ဆိုလို့ရမယ်ထင်ပါတယ်။
ဒီသီချင်းမှာပါတဲ့မိတ်ဆွေနှစ်ယောက်ဟာငယ်ရွယ်စဉ်ကလေးဘဝကတည်းကရင်းနှီးခင်မင်စွာနေခဲ့ကြပါသတဲ့။ ခုချိန်ခါမှာတော့သူတို့နှစ်ယောက်ဟာဝေးကွာတဲ့အရပ်တွေဆီကိုရောက်နေကြပါပြီ။တယောက်တနေရာအဝေးကိုရောက်နေကြပြီဆိုတော့တချိန်ကရင်းနှီးခင်မင်နေလါခဲ့ကြတဲ့အချိန်တွေကိုမေ့လိုက်ကြတော့မှာလါး။ အဲသလိုရင်းနှီးခင်မင်စွာနေခဲ့တဲ့အချိန် တွေကိုသတိရအောက်မေ့သောအားဖြင့်အခုလိုနှစ်သစ်ကူးအချိန်အခါမှာ ခင်မင်ခြင်းရင်းနှီးခြင်းတို့နဲ့ပြည့်နှက်နေတဲ့ဒီယမကာကိုတခွက်တဖလါးသောက်လိုက်ကြဦးစို့ရဲ့လို့ဆိုထားပါတယ်။
ဒီနေရာမှာယမကာဆိုလို့လဲတွန့်မသွားပါနဲ့ဦး။ Scottish ဘာသာမှာ whiskey ကို the water of life. အသက်ကိုပေးသောရေ လို့အဓိပ္ပါယ်ရပါတယ်။ အထွတ်အမြတ်ပွဲလန်းသဘင်တွေမှာတည်ခင်းရပါတယ်။ မချစ်မခင်သူကိုတည်ခင်းလေ့မရှိပါဘူး။ လူမျိုးတမျိုးစီရဲ့ဓလေ့ထုံးစံတွေကိုမနှိမ့်ချကောင်းပါဘူး။ တရုတ်လူမျိုးတွေဆိုသမီးမိန်းကလေးမွေးတဲ့အခါသူမင်္ဂလါဆောင်ချိန်မှာတည်ခင်းဖို့အရက်အိုးတအိုးတခါတည်းမြေမြုပ်သိမ်းထားလေ့ရှိပါသတဲ့။ ဘာပဲပြောပြောယမကာဆိုတာလူ့အသိုင်းအဝိုင်းရဲ့အရေးပါတဲ့အခန်းကပါဝင်နေတာတော့ငြင်းလို့မရပါဘူး။
ဆက်ပြောရရင်ဒီသူငယ်ချင်းနှစ်ယောက်ဟာ Scotland ရဲ့တောတောင်တွေအကြားတောပန်းတွေအလည်မှာအတူတူပျော်ပါးကစားခဲ့ကြပါသတဲ့။
ဒီသူငယ်ချင်းနှစ်ယောက်ဟာ Scotland ရဲ့အေးမြတဲ့ ချောင်းရေယဉ်ကျောတလျှောက်မမောနိုင်မပမ်းနိုင်လှော်ခတ်သွားလါခဲ့ကြပါသတဲ့။ နံနက်မိုးသောက်ကညနေနေဝင်ချိန်ထိတိုင်ပါသတဲ့။
ကဗျာဆရာကြီးကဆက်ပြီးရေးထားတာကအခုဆိုရင်ဒီသူငယ်ချင်းနှစ်ယောက်ဟာလှိုင်းလေပြင်းထန်တဲ့ပင်လယ်သမုဒ္ဒရာကြီးရဲ့တဖက်တချက်ဆီကိုရောက်နေကြပါပြီတဲ့။ ဒီအချိန်မှာရှေးရှေးကပျော်ရွှင်မြူးတူးခဲ့တဲ့အချိန် တွေကိုအောက်မေ့သတိရရင်း ရင်းနှီးခြင်း ခင်မင်ခြင်းအပြည့်နဲ့တခွက်တဖလါးကိုသောက်လိုက်ကြရအောင် လို့ဆိုပါတယ်။
ကဗျာဆရာကြီးကဆက်ပြီးရေးထားတာကအခုချိန်မှာမင်းလဲအဝေးမှာသက်ဆိုင်တဲ့လုပ်ငန်းတွေလုပ်နေပြီ။ ငါလည်းငါနဲ့သက်ဆိုင်တဲ့နေရာရောက်နေပြီ။ ဒါပေမယ့်ရှေးကခင်မင်ခဲ့တဲ့နှစ်ပေါင်းများစွာကို ပြန်ပြောင်းသတိရအောက်မေ့ရမည့်အချိန်ပါပဲ လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
စိတ်ချယုံကြည်ရတဲ့မင်းရဲ့လက်တဖက်ကိုပေးပါ။ ခင်မင်ရတဲ့ငါ့ရဲ့လက်တဖက်ကိုလှမ်းယူလိုက်ပါ။ ရှေးအဆက်ဆက်ခင်မင်ရင်းနှီးခ��့တဲ့အတိတ်ကိုမှန်းဆရင်းဒီညတော့ ရင်းနှီးခြင်း ခင်မင်ခြင်းယုံကြည်ခြင်းကိုဖေါ်ဆောင်ကြပါစို့လို့ကဗျာဆရာကြီးကဆိုပါတယ်။
Hogmanay လို့ခေါ်တဲ့ Scottish နှစ်သစ်ကူးအခါသမယမှာ Scot လူမျိုးတွေဟာမိမိိရဲ့ဝဲဖက်နဲ့ယာဖက်ကမိတ်ဆွေရဲ့လက်ကိုဆွဲပြီး ဒီသီချင်းကိုသံပြိုင်ဆိုလေ့ရှိပါတယ်။ ဒီနေရာမှာ Scot လူမျိုးစစ်စစ်ဖြစ်တဲ့ Rod Stewart ရဲ့ဆိုဟန်ကိုပါထဲ့သွင်းထားပါတယ်။
ဖျားနာနေတဲ့ကမ္ဘာမြေကြီးမှာ ငြိမ်းချမ်းမှုနဲ့မေတ္တာတရားတွေလိုအပ်နေပါတယ်။ လောကမှာမပြောင်းလဲနို��်တဲ့အရာတွေရှိပါတယ်။ ငလျင်လှုပ်ခြင်း တောမီးလောင်ခြင်း မုန်တိုင်းကျခြင်း ကပ်ရောဂါများကျရောက်ခြင်းတို့ပါ။
တချိန်တည်းမှာပဲ ပြောင်းလဲနိုင်တဲ့အရာတွေလဲရှိနေပါတယ်။ ခွင့်လွှတ်ခြင်း ကိုယ်ချင်းစာတရားရှိခြင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ခြင်း တွေပါပဲ။
အားလုံးကျန််းမာချမ််းသာဘေးဘယာဝေးကွာကြပါစေ။
1 note · View note
stevenlwin · 3 years
Text
youtube
1 note · View note
stevenlwin · 3 years
Text
youtube
0 notes
stevenlwin · 3 years
Text
youtube
0 notes
stevenlwin · 3 years
Text
ခွဲစိတ်ဆရာ နှင့် ရွှေပေလွှာ (2)
Internet email မပေါ်ခင်တုံးက slow mail ဆိုတာရှိခဲ့ သည်။ slow mail ကို snail mail လို့လဲခေါ်ကြ သည် ပေါ့။ အဲဒီခေတ်က ရွှေ ပေလွှာဆိုတာရှိ ပါသည်။ ဤစာကို ၁၀ စောင်ကူး၍ ၁၀ အိမ် ဝေပါ။ ဝေပေးသော ကျောင်းဆရာမ သည် ထီဆုကြီးပေါက်ခဲ့သည်။ မဝေသော ဦးမှတ်ကြီးသည် ကားတိုက်ခံရပြီးခြေနှစ်ချောင်းကျိုးသွားသည်။ စသဖြင့် စသဖြင့်။ လူတွေကကူးရသည် ။ အိမ်ရှိလူကုန် ဝိုင်း ကူးရ သည်။ တံဆိပ်ခေါင်းလဲကပ်ရသေး သည်။ က���ုယ်ကတော့ဘယ်ရမလဲ အမြင်ကပ်တဲ့အိမ်ရှေ့စာတိုက်ပုံး ထဲထဲ့ပစ်တာပေါ့။ မဝေလို့ကတော့ မိုးကြိုးပဲပစ်မလါး ၊ ကားပဲတိုက်မလါး။
Surgeon ဖြစ်လါပြီးအလါးတူ ကိစ္စ မျိုး မကြာခဏ ဆိုသလို ကြုံလါရပြန် သည်။ ခွဲစိတ်မှုတခုပြီးလို့ ကိုယ်အင်္ဂါတစိတ်တပိုင်းထုတ်လိုက်ရပြီဆိုရင် လူနာရှင်တွေကတောင်းဆိုပြီ။ ဆရာရယ် ဒါကြီးကိုတ ပိုငိးစီ ဖြတ်ပြီး ဓာတ်ခွဲခန်းနှစ်ခုပို့ပေးပါ။ ရပါတယ်။ နှစ်ပိုင်းမကလို့ ဆယ်ပိုင်းဖြတ်ပြီး ဆယ်နေရာ ဝေချင် လဲ ရပါတယ်။ တချို့ကျတော့ တပိုင်းကိုနိုင်ငံခြားပို့တပိုင်း ကို ပြည်တွင်း ပို့ချင်ကြ သည်။ ဟုတ်ကဲ့ ရပါတယ် ပေါ့။ ဒါပေမယ့်ဘါလို့ ခွဲပို့ချင် တာလဲဟုမေးမိပါ သည်။ တနေရာထဲ မသေ ချာမှာစိုး လို့ပါတဲ့။ မိတ်ဆွေတွေကလဲ အဲသလိုပဲမှာပါသတဲ့။ အမယ် ဆရာဝန်များက ပါ အကြံပေးလိုက်တယ်ဆို ပဲ။
ကိုယ်ကတော့ကျိုးကျိုးနွံနွံသူတို့ခိုင်းသလိုလုပ် ပေးပါသည်။ မေးချင်သော်လည်းမမေးရဲ တဲ့ မေးခွန်းတွေက ရင်ထဲမှ တပုံတပင်။ ထိုမေးခွန်းများကို ယခုချရေးလိုက်ပြီ။
ဥပမာ…. ကင်ဆာ လို့ထင်တဲ့ အသားစဆိုပါစို့။ ဓါတ်ခွဲခန်းနှစ်ခုလုံးက ကင်ဆာမဟုတ်လို့ပြန်လါတယ်။ ဒါမှမဟုတ် ကင် ဆာလို့ အဖြေထွက်တယ် ဆိုခဲ့ရင် ပြဿနာ မရှိ။ တခုက ကင်ဆာမဟုတ် တခုက ကင်ဆာ ဆိုရင် ဘယ်တခုကို အတည်ယူမှာ လဲ။ ဒီလိုပြဿနာ ရှော င်ရှားဖို့ ဓါတ်ခွဲခန်း ကို စုံဂဏန်းပို့လို့ မဖြစ်။ ဓါတ်ခွဲခန်း ၃ ခန်း သို့မဟုတ် ၅ ခန်းပို့ မှဖြစ်ချေ မည်။ အများအဖြေကို အတည်ယူ ကြေး။
တခုကနိုင်ငံခြား တခုက ပြည်တွင်း၊ အဖြေ မတူ ခဲဲ့ သော် ဘယ်ဒင်းကိုယူမှာလဲ။ ဒါကအ လွယ် လေးပဲ။ နိုင်ငံခြားအတည်ယူမှာပေါ့။ ဟင် ဒါဆိုအစထဲကပြည်တွင်းဘါလို့ပို့သေးလဲ။ နိုင်ငံခြားတန်းပို့လိုက်ရငိမဖြစ်ဘူးလါး။
စင်္ကာပူကိုတပိုင်း ဘန်ကောက်ကိုတပိုင်းပို့လိုက်တယ်ဆိုပါစို့။ အဖြေမတူရင်ဘယ်နိုင်ငံကိုအတည်ယူမှာလဲ။ ဘန်ကောက်လါး စင်္ကာပူလါး။ ယူအက်စ်ပဲထပ်ပို့ရင် ကောင်းမလါး။
ဒီပြဿနာကအခုမှဖြစ်တာမဟုတ်ပါ။ ဟိုးရှေးကတည်းကရှိခဲ့ပါ သည်။ ဒီ ကိစ္စ နဲ့ပတ်သက်ပြီး ဆရာကြီး ပါမောက္ခဦးသိန်းညွန့် ကိုမေးခဲ့ဘူးပါသည်။ ဆရာကြီးက ရောဂါဗေဒ ဆရာကြီး ဦးကို ဆီကိုအမြဲပို့ပါ သည်။ တခြားလဲခွဲမပို့ပါ။ သူပို့ လို့ ရတဲ့ အဖြေကို အတည်ယူပါတယ်။ မယုံရင်အစထဲကမပို့နဲ့။ ပို့ပြီးမှသံသယ ရှိတယ်ဆိုတာ ဓာတ် ခွဲခန်းမှ ဆရာကြီးဆရာမကြီးများကိုစော်ကားရာ ရောက် တယ်လို့ဆိုပါ သည်။ ကဲ အဖြေတခုတော့ရပြီ။ ခက်တာက လူနာရှင်များက ဘယ် ရောဂါဗေဒ ဆရာကိုယုံရမလဲ ဆို တာ မသိတာပါပဲ။ ခွဲစိတ်ဆရာက ညွှန်သော ရော ဂါဗေဒ ဆရာကို လဲ မယုံတဝက်ယုံတဝက်။
ကဲ။ ခွဲစိတ်ဆရာဝန်ကိုရော လုံးဝဥဿုံယုံပါရဲ့လါး။ ဟုတ်ကဲ့ မယုံတဝက် ယုံ တဝက်၊ ဘေးလူတွေ ပြော လိုက်ရင် စိတ်က ယိုင် သံသယတွေ ဝင်။ သူတို့ကိုလဲအပြစ်မဆိုသာ။ မွေးကတည်းက ဘာမှ မယုံရတဲ့ ပတ်ဝန်းကျင် မှာ မွေးလါ။ ကြီးလါ လေ သံသယ တွေ က ပိုလို့ တိုး လါ လေ။ မီဒီယာတွေဖတ်ကြည့်ရင်လဲ ဆရာဝန်လောက်ညံ့ဖျင်းတာမရှီ ၊ ဆရာဝန်တွေ လောက်ငွေမက်တာမရှိ။ နေ ထိုင်မကောင်းတော့ အားကိုးရလောက်တဲ့ဆရာဝန်ကမရှိ။ ဆရာဝန်လူနာ ကုတယ်ဆိုတာနှစ်ဦးနှစ်ဖက် ယုံကြည်ချက်နဲ့ ကုတာ။ ယုံကြည်ချက်မဲ့ရင်ကုသမှု လဲ မ အောင်မြင်နိုင်။
ကဲ ဆရာဝန် ဖက်ကပြောပြီ။ အသားစကို ရောဂါရှာတယ် ဆိုတာ တမျိုးတည်း မဟုတ်ပါ။ histology ဆိုတာရှိပါ သည်။ immunohistochemistry ဆိုတာ ရှိပါသည်။ receptor status, gene expression ဆိုတာရှိပါ သည်။ ရောဂါကိုအမည်တပ် ပါ သည်။ အတိမ်အနက်ခွဲခြားပါ သည်။ အမျိုးအစားခွဲခြားပါ သည်။ ရောဂါရဲ့ပြင်းအားကိုခန့်မှန်းပါ သည်။ ဘယ်ဆေးနဲ့ကု ဖို့သင့်တယ် ဆိုတာညွှန်ပြနိုင်ပါ သည်။ မျိုးရိုးလိုက်တဲ့ရောဂါ ဟုတ်မဟုတ် သိနိုင်ပါသည်။ ခွဲစိတ်ဖြတ်တောက်ရာမှာရောဂါစင်မစင်သိနိုင်ပါ သည်။ ရောဂါစင်အောင်မထုတ်နိုင်လျှင်ဆေး သို့မဟုတ် ဓာတ်ရောင်ခြည် စသဖြင့်ဆက်လက်ကုသရန်လိုကြော င်းပြသ နိုင်ပါ သည်။ ပြည်တွင်းမှာမရနိုင်သည့် စမ်းသပ်စစ်ဆေးမှုများကိုလိုအပ်လျှင်ဆရာဝန်များကိုယ်တိုင်နိုင်ခြားပို့ စမ်းသပ်ခိုင်းကြပါသည်။
အဲဒီမှာ … ခွဲစိတ်ထုတ်လိုက်သောအပိုင်းကိုနှစ်ပိုင်း သုံးပိုင်း ပိုင်းလိုက် လျှင် ရောဂါ စင်မစင်မပြောနိုင်တော့ ပါ။ ဖြတ်ပေးလိုက် သောအပိုင်းထဲမှာ ရောဂါ မပါ ၊ ကျန်တပိုင်းမှာ ရောဂါပါလျှင်ထွက်လါသောအဖြေ လဲ မတူ နိုင်ပါ။
ခွဲ စိတ်ဆရာဝန်သည် ရောဂါ ကို ကုန်စင်အောင် ကြိုးစားဖြတ်တောက်ပါသော်လည်း ဖယ်ထုတ်မရနိုင်သည့်အခြေအနေ များရှိနိုင်ပါသည်။ ခွဲစိတ်ဆရာသည် ရောဂါ ဗေဒ ဆရာဝန်အား လူနာနှင့်ပတ်သက်သောသိသင့်သိထိုက်သည် များကို အသိပေး ရပါသည်။ ခွဲစိတ် စဉ်အတွင်းတွေ့ရှိချက်များကိုအသိ ပေးပါ သည်။
ရောဂါဗေဒဆရာဝန်သည် ရရှိသောအချက်အလက်များနှင့်ဓာတ်ခွဲ တွေ့ရှိချက်များကို စုပေါင်းပြီး အဖြေထုတ်ပေးပါ သည်။ ရောဂါဗေဒ ဆရာဝန် သည် သိလို သော အချက်များ ကိုခွဲစိတ်ဆရာဝန်ကိုထပ်မံ မေးမြန်းပါ သည်။ အဖြေထုတ်ရန်ခက်ခဲ သော ရောဂါ များ တွင် အ ခြားသော ရောဂါဗေဒ ဆရာဝန်များ၏ အကြံဥာဏ်ကို ယူပါ သည်။ လိုအပ်လျှင်ကမ္ဘာတလွှားမှ ပညာရှင်များထံမှ ထင်မြင်ချက်များကိုရယူပါသည်။ ပြီးမှသာအမှန်ကန်ဆုံးရောဂါအဖြေကိုထုတ်ပေးပါ သည်။
ခွဲစိတ်ဆရာဝန်များသည် မိမိ တို့ ခွဲစိတ်ထားသော အစိတ်အပိုင်း ကိုပင် ခွဲခြမ်းစိတ်ဖြာကြည့်လေ့ရှိပါ သည်။ ရောဂါဗေဒ ဆရာအနေ နဲ့ မိမိထံရောက်လါသောအစိတ်အပိုင်းသည် မခွဲမစိတ်အရာမယွင်းဖြစ်နေလျှင်အကောင်းဆုံးဖြစ်ပါသည်။ ခွဲစိတ်ဆရာအနေနှင့် မိမိ ထုတ်လိုက်သောအပိုင်းကို အရှေ့ အနောက် တောင် မြောက်မှတ်သားပေးပြီး မပုပ်မသိုးအောင်စီမံ၍ ပေးပို့ခြင်း သည်သာ အကောင်းဆုံးဖြစ်ပါသည်။
အားလုံးကိုပြန်ချုပ်ကြည့်ပါစို့။ ခွဲစိတ်ဆရာဝန်သည် လူနာများကိုဆက်လက်ခွဲစိတ် နေ မည်သာဖြစ်ပါသည်။ လူနာဖက်မှလဲ နေရာခွဲ ပို့ရန်ဆက်လက်တောင်းဆိုမည်သာဖြစ်ပါသည်။ သို့ပါ၍ ခွဲစိတ်ဆရာများသည် ရောဂါဗေဒ ဆရာများ ထံ အနူးအညွှတ်တောင်းပန် စာ နှင့်တကွ ရွှေပေလွှာ များ ဆက်လက်ပေးပို့နေမည်သာဖြစ်ပါသတည်း။
1 note · View note
stevenlwin · 3 years
Text
ကြီးကြီးလါး သေးသေးလါး (3)
ခွဲစိတ်ဆရာဝန်တွေအမြဲမေးခံရသော မေးခွန်းတခုရှိပါသည်။ ကျွန်တော်ရဲ့ခွဲစိတ် မှု က မေဂျာလါး မိုင်နာလါး ဆရာ။ ဟူ၍ဖြစ်ပါသည်။ ဤမေးခွန်းကိုဖြေဖို့ မေဂျာ နှင့်မိုင်နာ ၏ အဓိပ္ပါယ် ဖွင့်ဆိုရန် လိုလါပါသည်။ Minor surgery ဆိုတာ procedure အားဖြင့် နည်းတာလါး။ ဆာဂျင်ကရောလျှော့ပြီးအားထုတ် ရသလါး။ ဆာဂျင်ကတော့အားလုံးသောခွဲစိတ်မှု များကိုအတူတူပဲအားထုတ်ပါသည်။ ဒီခွဲစိတ်မှုကအသေးစားမို့မျက်စိတဖက်ပိတ်ခွဲတာ လဲမရှိပါ။ တရုတ်သိုင်းသမားလို လက်တဖက် ကျောမှာပစ်ပြီးခွဲတာလဲမရှိပါ။ သုံးသော ခွဲ စိတ် စားပွဲ။ ခွဲစိတ်ခန်း။ အတူတူပဲဖြစ်ပါသည်။ အသေးစားမို့မီးပိတ် ခွဲ ရခြင်းလဲမရှိပါ။ ခွဲစိတ်ဓား ညှပ် ကပ်ကျေး ကြိုး အားလုံးအတူတူပဲသုံးရပါသည်။ energy device များမှာလည်း ရရှိနို င်သော diathermy မှ စ၍ harmonic scalpel အထိလိုသလိုသုံး ရသည်သာဖြစ်ပါသည်။ ခွဲစိတ်မှု ကြာသောအချိန် ကိုမူတည်၍ မေဂျာ မိုင်နာ ခွဲ နိုင် သလါး။ ခွဲ စိတ်မှုကြာချိန် မှာ ဆာဂျင်ပေါ်မူတည်၍ ကွာနိုင်သလို ပစ္စည်းကောင်းသုံးလျှင်သုံးနိုင်သလို အဆင်ပြေ လွယ်ကူ လျင်မြန် တတ်ပါသည်။ မေ့ဆေး ဖက်ကပြောရ လျှင် မေ့ ဆေးပေးရလျှင် အကြီးစားလါး။ ထုံဆေးပေးရလျှင်အသေးစားလါးဆိုတော့ လဲ မဟုတ်ပြန်။ ယခု အခါ ခါးထုံဆေး နှင့် ဒူးနှစ်ဖက်လုံးတပြိုင်နက်အစားထိုးနိုင်နေ ပြီ ဖြစ်ပါသည်။ လည်ပင်းထုံဆေးပေးပြီး သိုင်းရွိက်အကြိတ်ကိုလဲထုတ်နိုင်နေပြီ ဖြစ်ပါသည်။ ဘေးထွက်ဆိုးကျိုးနည်းလျှင် အသေးစားခွဲစိတ်မှုဟုခေါ်နိုင်မလါး။ မည်သည့် ခွဲစိတ်မှု မျိုးမ ဆို ဘေးထွက် ဆိုးကျိုးများရှိနိုင်ပါသည်။ မျက်နှာက မှဲ့လေး ခွဲထုတ်ရုံနှင့်ပါးစပ်ရွဲ့ သွား နိုင်သည်။လည်ပင်းကြိတ်သေးသေးလေးကိုခွဲ ရင်း လဲ အသံပြောင်းသွားနိုင်သည်။ မေ့ဆေး ထုံဆေး နှင့်ဓါတ်မတဲ့မှု များ လဲ ဖြစ်ပေါ် နိုင်သည်။ ဘေးထွက် ဆိုးကျိုးလုံးဝ ကင်းသည့် ခွဲစိတ်မှုဟူသည် မရှိနိုင်။ အသက်အန္တရာယ် စိုးရိမ်ရ သလါး ဆိုသည့် မေးခွန်းကတော့ အခက်ဆုံး မေးခွန်းပဲဖြစ်ပါလိမ့်မည်။ ပုံမှန်အား ဖြင့်တော့ မစိုးရိမ်ရပါ ဟုပြန်ဖြေရပါသည်။ ပုံမှန် ဆိုသည် က ကြိုတင် မမြင်နိုင်သော အခြေအနေ unforeseen circumstances မရှိ သည့် အခြေအနေ ကို ဆိုလိုပါသည်။ လောကမှာ unforseen circumstances မရှိသော အခြေအနေ ရှိပါသလါး။ မမြင်နိုင်သောအခြေအနေ ပါဆို​နေမှ မြင်နိုင်ပါ့မလါး။ ကုန်ကျစားရိတ်နည်းလျှင်မိုင်နာလါး။ သုံး သောပစ္စည်းပေါ်မူတည်၍ ကုန်ကျစားရိတ်အနဲအများ ရှိနိုင်သည်။ ခွဲစိတ်ခကတော့ ဆရာဝန်တဦးနှင့်တဦးကွာမည် ထင်ပါသည်။ ရှေးသရောအခါက မြန်မာဆေး လောကသည် အင်္ဂလိပ် ဆေး လောက မှ တိုက်ရိုက်ဆင်းသက်ခဲ့ပါသည်။ အထူးကုစမ်းသပ်ခ ကို London မြို့ Harley street မှ အထူး ကု များစမ်းသပ်ခအတိုင်း မြန်မာကျပ်ငွေ ပြောင်း၍ တဦးလျှင် ၁၆ ကျပ်ယူခဲ့ကြပါသည်။ ယခုကာလရွေ့လျောလါပြီး ငွေလဲလှယ် နှုန်းပြောင်းလဲလါသည်။ ငွေလဲလှယ်နှုံးအတိုင်း စမ်းသပ်ခကို တိုက်ရိုက် ယူလို့မရတော့။ အခြေအနေ အရ စမ်းသပ်ခကို နိုင်ငံခြား စမ်းသပ်ခထက် ၁၀ ဆ မှ အဆ ၂၀ အထိ လျှော့ယူလါကြသည်။ ခွဲ စိတ်ခကတော့ procedure ပေါ် မူတည်ပြီး အဆ ငါးဆယ် မှ တရာ အကြား လျှော့ယူကြသည်။ သို့ကြောင့်လဲ အချို့ သော အဆင့်မြင့်ဆရာဝန်ကြီးများသည် အဆင့် မြင့် လူနာများကို ကုသ ပေးနိုင်ရန် အဆင့်မြင့်တိုင်းပြည်များသို့ ပြောင်းရွှေ့သွားကြ လေ သည်။ ပြောချင်တာကတော့ ဈေးပေါတိုင်း မိုင်နာမဟုတ်သလို၊ဈေးကြီးတိုင်း လဲ မေ ဂျာ မဟုတ်ပါ။ နောက်မေးခွန်းတခုက နေ့ချင်းပြန်နိုင် လျှင် မိုင်နာလါး ဆိုသည့်မေးခွန်းပင်။ ယခုအခါ ပြည်တွင်းရောပြည်ပမှာပါ Day Sugery ဆိုတာခေတ်စား ပါသည်။ လူနာများကိုဆေးရုံမှာတာရှည်မထားပဲ Enhanced recovery after surgery ERAS ပုံစံအရ ဘယ်ခွဲစိတ်မှုမျိုးမဆို အချိန်အတိုဆုံး နာလံထစေနိုင်သော နည်းလမ်းများ ပေါ်ထွန်းနေပြီဖြစ်သည်။ ဆေးရုံမှ အချိန်တိုတိုနှင့်ဆင်းလါနိုင်လဲ မိုင်နာလို့တော့ ပြောမရပြန်။ ဝမ်းပိုက် သို့မဟုတ်ရင်ခေါင်းမှာအပေါက်သေး လေးဖေါက်ပြီး ခွဲစိတ်ရသည့် laparoscopic/ key hole surgery ဆို လျှင်မိုင်နာလို့ ခေါ်မှာလါး။ ရင်ခေါင်း ပိုက်ခေါင်းတခုလုံးဖွင့်ပြီးခွဲ မှ မေဂျာလါး။ key hole surgery ကို အကြီးစားကင်ဆာ ရောဂါ ခွဲစိတ်မှု များတွင်သုံးနိုင်သည်။ အစာအိမ် တခုလုံး ကို ပင် ဖြတ်ထုတ်နိုင် သည်။ မိုင်နာ တော့ မဟုတ်တာ သေချာပါ သည်။ အထက်ပါအချက်များကိုစဉ်းစားလျှင် မိုင်နာ ဆာဂျရီ လို့ပြောနိုင်သော ကေ့စ် ကိုရှာတွေ့ဖို့ အတော်ပင်ခက်ခဲ ကြောင်း မြင်နိုင်ပါသည်။ သို့ပါ၍.. ယခုခေါင်းစဉ် ပါ မေးခွန်းကိုဖြေရမည်ဆို သော် ကြီးကြီးလါး၊ သေးသေးလါး ဟုမေးလျှင် “အားလုံးကြီးကြီးပဲ“ဟူ၍ဖြေရပါမည်။ ကလေးခွဲစိတ်ပါမောက္ခဆရာကြီးဦးအောင်ကြည် ပြောသောစကားလေးကို ပြန်လည်မျှ ဝေ ချင်ပါသည်။ There is no such thing as minor surgery, there are only minor surgeons. တိတိကျကျ ပြန် ဆိုရလျှင် လောကေ လောက၌ သေးနုတ်သော ခွဲစိတ်မှုဟူသည် မရှိ။ သေးနုတ်သော ခွဲစိတ်ဆရာဝန် များ သာရှိသည်။ ဟူ၏။
1 note · View note
stevenlwin · 3 years
Video
youtube
0 notes
stevenlwin · 3 years
Video
youtube
0 notes
stevenlwin · 3 years
Text
အနှစ်၃၀ အလွန် (1)
Career တခုလုံးမှာမှလွန်ခဲ့တဲ့အနှစ်၃၀ SO ရဲ့နွေညတွေကိုအလွမ်းဆုံးပါ။
Staff တွေက မခင်စန်းရီရယ်၊ ဝေဝေရယ် ၊ မမိရယ်။ မခင် စန်းရီက အစ်မကြီး အါးလုံးကြောက်ရတယ်။ အသံကလဲစူးနေရော။ ဝေဝေ က အငယ်ဆုံး အားလုံးကချစ် ဝိုင်းလဲ စကြပေါ့။ ရခိုင်သူဆိုတော့ အသံက ဝဲပြီးနားထောင်ကောင်းတယ်။ မမိ က တော့ ပခုက္ကူသူ။ အားလုံးနဲ့ အဆင်ပြေ တယ်။ အလုပ်ကို ဇယ်ဆက်သလိုလုပ်နိုင်တယ်။
ကိုစံကြည်က Brother တောင်မဖြစ်သေးဘူး။ မလေးမစားခေါ်တာမဟုတ်ပါဘူး အကိုတယောက်လိုအားကိုးရလို့ အဲလိုခေါ်မှအားရလို့ပါ။ ဘာပဲလိုလိုဘာပဲဖြစ်ဖြစ် ကိုစံကြည်ကိုပြောရင်အားလုံးပြီးတယ်။ သူနောက်မှာလဲတပ်တောင်တာဗိုလ်ထုနဲ့အလုပ်သမားတွေရှိတယ်။ လည်ပင်းမှာဆယ်ပြားစိဆွဲထားတဲ့ အလုပ်သမား ဆယ်ပြား လဲရှိတယ်။ ဘယ်နေရာကိုမဆိုလိမ့်နိုင်တဲ့အလုပ်သမား သုံးဘီး လဲရှိ တယ်။ သူတို့ နာမည် ရင်း တွေဘယ်သူမှမသိ ပေမယ့် ဆယ်ပြား၊သုံးဘီး ဆိုအားလုံးသိကြတယ်။ ကိုစံကြည်နဲ့အဆင်မပြေရင်အလုပ်သမားနဲ့လဲအဆင်မပြေနိုင်ဘူး။
ခွဲခန်းထဲမှာအန်တီဂီး က sister ။ ရေပက်မဝင်အောင်စကားပြောနိုင်တယ်။ ဘါပဲသွားပြောပြော တခွန်း ပြောရင်သူကဆယ်ခွန်း ပြန်ပြောတယ်။ဘာ မှ နိုင်အောင်ပြောလို့မရဘူး။ နောက်ဆုံး လာ ရင်းကိစ္စပါမေ့ပြီးလက်မြှောက်ပြန်ခဲ့ရတာချည်းပဲ။
နော်သန်းဝင်း က instrument nurse ၊ ညတနာရီနှစ်နာရီ Mayo ကိုမှီ ပြီး မျက်စိပိတ် assist လုပ်တာ ။ ဘာမှမမှားဘူး။ ကိုယ်က အလုပ်လုပ်ရင်း ထုံးစံ မဟုတ်တဲ့ procedure၊ instrument တောင်းမှသူမျက်စိဖွင့်တယ်။ လူနာ အန် လို့ aspiration. ရပြီဆိုကိုယ်ကကြက်သေသေ နေတုံး။ သူက head down လုပ်ပြီးပြီ။ suction လုပ်ပြီးပြီ။ အလုပ်ပြီးရင်တော့ချောင်လေးမှာခွေပြီးအိပ်တာပဲ။ သူအိပ်တာကို ဦးဂျွန်ဆင်တို့က ဝက်သေပြီလို့ခေါ်တယ်။ သူကအပြင်ဆေးခန်းမှာလဲ ဆရာကျော် ကို assist ဝင်တာ ဆိုတော့ကိုယ် ဘာခွဲသွားတယ်ဆိုတာ ဆရာကြီးနား ချက်ခြင်း ပေါက်သွားတာ။ ခွဲခန်းမှာပေါက်ကရလုပ်သွားရင်တန်းတိုင်ပြီပဲ။
မငွေသန်းကအသံအကျယ်ဆုံး။ အစွာဆုံး။ မာမာအေးသီချင်းဆိုရင် ခွဲ မရအောင်တူတယ်။ PG တွေကတော့ကြောက်ကြတယ် ။ လုံးဝမျက်နှာသာမပေးဘူး။ တခုခုမှားရင်အော်ပြီ ပဲ ။ instrument ဆို တောင်းတိုင်းပေးတာမဟုတ်ဘူး။ ဒါဆရာကြီးတွေသုံးတာ တဲ့။ ဆိုလိုတာက နင် နဲ့တန်သလါးပေါ့။ ဟုတ်တော့ဟုတ်တယ်။ အငယ်တွေက instrument တွေမကိုင်တတ်ကိုင်တတ်နဲ့ဖျက်တတ်တာကိုး။
မနဲလီ တို့ မခင်မာဝင်းတို့ ရှိသေးတယ်။ ပြောရရင်ကုန်နိုင်စရာမရှိဘူး။
ညသန်းခေါင်ဗိုက်ဆာရင် အပြင်ထွက်ကြတယ်။ လမ္မတော်ကိုလမ်းအလယ် ကလျှောက်ပြီးဘောဂ ဆိုင်သွားတယ်။ မိုးအလင်းဖွင့်တာ။ ဝက်သားကောက်ညှင်းထုတ်ဆိုနာမည်ကြီးပေါ့။
အလုပ်သမားတွေက Theatre ထဲမှာကိုသိန်းရွှေတို့ ကိုသိန်းမြင့်တို့ရှိတယ်။ အခု အကြီးဆုံးကတုံးနဲ့ ဦးသန်းအောင် က လူတကာနိုင်တဲ့ အငယ်ဆုံး သန်းအောင်ပဲ။ အပြင်မှာက ချစ်စရာ တို့ ကစ္စနား တို့ရှိတယ်။
Team leader က ambulance အဝင်ဘယ်ဖက်ကအခန်းမှာအိပ်ရတယ်။ ပန်ကာရှိပေမယ့်ပြူတင်းပေါက်မရှိဘူး။ လှောင်ပိတ်နေတာ။ အိပ်မရတော့မမိဆီကbed sheet နှစ်ထည်တောင်းပြီး ကားပါကင်က အုတ်ခုံမှာသွားအိပ်တယ်။ တထည်ကခင်းဖို့ တထည်ကခေါင်းအုံးဖို့။
လေလေးတဖြူးဖြူးနဲ့။ ကြယ်တွေအောက်မှာ။ ချစ်စရာက တောင့်နေတဲ့ ခြေသလုံး တွေ နှိပ်ပေးရင်း ဒလ က ဇာတ်လမ်းစုံပြောပြတယ်။ သူ့ဇာတ်လမ်းမဆုံးသေးဘူး ကိုယ်က အိပ်ပျော်သွားရော။
ဒါတွေအားလုံး လောကနိဗ္ဗာန်ဆိုတာအခုမှသိတယ်။
0 notes