Don't wanna be here? Send us removal request.
Text
အချို့ကြက်သမားတွေ ကြက်နာရင် ငပိခွံ့တတ်တဲ့ပုံစံလေးရှိတယ်။ ဒါကလည်း တစ်ကယ်တမ်းတော့ ငပိမှာပါတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေနဲ့ ဗီတာမင်ချို့တဲ့လို့ဖြစ်တဲ့လက္ခဏာတွေနဲ့ သွားတိုက်ဆိုင်မှသာ ရောဂါပျောက်ကင်းသလိုဖြစ်သွားတာကို သတိပြုစေချင်ပါတယ်။ တစ်ကယ့် ဘက်တီးရီးယားကြောင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါတွေမှာတော့ ငပိကကုမရတာကို သတိပြုစေချင်ပါတယ်။ ဆက်ပြောမှာကတော့ဟာသနည်းနည်းဆန်သွားမယ်ဆိုပေမယ့် သတိပြုစရာတစ်ခုလည်းဖြစ်စေနိုင်ပါတယ်။ အနားကကြက်သမားတစ်ယောက် သူ့ကြက်နည်းနည်းမှိုင်နေလို့ ငပိခွံဖို့ သူ့မိန်းမဆီလှ��်းတောင်းတော့ ငပိမရှိဘူး ကုန်နေလို့ ငပိရည်ပဲရှိတယ်ပြောတာနဲ့ အတူတူပါ��ဲဆိုပြီး ကြက်ကိုငပိရည်တိုက်လိုက်တာ။ သူ့ဘာသာ မှိုင်နေတဲ့ကြက် ခြေသုံးလေးလှမ်းလှမ်းပြီး တုန်းကနဲလဲ ဘုန်းကနည်းအသက်ထွက်သွားတာပါပဲ။ ကြက်ဟာ အငံအလွန်ကြောက်ပါတယ်။ သေခြာမလေ့လာရသေးပေမယ့် Blood pressure မြင့်တဲ့သတ္တဝါဖြစ်နိုင်တာမို့ အငံအရမ်းများတာနဲ့ သွေးတိုးစောင့်တက် လူလိုဆို ဦးနှောက်သွေးကြောပြတ်ပြီးချက်ခြင်းသေဆုံးသလိုပုံစံပဲဖြစ်ပါတယ်။ ဒါကြောင့်တစ်ကယ်ရောဂါတစ်ခုဝင်လာပြီဆို ဆေးမြီးတိုတွေအားမကိုးပဲ ထိရောက်မယ့် ဆိုင်ရာဆိုင်ရာဆေးဝါးတွေအသုံးပြုနိုင်ဖို့အတွက် ဆောင်ထားသင့်တဲ့ဆေးဝါးမှန်သမျှအသင့်ဆောင်ထားသင့်ပါတယ်။
0 notes
Text
ကြက်သမား
ကြက်သမားတစ်ဦးဖြစ်လာဖို့မလွယ်သလို လုပ်ဆောင်ရမယ့် ကျင့်သုံးရမယ့် လိုက်နာရမယ့် စည်းစနစ်တွေကအများကြီးပါ။ ကြက်သမားတစ်ယောက်မှာ မျိုးရိုးထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မျိုးဆက်သစ်တွေရဲ့ အနေအထားအပြောင်းအလဲ တိုးတက်မှု ဆုတ်ယုတ်မှုတို့ကို အမြဲမပြတ်လေ့လာခြင်း၊ ကျရောက်နိုင်တဲ့ရောဂါအများအပြားရဲ့သဘောသဘာဝက်ုနားလည်ရခြင်း၊ ခွပ်အောင်မွေး၊ ခွပ်အောင်ပြင်ရခြင်း၊ တစ်တောင်စည်းမှာလည်း ကြက်သာကုပဲကုကု ကြက်နာပဲကုကု ကိုယ်ကုတဲ့ကြက်အထာအကဲဖမ်းတတ်ရခြင်း ပြိုင်ဘက်ကြက်ရဲ့အနေအထားကိုလည်းအမြဲမပြတ်အကဲခတ်နိုင်ရခြင်း စတာတွေကို အဆင့်တိုင်းအဆင့်တိုင်း ပြည့်စုံနေအောင်အမြဲမပြတ်လေ့လာရင်း သင်ယူနေရမှာပါ။ တိုက်ကြက်မှာဘုရင်မရှိသလို ပြီးပြည့်စုံပါပြီဆိုတဲ့ကြက်သမားလည်းမရှိပါဘူး။ ဒီဘက်ခေတ်မှာပိုဆိုးတယ် မျုးသိတ်အသစ်အဆန်းတွေ၊ ခေတ်မှီဆေးဝါးတွေ၊ ခေတ်မှီလေ့ကျင့်ပြင်ဆင်ရေးစနစ်တွေစသည်ဖြင့် အသစ်အသစ်တွေအမြဲပေါ်ထွက်နေတာကို ကျွန်တော်တ��ု့သတိထားကြည့်ရင်မြင်သာပါတယ်။ အဲ့ဒီတော့ကျွန်တော်တို့ဟာရိုးရာပုံစံကို ဆက်လက်ထိန်းသိမ်းရမယ့်တာဝန်ရှိသလို ခေတ်နဲ့အညီပြောင်းလဲမှုတွေက်ုလည်း ယူသင့်တာယူ ပါယ်သင့်တာပါယ်ပြီး ကျွန်တော်တို့ရိုးရာပုံစံကိုလည်း မြှင့်တင်သင့်ပါတယ်။ အဲ့ဒီတော့ကျွန်တော်တို့မျိုးဆက်သစ်လူငယ်တွေအနေနဲ့သင်ယူတာကိုရပ်တန့်ခို့မရပါဘူး။
ကြက်မွေး၊ ကြက်ပြင်၊ ကြက်ကု အခြေခံဘာသာရပ်တိုင်းကို တစ်ပိုင်းခြင်းဆီရဲ့သဘောသဘာဝ အနှစ်သာရတွေကို သင်ယူရင်း လက်တွေ့အကောင်အထည်ဖေါ်ရင်း ဇွဲရှိရှိကျိုးစားကြရင် မြန်မာတိုက်ကြက်လောကဒီထက်မကတိုးတက်အောင်မြင်လာမှာဖြစ်တဲ့အကြောင်း ပြောကြားရင်း တစ်ရေးနိုးပိုစ့်တင်ပြီး နောက်တစ်ရေးပြန်အိပ်ပါပြီ။ ညီကိုအားလုံးဂွတ်ညပါ။
0 notes
Text
အရိုးရှင်းဆုံးတိုက်ကြက်သားဖေါက်နည်း။
အဓိကကတော့အချိန်ပေးပြီးစောင့်ကြည့်နိုင်မှုနဲ့စာရင်းသေခြာပြုစုနိုင်ဖို့ပါပဲ။ အခုနောက်ပိုင်း ကျွန်တော်အချိန်ပေးလေ့လာတာက အတွဲညီတဲ့ မျိုးကြက်အဖအမအတွဲတွေကိုပါပဲ။ ပထမတစ်သား အများစုစိတ်တိုင်းကျရင် ဒုတိယသား ဒီအတွဲပဲဆက်ဖေါက်တယ် ဒုတိယသားမှာလည်း စိတ်တိုင်းကျအတော်များရင် ဒီအတွဲကိုရာသက်ပန်ရိုးမြေကျတွဲစေသတည်းပဲ။ ဒါကတော့အခြေခံအကျဆုံးဖြစ်ပြီး အဲ့ဒီကမှနောက်တသ်ဆင့်မှာ လက်ရှိတစ်စုံမရှိတော့ရင်ဘယ်လိုဆက်လုပ်မလည်းကိစ္စပေါ့။ တစ်ကယ်ကဗီဇသဘောနဲ့ သားဖေါက်ခြင်းနိယာမအကြမ်းဖျဉ်းကိုနားလည်ရင်ဒါကလည်းအခက်ကြီးမဟုတ်ပါဘူး ဗီဇစုဆောင်းတဲ့အလုပ်ကိုအချိန်ပေးလုပ်နိုင်ရင်ရတာပါပဲ။ တစ်ကယ်တမ်းတွေးကြည့်ရင် တိုက်ကြက်အဆောက်အဦတစ်ခုလုံးရဲ့အရင်းအမြသ်ကအချိန်ပေးနိုင်မှုပါပဲ။
0 notes
Text
ရေထဲမိုးထဲကြက်တက်အောင်ခိုင်းခြင်း။
ဒီအပိုင်းကို ကျွန်တော်အတော်လေးသတိထားလေ့လာမိတယ်။ ရေထဲမိုးထဲသူပန်းကိုယ်ပန်းဖြစ်နေတော့ ကြက်ကုကအရမ်းကြီးလောဘကြီးခိုင်းလို့မရနိုင်ဘူး။ မကြာလွန်းမမြန်လွန်းသောအချိန်ပေးမှုကို ကျွန်တော်တို့ကုရင်းဆုံးဖြတ်နိုင်ရပါမယ်။ တစ်ဖက်ကြက်ခြေအပေါ်သိပ်မရောက်တော့ရင် ကျွန်တော်သားတွေကိုနားချိန်ပိုပေးတယ် ပိုပေးတယ်ဆိုတာ စက္ကာန့်ပိုင်းပဲ စက္ကာန့်သုံးဆယ်ဝန်းကျင်ပေါ့ အဲ့အချိန်ဘာလုပ်လည်း��ို ဘေးကနေခေါင်းပိုင်းနဲ့လည်ပိုင်းကိုလေဖြူးပေးတယ် သတိပေးထားတယ် ပြီးမှ ရုတ်တရက် ဒူးရေထိုးတာမျိုး နောက်ကနေမှုတ်တင်တာမျိုး မြန်မြန်လေးလုပ်ကြည့်တယ် တစ်ခါနဲ့တစ်ခါမတူအောင်တော့ခိုင်းတယ် တက်ပုတ်တာပါပဲ အဓိကက လေလေးဖြူးပေးလို့ကြက်စိတ်ကအဲ့အပေါ်သာယာချိန် ရုတ်တရက်စိတ်ပြောင်းပေးလိုက်တဲ့သဘောပဲ အဲ့အချိန်ဆိုခြေတွေကအလေအလွင့်မရှိကြတာကိုသတိထားမိတယ်။ ကျွန်တော်ကတော့ရေကျိတ်ခန်းတက်ပုတ်တဲ့ခြေတွေတစ်လုံးဆိုတစ်လုံးအလေအလွင့်မရှိတာက်ုပိုသဘောကြတယ်။ ကြက်ကအားလိုသေးချိန် အတင်းခိုင်းလို့တက်ပုတ်ရတာမျိုးက အလုံးတိုင်းမအောင်အလေအလွင့်လေးတွေရှိတော့ ကြက်အားလည်းပိုခမ်းတာပေါ့။ ဒါကတော့ ကြက်ကုဝါသနာရှင်လေးတွေအတွက် ကျွန်တော့အတွေ့အကြုံအနည်းအပါးပါ။ ကြက်ကုတယ်ဆိုတာက ဝိုင်းထဲကိုယ်တိုင်ဝင်ကုမှသဘောပေါက်နိုင်တဲ့ပညာတစ်ရပ်ပါပဲ။
0 notes
Text
မျိုးကြက်ရွေးချယ်ခြင်း နှင့် သားဖောက်ခြင်း
တိုက်ကြက်များသားဖောက်ရန်အတွက် မျိုးကြက်ဖနှင့် မျိုးကြက်မ ရွေးချယ်မှုမှန်ကန်ရန်မှာ အရေးအကြီးဆုံး အချက်ပင်ဖြစ်ပါသည်။ မျိုးကြက်ရွေးချယ်ရာတွင် မိမိနှစ်သက်သော ခွပ်လမ်းနှင့် မိမိအလိုရှိသော ကြက်၏အရည် အသွေးကို တိကျသောရည်မှန်းချက်ထားရမည်ဖြစ်ပါသည်။ ထို့အပြင် ဗီဇဆိုင်ရာ သဘောတရားများကိုလည်း သိရှိနား လည်ရမည်ဖြစ်ပါသည်။ မျိုးစပ်ရာမှပေါက်ဖွားလာသောကလေးများတွင် မည်သည့်အခြေအနေတွင်မဆို ဖခင်ဘက်မှ ဗီဇ ငါးဆယ်ရာနှုန်း နှင့် မိခင်ဘက်မှ ဗီဇ ငါးဆယ်ရာနှုန်းဆီ ပါ၀င်လာမည်ကိုသေခြာစွာမှတ်သားထားရပါမည်။ ဤနေရာတွင် အမွေးအရောင်သိသာထင်ရှားမှုသည် ဖအေဗီဇ မအေဗီဇပါ၀င်မှုရာနှုန်းနှင့်မသတ်ဆိုင်သည်ကိုသဘော ပေါက်ထားသင့်ပါသည်။ ဥပမာ - ဗြာကြက်ဖ နှင့် ကြက်မဲမ သားဖောက်ရာတွင် ဗြာအရောင်သီးသန့်ထွက်လာသော သမီးတွင် ဖခင်ကြက်ဖ၏ဗီဇပိုမိုပါ၀င်သည်ဟုတ်မှတ်ယူ၍မရပါ။
ကိုယ်ပိုင်သားဖောက်၍တိုက်ကြက်များမွေးထုတ်တော့မည်ဆိုလျှင်အောက်ပါအချက်များကိုဦးစွာလေ့လာပြီးမှ မျိုးကြက်များကိုရွေးချယ်ရပါမည်။
၁။ မိမိနှစ်သက်သော ခွပ်လမ်း
၂။ ရွေးချယ်မည့်မျိုးကြက်၏ နောက်ကြောင်းရာဇ၀င်ကိုသိရှိထားခြင်း၊ ဆွေစဉ်မျိုးဆက်ကိုသိရှိထားခြင်း
၃။ရွေးချယ်မည့်မျိုးကြက်၏လက်ရှိအခြေအနေ ဝိုင်းတက်မှုအနေအထား၊ ခွပ်လမ်းခွပ်ကွက်၊ ခြေပိုင်းဆိုင်ရာ အယူအဆများ
၄။ရွေးချယ်မည့်မျိုးကြက်၏ကျန်းမာရေးအနေအထားကောင်းမွန်မှု
၅။ ကြက်၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကောင်းမွန်မှု၊ အမွေးအရောင်မှန်ကန်မှု စသည်တို့ကိုလေ့လာပြီး မျိုးကြက်များကိုရွေး ချယ်ရမည်ဖြစ်ပါသည်။
တိုက်ကြက်သားဖောက်ရာတွင် အခြေခံအားဖြင့် Practical breeder နှင့် Theoretical breeder ဟူ၍ နှစ်မျိုးနှစ်စားရှိမည်ဖြစ်ပြီး မိမိနှစ်သက်ရာအယူအဆများအတိုင်း စနစ်တကျသားဖောက်ခြင်းလုပ်ငန်းကို လုပ်ဆောင်ပါ က အောင်မြင်သောအရည်အသွေးမြင့် တိုက်ကြက်များကိုမွေးထုတ်ပေးနိုင်မည်ဖြစ်ပါသည်။ လက်တွေ့ကျကျသား ဖောက်ရာတွင် မိမိနှစ်သက်သော မျိုးကွဲကြက်ဖ နှင့် မျိုးကွဲကြက်မတို့ကိုပေါင်းစပ်သားဖောက်ခြင်းဖြစ်ပြီး၊ သီအိုရီပိုင်း ဆိုင်ရာသားဖောက်ခြင်းတွင် ကြက်တို့၏ဗီဇများကို သေခြာစွာလေ့လာပြီး မှန်ကန်သောနည်းစနစ်များဖြင့်ပုံစံချ၍ သားဖောက်ခြင်းမျိုးဖြစ်သည်ဟု အကြမ်းဖျဉ်းမှတ်သားထားရပါမည်။
တိုက်ကြက်သားဖောက်ရာတွင် ကြက်မများစွာနှင့် ကြက်ဖတစ်ကောင်လွှတ်ပေးထားပြီးသားဖောက်ခြင်းပုံစံ သည် နည်းစနစ်တကျသားဖောက်ခြင်းပုံစံမဟုတ်သည်ကိုမှတ်သားထားရမည်။ အဘယ့်ကြောင့်ဆိုသော် ကြက်များစွာ အတွက် ဥတင်းများလုံလောက်စွာစီစဉ်ပေးထားသော်လည်း တစ်ခါတစ်ရံဥတင်းမှား၍ ဥတတ်ခြင်း ၊ ၀ပ်ကျင်းဆင်းပြီး ချိန်တွင်လည်း တင်းမှား၍ပြန်၀ပ်တတ်ခြင်းပြသနာများကြောင့် ကြီးမားသောအမှားအယွင်းများဖြစ်ပေါ်တတ်ပါသည်။ ထို့ကြောင့် မျိုးခြံတစ်ခြံတွင် ကြက်ဖတစ်ဖနှင့် ကြက်မတစ်မ သီးသန့်အတွဲဖြင့်သားဖောက်ခြင်းပုံစံသည်ကောင်းမွန်ပါ သည်ဟုအကြံပြုရေးသားလိုပါသည်။ ထို့အပြင် ကြက်မတစ်မစီအတွက် ခြံတစ်ခြံစီသတ်မှတ်ပြီး မျိုးကြက်ဖအား အလှည့်ကြလှည့်လည်ပေးပြီး သားဖောက်သည့်ပုံစံသည်လည်းကောင်းမွန်ပါသည်။
ထိုကဲ့သို့ မျိုးကြက်များရွေးခြယ်ခြင်း၊ မျိုးကြက်ခြံများတည်ဆောက်ခြင်းအလုပ်များပြီးဆုံးပါက သားမဖောက် မှီကြိုတင်လုပ်ဆောင်ရမည့်အချက်များကို စတင်လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ၄င်းတို့မှာ
၁။ မျိုးကြက်များကို သန်ချခြင်းလုပ်ငန်းစတင်ဆောင်ရွက်ရပါမည်။
၂။ မျိုးကြက်များတွင်သန်းများရှိမရှိစစ်ဆေးပြီး ကြက်သန်းကင်းစင်အောင်ထားရပါမည်။
၃။ မျိုးကြက်များအား ပရိုတိန်းမြင့်မားသောအစာများကျွေးမွေးသင့်ပါသည်။ အစာတွင်ပရိုတိန်းပမာဏ ၁၉ ရာနှုန်းပါ၀င် သောအစာများကျွေးမွေးခြင်း၊ ဗီတာမင်နှင့်သတ္တုဓါတ်များဖြည့်ဆည်းပေးခြင်း နှင့် သံဓါတ်အားဆေးများလည်း တိုက်ကျွေးထားသင့်ပါသည်။
အထက်ပါအချက်များကို စတင်၍သားမဖောက်ခင် နှစ်ပတ်အလိုတွင်လုပ်ဆောင်ပြီး ကြက်မနှင့်ကြက်ဖ ကျန်းမာရေးကောင်းမွန်နေသောအခြေအနေတွင်ရှိနေပါကစတင်၍ သားဖောက်နိုင်ပြီဖြစ်ပါသည်။ သားဖောက်ရာတွင် ကြက်ဥ၏အရည်အသွေးကိုလည်းလေ့လာနိုင်ရန်လိုအပ်ပါသည်။ အလွန်သေးငယ်သော၊ ပုံသဏ္ဍာန်မမှန်သော၊ ဥခွံပါး လွန်းသောကြက်ဥများကိုပါယ်ထုတ်ထားသင့်ပါသည်။ ထိုကဲ့သို့သောနည်းစနစ်များအတိုင်း စတင်သားဖောက်မည် ဆိုပါက ကျန်းမာသန်စွမ်းသော ကြက်သားပေါက်များ ပေါက်ဖွားလာမည်မှာအမှန်ပင်ဖြစ်ပါသည်။
ကြက်သားပေါက်များအားထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်လေ့လာစောင့်ကြည့်ခြင်း။
ဤအပိုင်းသည်လည်း တိုက်ကြက်သားဖောက်မှုလုပ်ငန်းတွင် အလွန်အရေးပါသောကဏ္ဍတစ်ခုအဖြစ်ပါ၀င် ပါသည်။ သားဖောက်ရာမှပေါက်ဖွားလာသော ကြက်ကလေးများအား ကျန်းမာသန်စွမ်းစွာကြီးပြင်းလာစေရန် ပြုစုပျိုး ထောင်ပေးနိုင်မှုသည်အလွန်ပင်အရေးကြီးသောအချက်တစ်ချက်ဖြစ်ပါသည်။ ကြက်ကလေးများမွေးစမှ တစ်လသား ၀န်းကျင်သည် သေနှုန်း��များဆုံးဖြစ်ပေါ်နိုင်သည်ကိုမှတ်သားထားရပါမည်။ အဓိကအားဖြင့် ကြက်ချေးဖြူ၊ သွေး၀မ်း၊ လေပြွန်ယောင်၊ လည်လိမ်၊ ကျောက် စသည့်ရောဂါများ ၀င်ရောက်လွယ်ပြီးသေနှုန်းမြင့်မားတတ်ပါသည်။ ထို့ကြောင့် မွေးစမှစ၍ လိုအပ်သောကာကွယ်ဆေးများပုံမှန်တိုက်ကျွေးထားနိုင်ရန်အထူးလိုအပ်လှပါသည်။ ရောဂါကာကွယ်ဆေး နှင့် ကုသဆေးများအကြောင်းနောက်ပိုင်းတွင်သီးသန့်ဖော်ပြပေးမည်ဖြစ်ပါသည်။
ကြက်ကလေးများအား ပျိုးထောင်ရာတွင် မိခင်ကြက်မကြီးအားသားထိန်းစေ၍ ပျိုးထောင်ခြင်းနှင့် လူ၏အကူ အညီဖြင့်သားခွဲပြီးထိန်းကျောင်းခြင်းနှစ်ပိုင်းရှိရာ မိမိနှစ်သက်သောပုံစံကို စနစ်တကျလုပ်ဆောင်၍အသုံးပြုနိုင်ပါသည်။ မိခင်နှင့်သားထိန်းစေရာတွင် သားထိန်းခြံသီးသန့်ထား၍ သားထိန်းစေခြင်းက ပိုမိုကောင်းမွန်ပါသည်။ မိခင်နှင့်လွှတ် ပေး၍သားထိန်းစေခြင်းသည် ကြက်ကလေးအသေအပျောက်ရာနှုန်းပိုမိုများပြားစေပါသည်။ သားပေါက်အရေအတွက် အနေအထားကိုလေ့လာ၍ သားထိန်းခြံ ၃ပေ ၅ပေ အနေအထားမျိုးဖြင့်စီစဉ်ပေးထားနိုင်ပါကကောင်းမွန်ပါသည်။ သားထိန်းခြံအားဖြစ်နိုင်ပါက ခြင်လုံစကာများတပ်ဆင်ခြင်း ညပိုင်းမီးသီးထွန်းပေးထားခြင်းများပြုလုပ်ပေးသင့်ပါသည်။ ကြက်ကလေးပေါက်စမှ နှစ်လသားအရွယ်အထိ ပရိုတိန်းပမာဏ ၂၀ ရာနှုန်းမှ ၂၄ ရာနှုန်းပါ၀င်သော အစာများကို အမြဲမပြတ်စီစဉ်ပေးထားရပါမည်။ အစာစပ်နည်းပုံစံများကိုလည်းနောက်ပိုင်းတွင်ဆက်လက်ဖော်ပြမည်ဖြစ်ပါသည်။ ကြက်သောက်ရေသည်လည်းအမြဲမပြတ်ပဲသန့်ရှင်းနေစရန်အထူးဂရုပြုရမည်ဖြစ်ပါသည်။
အကယ်၍ မိခင်ကြက်မနှင့်သားမထိန်းပဲ လူ၏အကူအညီဖြင့်ပျိုးထောင်မည်ဆိုပါကကြက်ကလေးများ အတွက်လိုအပ်သော အပူချိန်ကို ထိန်းညှိပေးနိုင်ရန်လိုအပ်ပါသည်။ ဥမှပေါက်ခါစတွင် အပူချိန် ၃၂ မှ ၃၄ ဒီဂရီစင်တီဂရိတ်၊တစ်ပတ်သားတွင် ၃၀ ဒီဂရီစင်တီဂရိတ်၊ နှစ်ပတ်သားတွင် ၂၆ ဒီဂရီစင်တီဂရိတ်၊ သုံးပတ်သားတွင် ၂၂ ဒီဂရီစင်တီဂရိတ်၊ လေးပတ်မှအထက်အတွက် ၂၀ ဒီဂရီစင်တီရိတ် ရရှိအောင် မီးသွေးမီးဖိုဖြင့်သော်လည်းကောင်း၊ မီးသီးများထွန်းပေး၍သော်လည်းကောင်း စီစဉ်ပေးထားရပါမည်။သတ်မှတ်ထားသောအပူချိန်တိကျစေရန် ကြက်က လေးများမွေးထားသော ခြံအတွင်း အပူချိန်တိုင်းသာမိုမီတာများတပ်ဆင်ထားသင့်ပါသည်။ ရရှိသင့်သောအပူချိန်ထက် ပိုမိုပါက ကြက်ကလေးများအစာစားနှုန်းလျော့ကျပြီး ကြီးထွားနှုန်းကိုထိခိုက်စေမည်ဖြစ်ပါသည်။
ကြက်ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် လှောင်မွေးစနစ်ဖြင့် ထိန်းချုပ်မွေးမြူပြီး ကျန်းမာသန် စွမ်းလာပြီဖြစ်သော လေးလသားအရွယ်တွင်စတင်၍ လွှတ်ကျောင်းပုံစံဖြင့်မွေးမြူသင့်ပါသည်။ ကြက်ကလေးများကို ရောထားမည်ဆိုပါက မိခင်နှင့်ဖခင် ကြက်ဖနှင့်ကြက်မတို့အား မမှားစေရန်အတွက်သေခြာစွာမှတ်သားထားရန်လည်း လိုအပ်ပါသည်။ သို့မှသာ မိမိသားဖောက်သောလုပ်ငန်းစဉ်သည်ပိုမိုထိရောက်မည်ဖြစ်ပါသည်။ လေးလသားအရွယ် စတင်လွှတ်ကျောင်းသည့်အချိန်မှစ၍ ကြက်ပေါက်များ၏ ကျန်းမာရေး၊ အနေအထိုင်၊ တက်ကြွလန်းဆန်းမှု များနှင့် အမွေလုချိန်ခွပ်ကွက်ခွပ်လမ်းများကိုသေခြာစွာမှတ်သားပြီး ခြောက်လအချိန်တွင် အကောင်းဆုံးကြက်များကို ရွေးချ���် ပြီး ကျန်သည်များကို ရှင်းထုတ်ထားသင့်ပါသည်။
ခြောက်လသားအရွယ်တွင် ရွေးချယ်ထားသောကြက်ပေါက်နှင့် မဒန်းမများအား သီးခြားမရောစေပဲခွဲထားပြီး သားဖောက်ခြင်းဆိုင်ရာအတွက်လိုအပ်သောအုပ်စုန��င့် တိုက်ပွဲ၀င်ရန်ပြင်ဆင်သောအုပ်စုဟူ၍ခွဲခြားမှတ်သားထားရပါ မည်။ သားဖောက်ခြင်းဆိုင်ရာတွင် လက်ရှိ��ေါက်လာသောမျိုးဆက်သစ်၏ လိုအပ်ချက်ကိုသေခြာစွာသိရှိနိုင်စေရန် လေ့လာပြီး မိမိလိုအပ်ချက်အနေအထားမျိုးကို ဖြည့်ဆည်းပေးနိုင်မည့်အခြားမျိုးကြက်နှင့်ထပ်မံ၍သားဖောက်ရမည် ဖြစ်ပါသည်။ ဤအရာကို မျိုးမြှင့်သည်ဟုခေါ်ဆိုနိုင်ပါသည်။
တိုက်ပွဲ၀င်ရန်အတွက်ရွေးချယ်ထားသော ကြက်ပေါက်များကို ခြောက်လသားမှစ၍ သန်ချခြင်း၊ အစာ အာဟာရပြည့်ဝစေရန်ကျွေးမွေးခြင်း၊ လိုအပ်သော ဗီတာမင်၊ သတ္တုဓါတ်၊ ကစီဓါတ်၊ အဆီဓါတ်၊ အသားဓါတ် နှင့် ရေဓါတ်များ ပြည့်စုံစေရန် စနစ်တကျကျွေးမွေးစောင့်ရှောက်ရပါမည်။ ရှစ်လသားအရွယ်တွင် ခွပ်လက်စတင်စမ်းသပ် ပြီး ကြက်၏အရည်အသွေး အရည်အချင်းကို သေခြာစွာအမှတ်ပေးသင့်ပါသည်။ အမှတ်ပေးရာတွင်လည်း ခွပ်လမ်း ခွပ်ကွက်သည် မိမိ၏အကြိုက်ပုံစံသာဖြစ်သောကြောင့် ကြက်၏ ခြေအယူအဆ၊ ခေါင်းအယူအဆ၊ နှုတ်အယူအဆ၊ လျှင်မြန်မှု၊ ကြက်စိတ်ကြက်မာန်ကောင်းမှု၊ အမှားသိတတ်မှု၊ အမှားနည်းမှု စသည့်အချက်များကို အဓိကအမှတ်ပေး ပြီး အမှန်တစ်ကယ်ကောင်းမွန်သော ကြက်ပေါက်များကိုသာလျှင် တိုက်ပွဲ၀င်ရန်ပြင်ဆင်ဖို့ရွေးချယ်ရမည်ဖြစ်ပြီး ကျန် သည်များကိုရှင်းထုတ်ပြစ်ရမည်ဖြစ်ပါသည်။
တိုက်ပွဲ၀င်မည့်ကြက်ပေါက်များအားပြင်ဆင်ခြင်း။
ကြက်ပေါက်များကိုတိုက်ပွဲ၀င်ရန်ပြင်ဆင်ရာတွင် ပဏာမအနေဖြင့် ကျန်းမာရေး၊ သန်ချခြင်း၊ သန်းသတ်ခြင်း၊ အစာအာဟာရ ပြည့်မှီအောင်ကျွေးမွေးခြင်းများပြုလုပ်ခြင်း တို့ကိုဦးစွာဆောင်ရွက်ရပါမည်။ ကြက်ပေါက်တစ်ကောင် တိုက်ပွဲ၀င်ရန်ပြင်ဆင်ရာတွင် အခြေခံအားဖြင့် onground စနစ်ဖြင့်ပြင်ဆင်ခြင်း (ခွပ်လက်ချပြင်ဆင်ခြင်း) နှင့် table workout စနစ်ဖြင့်ပြင်ဆင်ခြင်း (လူ၏အကူအညီဖြင့်ပြင်ဆင်ခြင်း) ဟူ၍ နှစ်ပိုင်းရှိပြီး မိမိနှစ်သက်သောပုံစံဖြင့် စနစ်တ ကျပြင်ဆင်လေ့ကျင့်ပေးပါက အရည်အသွေးမြင့်သည့်အနေအထားကိုရောက်ရှိလာနိုင်ပါသည်။ မည်သည့်စနစ်ဖြင့် ပြုပြင်သည်ဖြစ်စေ ကြက်၏အကောင်းဆုံးခွပ်နိုင်သည့်ကိုယ်အလေးချိန်ကို အမြဲထိန်းသိမ်းပေးထားနိုင်ရန်အလွန်အရေး ကြီးပါသည်။
ခွပ်လက်ချပြင်ဆင်သည့်စနစ်တွင်လည်း ကြက်ရဲ့ခံနိုင်ရည် နဲ့ ခွပ်လက်ချကြချိန်တို့ကိုသေခြာစွာမှတ်သား ထားသင့်ပါသည်။ ခွပ်လက်ခံကိုလည်း လမ်းမတူသော ခွပ်လက်ခံများဖြင့် ပြောင်းလဲ၍ခွပ်လက်ချပေးသင့်ပါသည်။ ပထမအကြိမ်ခွပ်လက်စမ်းချိန် ဆယ်မိနစ်၊ တစ်ပတ်နားပြီး နောက်တစ်ကြိမ်တွင် မိနစ်နှစ်ဆယ်၊ တစ်ပါတ်နားပြီး နောက်တစ်ကြိမ်တွင် မိနစ်လေးဆယ်၊ ထို့နောက် နှစ်ပါတ်နား၍ တစ်နာရီအကြာအထိ လေ့ကျင့်ပေးပြီး အနည်းဆုံး နှစ်ပါတ်နားပြီး ခြေကျော်ထိုးခါ ကြေးစမ်းစတင်တိုက်နိုင်မည်ဖြစ်ပါသည်။ အနားပေးချိန်နှစ်ပတ်ဆိုသည်မှာ ပျမ်းမျှသ ဘောသာဖြစ်ပြီး တရားသေသတ်မှတ်ထား၍မရပါ။ ကြက်၏ကျန်းမာရေး နှင့် လန်းဆန်းတက်ကြွမှုအနေအထားကို လေ့လာပြီးမှသာ တိုက်သင့်မတိုက်သင့်ဆုံးဖြတ်သင့်ပါသည်။ ကြက်နှစ်ကောင်ခွပ်လက်ချ၍ လေ့ကျင့်ခြင်းပုံစံတွင် ခွပ် သားခံသားရရှိမှု၊ ကြက်၏ခံနိုင်ရည်ပိုင်းကို ပိုမိုမြင်သာမှုစအရှိသည့်ကောင်းကျိုးများရှိသလို အတောင်အမြီးကျိုးမှု၊ အခန့်မသင့်က ကြက်အင်္ဂါချို့ယွင်းနိုင်မှုအစရှိသည့်ပြသနာများကိုလည်းကြုံတွေ့ရနိုင်ပါသည်။
လူ၏အကူအညီဖြင့်လေ့ကျင့်ပေးရာတွင် ပိုမိုဖြစ်စေချင်သည့်စိတ်ကိုထိန်း��ျုပ်နိုင်ရန်လိုအပ်ပါသည်။ ဥပမာ ကြက်အား ထိုင်ထအကြိမ်ရေလိုတာထက်ပိုလုပ်မိခြင်း၊ လက်ခွပ်လက်ကိုလည်းကြက်ခံနိုင်ရည်ထက်ပိုချမိခြင်း အစရှိ သည်တို့ကိုရှောင်ကျဉ်ပြီး ကြက်၏ခံနိုင်ရည်ပိုင်းကိုလေ့လာပြီး ထိုင်ထ၊ ရှေ့နောက်ရွှေ့ခြင်း၊ ဘေးဘယ်ညာရွေ့ခြင်း လက်ခွပ်လက်ချခြင်း စသည်တို့ကို စနစ်တကျပြုလုပ်ပေးပြီး တစ်ပတ်လျှင်တစ်ကြိမ်မတူညီသောခွပ်လက်ခံများဖြင့် ကြက်၏အရည်အသွေးတိုးတက်ကောင်းမွန်လာမှုကို ဆယ်မိနစ်ခန့်ခွပ်လက်ချခြင်းဖြင့် လေ့လာရပါမည်။
အခြားလူ၏အကူအညီဖြင့်လေ့ကျင့်ပေးခြင်းပုံစံမှာ လှောင်ခြံများပြုလုပ်ပြီး၊ ကြက်အားအနိမ့်ခုန်၊ အမြင့်ခုန် နှင့် ကောက်ရိုးအစရှိသည့်အခင်း ထူထူခင်းပေးပြီး သဘာ၀အတိုင်းယက်စေခြင်းပုံစံဖြစ်ပါသည်။ ထိုပုံစံသည်လည်း ကောင်းမွန်သည့်ပုံစံဖြစ်သည်ဟုအကြံပေးလိုပါသည်။
ကြက်တစ်ကောင်အားမည်သည့်ပုံစံနှင့်လေ့ကျင့်ပြုပြင်ပေးသည်ဖြစ်စေ အဓိကအချက်မှာ လေ့ကျင့်ပေးခြင်း များကြောင့် ကြက်၏ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဒါဏ်ဖြစ်မှုနှင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုမရှိနိုင်စေရန်ထိန်းညှိဖို့ကအလွန် အရေးကြီးပါသည်။ တိုက်ပွဲ၀င်မည့်ကြက်တစ်ကောင်သည် ကိုယ်ခန္ဓာပိုင်းကြံ့ခိုင်နေရမည်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာသည် လည်းတက်ကြွလန်းဆန်းနေရမည်ဖြစ်ပါသည်။ ခန္ဓာကိုယ်ပိုင်း ကြံ့ခိုင်ခြင်းသည် ကြွက်သားများတောင့်တင်းခြင်းအပိုင်း နှင့် မသက်ဆိုင်သည်ကိုလည်းသတိပြုရပါမည်။ အထူးသဖြင့်ကြက်ပေါက်များတွင် ထိုင်ထကဲ့သို့လေ့ကျင့်ခန်းမျိုး အလွန်အကျွံပေးမိပါက ပေါင်ကြွက်သားများတောင့်တင်းနေပြီး ကြက်မခွပ်နိုင်ဖြစ်တတ်ပါသည်။ ထို့ကြောင့် လေ့ကျင့် ပေးချိန်တွင် ကြံ့ခိုင်မှုအပိုင်းအတွက်လေ့ကျင့်ပေးရသကဲ့သို့ သန်စွမ်းမှုအပိုင်း (အကြောအချဉ်များပျော့ပြောင်းမှု) အတွက်လည်း အကြောလျော့ပေးခြင်းလေ့ကျင့်ခန်းများကိုလုပ်ဆောင်ပေးသင့်ပါသည်။ ဥပမာ နောက်အမြှီးအုံမှ အနည်းငယ်ကိုင်မြှောက်၍ ကြက်ကိုရွရွပြေးစေချင်းသည်လည်းအကြောလျော့ပေးသည့်ပုံစံတစ်ခုဖြစ်ပါသည်။
မည်သည့်ပုံစံဖြင့်ပြင်ဆင်လာသည်ဖြစ်စေ ပြိုင်ပွဲမ၀င်ခင်သုံးရက်အလိုတွင် ကြက်ကိုကောင်းမွန်စွာအနားယူ စေရန်လိုအပ်ပါသည်။ အမှောင်ချထားပေးခြင်းသည် ကြက်အိပ်ရေး၀သည့်အတွက်ပိုမို၍ခွန်အားများတိုးပွား စေပါသည်
ဤနေရာတွင် တိုက်ကြက်တစ်ကောင်အတွက်ခန္ဓာကိုယ်တွင်းကလီစာများအနက် အသဲ၏အရေးပါပုံကိုလည်း လေ့ လာမှတ်သားထားသင့်ပါသည်။ အဘယ်ကြောင့် တိုက်ကြက်တစ်ကောင်၏အသဲသည် ယင်းအတွက်အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်နေပါသနည်းဟုဆိုလျှင် တိုက်ကြက်တစ်ကောင်တိုက်ပွဲတွင် အနိုင်ရစေရန်အတကွ် အဓိက အရေးပါသော ခန္ဓာကိုယ်အတွင်းအစိတ်အပိုင်း နှင့် တိုက်ကြက်တစ်ကောင်၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များအား သိုလှောင်ထားသော အစိတ်အပိုင်း ဖြစ်သောကြောင့်ဟုဆိုရပေမည်။
တိုက်ကြက်တစ်ကောင်အား တိုက်ပွဲ၀င်မည့်နေ့တွင် ယင်း၏ အကောင်းဆုံး အနေအထားများဖြစ်ပေါ်စေ လိုပါက ကျွန်ုပ်တို့အနေဖြင့် ယင်း၏ အသဲအား ကျန်းမာသန်စွမ်းစေရန် လှုံဆော်ပေးရန် နှင့် ကာကွယ်ပေးရန် လိုအပ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ကြက်တစ်ကောင်၏ ခန္ဓာဗေဒအတွက် ယင်း၏အသဲသည် ပင်မ ဓါတ်ခွဲခန်းတစ်ခုသဖွယ် ဖြစ်နေ၍ ဖြစ်ပါသည်။ ထို့ကြောင့် ယင်းအစိတ်အပိုင်းအား အထူး ဂရုပြု ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လှပါသည်။
အောက်ပါအကြောင်းအချက်များကြောင့် ကြက်အသဲ��� လုပ်ဆောင်ချက်များသည် တိုက်ပွဲအတွင်း
တိုက်ခိုက်မှုစွမ်းရည်များအား တိုက်ရိုက်မည်သို့အကျိုးသက်ရောက်မှုရှိသည်ကို သိရှိနိုင်ပါသည်။
အသဲတွင် ဂလိုင်ကိုဂျင် (glycogen) နှင့် ဂလူးကို့စ် (glucose) ဓါတ်တို့ ဖွဲ့စည်းပါ၀င်ပါသည်။
ဂလိုင်ကိုဂျင်သည် ခန္ဓာကိုယ်စွမ်းအင်ထုတ်လုပ်ရာတွင် အမှန်တကယ်အရေးပါသော ဓါတ်ပစ္စည်း ဖြစ်ပါသည်။ တိုက်ပွဲမ၀င်မှီ ကြိုတင်ပြင်ဆင်မှုများတွင် တိုက်ကြက်တစ်ကောင်၏ ခန္ဓာကိုယ်တွင်း ဂလိုင်ကိုဂျင် နှင့် ဂလူးကို့စ် ဓါတ်များ ပြည့်၀မှုရှိနေစေရန် ကြိုတင်ပြင်ဆင်ပေးရန်မှာလည်း အရေးပါသော အချက်တစ်ချက်ဖြစ်ပါသည်။ ဂလိုင်ကို ဂျင်အား အသဲအတွင်း ဖွဲ့စည်းသိုလှောင်ပြီးသည်နှင့် အသဲ သည် အမိုင်နိုအက်ဆစ်မှတစ်ဆင့် ဂလူကိုနီယိုဂျန်နဆစ် ဟုခေါ်သောဂလူးကို့စ်ဓါတ်များသိမ်းစည်း ခြင်းအဆင့်ပြုလုပ်ရန်အတွက် ဂလူးကို့စ်ဓါတ်ဖွဲ့စည်းခြင်းကို ပြုလုပ်၍ ဂလူးကို့စ်ဓါတ်များအား သိမ်းစည်းထားပါသည်။ခန္ဓာကိုယ်မှ စွမ်းအင်များလိုအပ်လာချိန်တွင် အသဲသည် ဂလိုင်ကိုဂျင် အား ဂလူး ကို့စ်အဖြစ် ပြန်လည်ပြောင်းလြဲပီး သွေးအတွင်း ပြန်လည် ထုတ်လွှတ်ပေးပါသည်။
အသဲအတွင်းထိန်းသိမ်းထားသော ဂလိုင်ကိုဂျင်မှာ သေွးအတွင်းပုံမှန်လိုအပ်သော သကြားဓါတ် လိုအပ်ချက်မှုအား ဖြည့်တင်းပေးနိုင်ရန်နှင့် စွမ်းအင်များလိုအပ်လာပါက အသင့်ပြောင်း လဲထုတ်လုပ် ပေးနိုင်ရန်အတွက် အရေးကြီး ပါသည်။
ဟော်မုန်းဆိုင်ရာထိန်းချုပ်မှုများအတွက်လည်း အသဲတွင်သိုလှောင်ထားသော ဂလိုင်ကိုဂျင်ကို အသုံးတဲ့သော ဂလူးကို့စ်အဖြစ်ပြောင်းလဲပေးနိုင်ပါသည်။
အသဲ၏ ဤ လုပ်ဆောင်ချက်မှာ စွမ်းအင်ထုတ်လုပ်မှုအားအချိန်တိုအတွင်းထိရောက်စွာ ပြောင်းလဲပေးနိုင်သဖြင့် တိုက်ပွဲအတွင်း တိုက်ကြက်တစ်ကောင်၏ တိုက်ခိုက်မှုစွမ်းအင် ခန်ွအားများကို အထောက်အကူဖြစ်စေပါသည်။
ငှက်သတ္တဝါများ၏ သေွးနီဥတည်ဆောက်မှု အဖဲ့ွအစည်းသည် အသဲအတွင်း၌ ပင်တည်ရှိ ပါသည်။ အသဲတွင် ဟေမိုဂလိုဘင်လည်း ပါ၀င်ဖွဲ့စည်းထားပါသည်။ ဟေမိုဂလိုဘင်သည် သွေး အတွင်း အောက်ဆီဂျင်အား သယ်ဆောင်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများအားလုံးရှိ တစ်ရှုးများသို့ ပို့ဆောင်ပေးပါသည်။ ယင်းလုပ်ဆောင် ချက်သည် တိုက်ကြက်တစ်ကောင်အတွက်တိုက်ပွဲ အတွင်း လိုအပ်သော ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ စွမ်းအားတိုးမြှင့်ရာတွင် လိုအပ်သော စွမ်းအင်ကို အထောက်အကူဖြစ်စေပါသည်။
ထို့ကြောင့် အသဲ၏ လုပ်ဆောင်ချက်သည် တိုက်ကြက်တစ်ကောင်၏ တိုက်ခိုက်ရေးစွမ်းရည် များအတွက် မည်မျှအရေးပါသည်ကို သိရှိနိုင်ပြီဖြစ်ပါသည်။ ဘီတာမင် ဘီ အစု သို့မဟုတ် ဘီ ကွန်ပလက်စ် သည် တိုက်ကြက်များအတွက် အလွန်အရေး ပါသော ဘီတာမင်အဖွဲ့အစည်းဖြစ်ပါသည်။ တိုက်ကြက်များအတွက် ထုတ်လုပ်သော ဆေးဝါးပစ္စည်းတို့တွင် ဘီတာမင် ဘီ အစုမှာ အမြပဲါ၀င်ပါသည်။ အထူးသဖြင့် ဘီ ၀မ်း၊ ဘီ တူး နှင့် နီယာစင် တို့မှာ အသဲအတွင်း သိုမှီးထားသော ဘီတာမင် အမျိုးအစားများဖြစ်ပါသည်။ အသဲသည် အဆီတွင် ပျော်၀င်သော ဘီတာမင် အေ၊ ဒီ၊ အီး နှင့် ကေ တို့အား စုပ်ယူရာတွင်လည်း အကူအညီ ပေးပါသည်။ ဘီတာမင် အေ အားလည်း အသဲအတွင်း သိမ်းဆည်းထား၍ ခန္ဓာကိုယ် တစ်ရှုးများမှ လိုအပ်လာသောအခါ ပြန်လည် ထုတ်လွှတ်ပေးပါသည်။ ဘီတာမင် ကေ အား သွေးခဲမှု ဖြစ်စဉ်အတွက် အသဲမှပြောင်းလဲလုပ်ဆောင်ပေးပါသည်။ ယင်းဖြစ်စဉ်အား သွေးထွက်လွန်ကဲမှု ဖြစ်ပေါ်နေသော အချိန်တွင် အသဲမှ တစ်ဆင့် ဘီတာမင် ကေအား အသုံးပြု၍ လုပ်ဆောင်ပေးပါသည်။
တိုက်ကြက်တစ်ကောင် ကျန်းမာသန်စွမ်းစွာဖြင့် တိုက်ပွဲ၀င်နိုင်ရန်အတွက် အသဲ၏အ��ြား လုပ်ဆောင်ချက်များမှာ-
ခန္ဓာကိုယ်အတွင်း သံဓါတ်၊ ပရိုတိန်းဓါတ်၊ အဆီဓါတ် များ တိုးတက်ပြောင်းလမှဲုအဆင့်ဆင့်အတွက် ထိန်းသိမ်းစောင့် ရှောက်ပေးခြင်း၊ အစာအတွင်းပါ၀င်သော ဓါတ်မတည့်စာများနှင့် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်ဓါတ်များ အား သန့်ရှင်းပေးခြင်း စသည်တို့ဖြစ်ကြပါသည်။
အသဲသည် ခန္ဓာကိုယ်ပြုပြင်ပြောင်းလမှဲုအတွက်လိုအပ်သော မျှတခြေများအတွက်များပြားလှသော လုပ်ဆောင်ချက် များကိုလည်း လုပ်ဆောင်ပေးရပါသည်။ အသဲသည် ခန္ဓာကိုယ်တွင်း အဆိပ် အတောက်ဓါတ်များသန့်စင်ပေးခြင်း နှင့် ခန္ဓာကိုယ်အတက်ွလိုအပ်သော ဓါတ်ပစ္စည်းများ ပြောင်းလမှဲု အဆင့်ဆင့်အတွက် အချိန်တိုအတွင်း အကျိုးရှိစွာ လုပ်ဆောင်ပေးရသည့် အစိတ်အပိုင်း ဖြစ်သည့်အတွက် တိုက်ကြက်တစ်ကောင်အတကွက် အလုံးစုံသော လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနေသော အစိတ်အပိုင်းအဖြစ်ဆိုရပေတော့မည်။
အသဲသည် ခန္ဓာကိုယ်အတွင်း အလွန်အလုပ် လုပ်ရသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ အသဲသည် ခန္ဓာကိုယ် အတွင်း၀င်ရောက်လာသော အရာများအတွက် သန့်စင်ပေးသော အဆောက်အဦတစ်ခုလည်းဖြစ်ပေသည်။ ထို့ကြောင့် အသဲသည် အရေးကြီးသော အစာခြေစနစ်၊ အာဟာရဓါတ်များပြောင်းလမှဲုဖြစ်စဉ်များ နှင့် အညစ်အကြေးစွန့်ထုတ်မှု လုပ်ဆောင်ချက်များ စသည့် တိုက်ကြက်တစ်ကောင်၏ကျန်းမာရေး အတွက်အရေးပါသော လုပ်ဆောင်ချက်များကို ကိုပြုလုပ်ပေး နေသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို ကျွန်ုပ်တို့သိရှိနိုင်ပြီဖြစ်ပါသည်။ ယခုအခါတွင် ကြက်အတွက်လိုအပ်သော အသဲအားဆေးများအား မွေးမြူရေးဆေးဆိုင်များတွင် အလွယ်တစ်ကူ ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။
တိုက်ပွဲ၀င်ပြီးသောကြက်တစ်ကောင်အားပြုစုခြင်း
တိုက်ပွဲ၀င်ပြီးကြက်တစ်ကောင်းအား သေခြာစွာပြုစုကုသပေးနိုင်ရန်လည်း အထူးပင်အရေးကြီးပါသည်။ တိုက်ပွဲအတွင်း မိမိကြက်ဒါဏ်ရာရရှိမှုအနေအထား၊ ပြိုင်ဘက်ကြက်၏ အသက်ရွယ်အနုအရင့်၊ ခွပ်သည့်ကြာချိန်၊ နှင့် အရေးကြီးသောဒါဏ်ရာများ စသည်တို့ကိုသေခြာစွာဂရုစိုက်လေ့လာသင့်ပါသည်။
ဝိုင်းအတွင်းရရှိသည့်ဒါဏ်ရာများ ခန္ဓာကိုယ်တွင်ပေကျံနေသော ဖုန်မှုန်သဲမှုန်များကို ဦးစွာရေချိုးပေးပြီး သန့်စင်စေရပါမည်။ ထို့နောက်သေခြာစွာခြောက်သွေ့အောင် အ၀တ်ဖြင့်သုပ်ပေးခြင်း၊ Dryer ဖြင့်မှုတ်၍ ခြောက်သွေ့ စေခြင်းများပြုလုပ်ပြီး ကြက်၏အတောင်များအား အုန်းဆီသုတ်လိမ်းခြင်း သို့မဟုတ် သံလွင်ဆီသုတ်လိမ်းခြင်းမျိုး လုပ်ဆောင်ပေးသင့်ပါသည်။ ထို့အပြင်ရရှိလာသော ဒါဏ်ရာများအား ယူစောဆေးရည်ဖြင့် ဆေးကြောခြင်း၊ Steptidine, Betadine အစရှိသည့်လိမ်းဆေးများဖြင့် လိမ်းပေးခြင်း၊ Analgin ထိုးဆေး 0.1CC ခန့်ထိုးနှံခြင်း နှင့် ကီးမို့လေးပုံတစ်ပုံတိုက်ကျွေးခြင်း အုန်းစိမ်းရေတိုက်ပေးခြင်း ပျားရည်တိုက်ပေးခြင်းတို့ကို ပြုလုပ်ပေးသင့်ပါသည်။ ထို့အပြင် လေ၀င်လေထွက်ကောင်းမွန်ပြီး အခြားကြက်များမမြင်နိုင်သည့်နေရာတွင် သေခြာစွာ လှောင်၍ မီးသီးထွန်းအပူပေးကာထားသင့်ပါသည်။ အစာကိုလည်းထမင်း နှင့် ဘားပလက်အရည်နယ် ထားသောအစာကို အနည်းငယ်ကျွေးပြီး သန့်စင်သောရေကိုလည်းအဆက်မပြတ်စေရန်စီစဉ်ထားပေးသင့်ပါသည်။ ထိုကဲ့သို့ တစ်ပတ်ခန့် မွေးမြူကုသပြီးမှသာ မူလခြံ သို့မဟုတ် လွှတ်ကွင်းသို့ ပြန်လည်လွှတ်မွေးသင့်ပါသည်။
0 notes
Text
ကြက်အမောဖမ်းခြင်း
ကြက်အမောဖမ်းခြင်း သို့မဟုတ် အမောစေ့အောင် ကျိုးစားကြရတာကလည်း ပြိုင်ပွဲမှာအရေးကြီးတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ အမောဖမ်းတဲ့နေရာမှာလည်း သဘောတရားကို သိရှိထားမှသာလျှင် ထိထိ ရောက်ရောက်အမောစေ့အောင် ကျွန်တော်တို့လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ တစ်ကယ်က အမောဖမ်းခြင်း ဆိုတာ ကြက်ရဲ့သက်လုံပိုင်းနဲ့တော့ ရာနှုန်းပြည့်ဆက်စပ်မှုမရှိပါဘူး။ ကြက်ရဲ့သက်လုံပိုင်းဆိုတာက ပင်ကိုယ် ဗီဇနဲ့ပဲသက်ဆိုင်တာကို ကျွန်တော်တို့မှတ်သားထားရပါမယ်။ သက်လုံဗီဇမကောင်းတဲ့ ကြက်မျိုးကိုအမော ဘယ်လောက်လုံအောင်လုပ်လုပ် အကျိုးထူးလာမှာမဟုတ်ပါဘူး။ တိန်ညင်ကြက်တို့၊ စစ်တကောင်းကြက်တို့၊ နောက်ဆုံး စီပီကြက်တို့ကို အမောလုံအောင်ဘယ်လောက်ကျိုးစားကျိုးစားအကျိုးရှိမှာမဟုတ်ပါဘူး။ သူတို့ရဲ့ ပင်ကိုယ်ဗီဇကိုကသက်လုံမကောင်းတဲ့အမျိုးဖြစ်နေလို့ပါပဲ။
ပြိုင်ပွဲမှာ တိုက်ကြက်တစ်ကောင်ကိုအမောဖမ်းဖို့ဆို မောရခြင်းအကြောင်းရင်းကိုကျွန်တော်တို့ အကဲ ဖြတ်နိုင်ရပါမယ်။ ဘယ်လိုအကြောင်းတွေကြောင့်ကြက်မောလည်းဆို-
၁။ ကျန်းမာရေးမကောင်း၍မောပန်းခြင်း
၂။ ပြိုင်ပွဲတွင်ရုန်းကန်ရင်းအားအင်ကုန်ခမ်းလာ၍မောပန်းခြင်း နဲ့
၃။ ခန္ဓာကိုယ်အပူချိန်မြင့်တက်လာမှုကြောင့်မောပန်းခြင်း ဆိုပြီးအပိုင်းသုံးပိုင်းရှိနေမှာဖြစ်ပါတယ်။
ကျန်းမာရေးမကောင်း၍ မောပန်းခြင်းအပိုင်းကတော့ကျွန်တော်တို့ ကျိုးစားအားထုတ်မှုထက် ကြက်ရဲ့ ကံဇာတာအပေါ်ပဲမူတည်သွားမှာဖြစ်ပါတယ်။ ကြက်နှစ်ကောင်ခွပ်ကြပြီဆို အားနဲ့အင်နဲ့ မညှာတာတမ်း ရန်သူ ကိုလှဲသိပ်နိုင်ဖို့ ကျိုးစားအားထုတ်ကြရပါတယ်။ ဒီအတွက်ကြာလာတာလေလေအားအင်ဆုတ်ယုတ်လာလေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရိုးရာပုံစံမှာ တစ်ခုတည်းသောနည်းလမ်းက ထမင်းခွံ့ခြင်းပဲဖြစ်ပါတယ်။ ထမင်းဟာ ကစီဓါတ်ကြွယ်ဝြခင်းကြောင့်အားအင်ကိုအဖြစ်မြန်စေပါတယ်။ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်းကို လျှော့ချပြီး အမောဖမ်းဖို့အပိုင်းမှာတော့ ကျွန်တော်တို့ နှစ်ပိုင်းခွဲခြားထားရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်းအပူချိန်ကို လျော့ကျသွားအောင်လုပ်ဆောင်ခြင်းနဲ့ ခန္ဓာကိုယ်အပြင်ပိုင်းအပူချိန်ကို လျော့ကျသွားအောင်လုပ်ဆောင်ခြင်း အပိုင်းတို့ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်းအတွက်ကျွန်တော်တို့ သင့်တင့်သောရေပမာဏကို မများလွန်း မနည်းလွန်းအောင်ချိန်ဆတိုက်နိုင်ရပါမယ်။ ကိုယ်ကရေတိုက်လွှတ်တယ် နောက်တစ်ကြိမ်ကောက်မကုခင် ရေ ချီးဘယ်လောက်ပါသွားလည်း ကောက်ကုချိန် စလုပ်ထဲရေဘယ်လောက်ကျန်လည်း အစာဘယ်လောက်ကျန် လည်းဒါတွေကိုချိန်ဆနိုင်ရပါမယ်။ ဒါ့အပြင်ရေတိုက်သင့်တဲ့အချိန်ကကိုလည်းတွက်ဆနိုင်ရပါမယ်။ ကြက်က အရမ်းကြီးမောနေလွန်းရင် စစချင်းရေတန်းတိုက်တာမျိုးကတစ်ခါတစ်ရံအန္တရာယ်ရှိနိုင်တာကို သတိပြုရပါမယ်။ ကျွန်တော်တို့အရမ်းမောနေချိန် ရေကိုသောက်လိုက်ရင် ရေနင်သွားတာမျိုးရေသီးသွားတာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ အခန့်မသင့်ရင်အသက်အန္တရာယ်တောင်ရှိနိုင်ပါတယ်။ ကြက်မှာလည်းဒီသဘောမျိုးပါပဲ။ ဒါကြောင့် ကောက်ဖြည့်ချိန်ရေတိုက် မလောဖို့သတိပြုရပါမယ်။ စည်းမတည်ခင်ပြန်လွှတ်ခါနီးမှ ရေတိုက်လည်းအဆင်ပြေ ပါတယ်။ ရေတိုက်ခြင်းကတော့ကြက်ခန္ဓာကိုယ်အတွင်းပိုင်းအပူချိန်လျော့ချခြင်းဖြစ်ပြီး ကြက်ခန္ဓာကိုယ်အပြင်ပိုင်းအပူ ချိန်လျော့ချဖို့အတွက်ကတော့ အပြင်ပိုင်းခန္ဓာကိုယ်မှာအပူချိန်တက်နေတဲ့အပိုင်းတွေကိုကျွန်တော်တို့သိရှိထားရမှာ ဖြစ်ပါတယ်။ ကြက်တစ်ကောင်နဲ့တစ်ကောင်တိုက်ခိုက်ကြရင် အတောင်တွေ၊ ပေါင်တွေ၊ ဒူးဆစ်တွေ၊ ခြေဖဝါးတွေ၊ လည်ပင်းတွေ အဓိကလှုပ်ရှားအသုံးပြုရတဲ့အတွက် အဲ့ဒီအပိုင်းတွေမှာအပူချိန်မြင့်တက်နေပါတယ်။ ဒါကြောင့် အဲ့ဒီအပိုင်းတွေကိုအပူချိန်လျော့ချဖို့ကျွန်တော်တို့ကျိုးစားရပါမယ်။ အတောင်ကြား၊ ပေါင်ကြား၊ လည်ချောင်း နေရာ တွေကိုရေစို၀တ်နဲ့ခပ်ဖွဖွဖိကပ်ရင်းအပူချိန်ကျဆင်းအောင်လုပ်ဆောင်နိုင်ပါတယ်။ ဒူးဆစ်နဲ့ ခြေဖဝါးတွေကိုတော့ ရေကိုအနည်းငယ်များများသုံးပြီးအပူချိန်လျော့နည်းအောင်လျှော့ချပေးနိုင်ပါတယ်။ ထို့အပြင်မောပန်းခြင်းနောက် ဆက်တွဲကြောင့်ဖြစ်ပေါ်လာမှုတွေကိုလည်းကျွန်တော်တို့ဖြေဖျောက်ပေးနိုင်ရပါမယ်။ အမောလွန်လွန်းလာရင် နားထဲ ကလေထွက်လာတတ်ပါတယ်။ နားထဲကလေကိုစုပ်ထုတ်ပြီး အစက်ကို ရေချနားနှစ်ဖက်အသာပိတ်လေလေးဖြူးပေး သင့်ပါတယ်။ မောပန်းလို့နှလုံးခုန်မြန်ခြင်းကိုလျော့ချဖို့ အထည်ပိုင်းရင်ပုံပိုင်းကိုရေစို၀တ်ပတ်ခြင်း အာငွေ့ပေးခြင်း စသည်တို့ဖြင့်လျော့ချပေးရပါမယ်။ ထို့အပြင် အမောဖောက်၍ချွဲထောက်လာခြင်းအတွက် ကြက်တောင်ဖြင့် ကြက်အာခေါင်အကွဲကြောင်းကြားရှိချွဲက်ုရှင်းထုတ်ခြင်း၊ အာတောက်ဆွဲ၍ နှာဝတစ်ဖက်ဆီကိုမှုတ်ထုတ်ခြင်းများပြုလုပ်ပေးသင့်ပါသည်။ ကြက်မလွှတ်မီချွဲထနေခြင်းအတွက်ကိုမူ ပွဲမစခင် ကြက်အားဆီထမင်းစားဇွန်းတစ်ဇွန်းခန့်ကြိုတင်တိုက်ကျွေး၍ အရေးပေါ်အနေအထားအတွက်ပြိုင်ဖို့အသုံးပြုနိုင်ပါသည်။ အဆင့်တိုင်းအဆင့်တိုင်းကိုကျွန်တော်တို့သိနားလည်ထားပြီး လက်တွေ့ကျင့်သုံး ကြည့်မယ်ဆိုတစ်ဖြည်းဖြည်းနဲ့ကြက်တစ်ကောင်အမောဖမ်းခြင်းကိုကျွမ်းကျင်လာမှာပဲဖြစ်ပါတယ်။
0 notes
Text
ဒီကြက် ဒီလမ်းကို သဘောကျလို့ မျိုးဆက်ကို ဒီပုံစံအတိုင်း မျှော်လင့်ချက်သိပ်မထားပါနဲ့ စိတ်ပင်ပန်းရပါလိမ့်မယ်။ ဖအေထက်ညံ့တာကိုလည်းမှန်းထားရမှာပဲ ဖအေနဲ့တူတာလည်းမှန်းထားသင့်သလို ဖအေထက်ကောင်းတာလည်းထွက်လာနိုင်တယ်ဆိုတာမျှော်မှန်းထားသင့်ပါတယ်။ ပုံမှန်ခြံပေါက်မှာရှိနေသင့်တဲ့အဓိကစံနှုန်းသည် သွေးသတ္တိပဲဖြစ်ပါတယ်။ သွေးသတ္တိကောင်းတယ်ဆို မျိုးဆိုတာပြန်လည်တတ်တဲ့သဘောမို့ မြေးမှာ မြစ်မှာ ကိုယ်သဘောကျတဲ့အနေအထားမျုးပြန်ရလာမှာအသေအခြာပါပဲ။
0 notes
Text
နေ့ကူးအတွက်
အဓိကကခွပ်ဖေးမတင်းအောင်ဂရုစိုက်ရမယ် ကိုက်ခဲတာတွေသက်သာအောင်ကျိုးစားရမယ် အားပြန်ဝင်အောင်ကျိုးစားရမယ်။ ခွပ်ဖေးမတင်းအောင် ကြတ်ထုတ်နွေးနွေးထိုးပေးတာမျိုး ဒါဏ်ရတွေကိုဖန်ဆေးရည်နဲ့ဆေးပြီးဘီတာဒိုင်းလိမ်းပေးတာမျိုး အကိုက်အခဲသက်သာအောင် Analgin လိုထိုးဆေး သို့မဟုတ် diclofenac လိုထိုးဆေးမျိုးကို 0.1cc ထိုးပေးမယ် 0.1 CC နဲ့ 1 CC မတူပါဘူး ပမာဏအရမ်းကွာတယ်သတိပြုသင့်ပါတယ်။ အားပြန်ဝင်အောင် bcomplex ထိုးဆေး 0.3 CC လောက်ထိုးပေးတာ ဘားပလက်အရည်နည်းနည်းကိုထမင်းခပ်နွေးနွေးနဲ့သေခြာနယ်ကျွေးတာမျိုးလုပ်ပေးလို့ရပါတယ် အိပ်ခိုင်းရင်တန်းပေါ်မတင်ပဲ အောက်ခံအခင်းတစ်ခုနဲ့ လေဝင်လေထွက်ကောင်းတဲ့အနေအထားမျိုးဖန်တီးပေးပြီး ကြက်နဲ့နှစ်ပေခွဲသုံးပေအကွာမှာ ဝပ်ခြောက်ဆယ်မီးသီးတသ်လုံးထွန်းပေးထားသင့်ပါတယ် အိပ်တဲ့နေရာမှာရေကိုအဆက်မပြတ်အောင်စီစဉ်ပေးထားပါ ဓါတ်ဆားဖျော်ရည်ဆိုပိုကောင်းပါတယ် ကြက်ဖနဲ့တွဲနေကြကြက်မပါ တွဲသိပ်ပေးနိုင်ရင်ပိုသင့်တော်ပါတယ်။ ဒါဆိုနောက်နေ့မှာ ကြက်ဖဟာ စိတိပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါအတော်ကိုပြီးပြည့်စုံနေတာကိုတွေ့ရမှာပါ။
0 notes
Text
ဒီတစ်ညတော့ အဝယ် အရောင်း အားသန်ကြတဲ့ညီကိုတွေအတွက် အိပ်တန်းပျက်ခြင်းမူကိုကျွန်တော်ချပြချင်တယ်။ ကျွန်တော်တို့လူတွေမှာ ကိုယ်မွေးဖွားကျင်လည်လာရာပတ်ဝန်းကျင်နဲ့အတော်စိမ်းတဲ့နေရာတစ်ခုရောက်ရင် နေမထိထိုင်မသာ မအီမလည် ဒါမျိုး အတော်များများကြုံဖူးမယ် အချို့နာဖျားကြတာရှိမယ်။ ဒါကိုရေပြောင်းမြေပြောင်းလို့ကျွန်တော်တို့ပြောဆိုကြတယ်။ ကြက်မှာလည်းဒီသဘောပဲ။ စတင်ပေါက်ဖွားခဲ့တဲ့နေရာကနေ တိုက်ပွဲဝင်အဆင့်ဖြစ်နေချိန်မှ နေရာအပြောင်းအလဲသခင်အပြောင်းအလဲတွေကြုံကြရတာလည်း တိုက်ကြက်လောကရဲ့ဖြစ်စဉ်တစ်ခု။ အဓိကကနေရာပြောင်းလဲတာထက် အစာနဲ့ရေပြောင်းလဲခြင်းပဲ။ ပထမသူနေထိုင်ကျက်စားခဲ့တဲ့ပတ်ဝန်းကျင်ကအစာနဲ့ရေ ပတ်ဝန်းကျင်အနေအထားတွေက နေရာသစ်မှာ သိသိသာသာပြောင်းလဲသွားခဲ့မယ်ဆိုဒါ သူ��အတွက် အဆင်မပြေဘူး အထူးသဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းဇီဝဖြစ်စဉ်တွေခဏတာဖေါက်ပြန်မယ်။ ဒါကိုပဲကျွန်တော်တို့ကြက်သမားလောကမှာ အိပ်တန်းပျက်တယ်လို့ခေါ်ဝေါ်ကြပါမယ်။ ဒါကိုအနီးစပ်ဆုံးကျွန်တော်တို့ဘယ်လိုဖြေလျော့ကြမလည်း အဖြေရှာရပါမယ်။ ဒါကြောင့် ကြက်တစ်ကောင်နယ်ခြားမြေခြားရောင်းရ ဝယ်ရ ပို့ရြ့ပီဆို သူနေ့စဉ်စားနေကျသို့မဟုတ် မူလပိုင်ရှင်ကကျွေးနေကျ အစာကို တစ်ပါတ်စာလောက်ထည့်သွင်းပေးသင့်တယ်လို့ကျွန်တော်မြင်မိတယ် နေရာသစ်မှာ အဲ့ဒီမူလစားနေကျအစာနဲ့ အစာပုံစံသစ်ကို ရောနှောကျွေးရင်း အစာပုံစံကိုလေ့ကျင့်ပေးသင့်ပါတယ်။ ဒီနေရာမှာရေကိုကျွန်တော်သိပ်စိတ်မပူဘူး ရေသန့် 1L တစ်ကဒ်မှ ဘယ်လောက်မှမရှိဘူးလေ ရေပြောင်းကို PH7 ပဲတိုက်ထားလိုက်ရင်အဆင်ပြေပြီ။ ရာသီဥတုအနေအထားကတော့ မြန်မာမာပြည်တသ်လွှားတောင်းတန်းဒေသကလွဲလို့ မြေပြန့်ဒေသအတော်များများက အရမ်းကြီးကွာဟချက်မရှိလောက်ဘူးလို့တော့ထင်မိပါတယ်။ ဒါပေမယ့်ဘယ်အရပ်ဘယ်ဒေသဖြစ်ဖြစ် ကြက်အတွက်သင့်တော်မယ့် သမမျှတတဲ့အနေအထားကို ကျွန်တော်တို့ သဘာဝနည်းအတိုင်းဖြစ်စေ ပြုပြင်ဖန်တီးပေးနိုင်ပြီးဖြစ်စေ ကျွန်တော်ဆို့ဖြေရှင်းလို့ရတဲ့အနေအထားတွေများပါတယ်။ အိပ်တန်းပျက်ခြင်းနဲ့ပါတ်သတ်ပြီးကျွန��တော့်အမြင်ကဒီလောက်ပါပဲ အခြားညီကိုတွေအမြင်ရောဘယ်လိုရှိကြပါမလည်း။
0 notes
Text
ကြက်ဝမ်းကျ၊ သွေးဝမ်း၊ ချေးဖြူ၊ နာတာရှည်အသက်ရှုလမ်းကြောင်းရောဂါ အစရှိသည်ဖြင့် အခြားအခြားသောရောဂါအမျိုးအစားများစွာ ကို ကျွန်တော်တို့ တိုက်ကြက်ကို အလှမွေးသည်ဖြစ်စေ၊ တိုက်ဖို့မွေးသည်ဖြစ်စေ၊ ဝါသနာကြောင့်မွေးကြသည်ဖြစ်စေ မည်သူမဆို တွေ့ကြုံဖူးမှာဖြစ်သလို ကျွန်တော်တို့ လက်လှမ်းမှီသမျှနည်းလမ်းတွေနဲ့ ကာကွယ်ကုသကြရတာကတော့ ကျွန်တော်တို့ တိုက်ကြက်ဝါသနာရှင်တွေရဲ့အလုပ်တစ်ခုလိုကိုဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အစွမ်းကုန်ကျိုးစာဒပေမယ့်လက်လျော့လိုက်ရတာတွေကလည်းမနည်းမနောနှစ်စဉ်ကြုံတွေ့နေရတာပါပဲ။ ဒီနေရာမှာ ကျွန်တော် အရင်ကပြောခဲ့ဖူးသလိုပဲထပ်ပြီးအကြံပေးစရာကရှိနေပါတယ်။ တိုက်ကြက်ကို ကျွန်တော်လည်းချစ်သလိုညီကိုတို့လည်းချစ်ကြတာကိုကျွန်တော်သဘောပေါက်ပါတယ်။ ဒါပေမယ့်ရောဂါကြောင့်ဆုံးရှုံးသွားတဲ့ကြက်တစ်ကောင်ဟာ သူသေပြီးနောက်ပိုင်း ခန္ဓာကိုယ်တွင်းကရောဂါပိုးတွေကပါလိုက်လံသေဆုံးမသွားဘူးဆိုတဲ့တစ်ချက်ကို ကျွန်တော်တို့ အထူးသတိပြုရပါမယ်။ ရောဂါ အထူးသဖြင့် ဘက်တီးရီးယားများဟာ ကြက်တစ်ကောင်သေဆုံးပြီး မြေမြှုပ်ခဲ့ရင် မြေကြီးထဲအနည်းဆုံးနှစ်နှစ်ရှင်သန်နိုင်တဲ့အတွက် ကျွန်တော်တို့ သံယော��ဉ်ကြောင့်မြေမြှုပ်ထားတဲ့နေရာဟာနောက်နှစ်ရာသီချိန်အတွက် ရောဂါပျံ့ပွားရေးဌာနတစ်ခုဖြစ်နေတယ်ဆိုတာကိုအထူးသတိပြုဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကြက်တစ်ကောင်ဘယ်အကြောင်းကြောင့်သေသေ အထူးသုဖင့်ရောဂါကြောင့်သေဆုံးခဲ့လျှင် သေခြာစနစ်ကျစွာမီးရှို့လိုက်တာကအကောင်းဆုံးပါလို့ ကျွန်တော်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေအရ ညီကိုတွေကိုအကြံပြုချင်ပါတယ်။ စနစ်တကျမီးရှို့ခြင်းဆိုတာမှာ သေဆုံးသွားတဲ့ကြက်အပြင် မသေဆုံးခင်နဲ့ရောဂါဖြစ်ပွားနေချိန်အသုံးပြုခဲ့သောစပ်ဆက်ပစ္စည်းအစုံကိုဆိုလိုပါတယ်။ အစာခွက် ရေခွက် အောက်ခင်း အစရှိသည်တို့ဖြစ်ပါတယ်။ဒါ့အပြင် မသေဆုံးခင်နေထိုင်သွားတဲ့နေရာဝန်းကျင်ကိုအထူးဂရုစိုက်ပြီး ထုံးဖြူးခြင်း ဖြစ်နိုင်ပါကမွေုးမူရေုးခံသုံးပိုးသတ်ဆေးများဖြန်းခြင်း တို့ကိုပါဆောင်ရွက်သင့်ပါတယ်။ ရောဂါဖြစ်ပွားနေတဲ့ကြက်ကို ကုသနေချိန်မှာလည်း ကုသသူရဲ့တစ်ကိုရေသန့်ရှင်းရေးကိုလည်းအထူးဂရုစိုက်သင့်ပါတယ်။ အဝတ်အထည်ကိုလည်းကြက်ကိုင်တွယ်ပြီးချိန် သေခြာလျှော်ဖွတ်သန့်စင်သင့်သလို လူက်ုယ်တိုင်လည်း သေခြာစနစ်တကျလက်များကိုအရက်ပျံနှင့်ဆေးကြောခြင်း ရေချိုးသန့်စင်ခြင်းများပြုလုပ်ပြီးမှ အခြားကျန်းမာတဲ့ကြက်တွေကို ထိတွေ့ကိုင်တွယ်ခြင်းများပြုလုပ်ပေးသင့်ပါတယ်။ ညီကိုတွေအနေနဲ့ဒီလိုတွေကျင့်သုံးနိုင်မှသာ ရောဂါပျံ့ပွားခြင်းကိုထိန်းချုပ်နိုင်မယ့်အကြောင်း အကြံပြုပေးလိုက်ပါတယ်။
0 notes
Text
ဒီရာသီ ကြက်ခွပ်လျော့မယ် အဲ့ဒါထက်ဆိုးတာက အနာဝင်မယ်။ ထွေထွေထူးထူးသိပ်ဆောင်ထားစရာတော့မလိုပါဘူး။
၁။ ရေဖျော်ဆေးဆို အောက်ဆီနီယို၊အမောက်ဆလင်၊ ကြက်အတွက်သီးသန့်ထုတ်ထားတဲ့ဓါတ်ဆား ဆောက်ထားမယ်။
၂။ ထိုးဆေးဆို ဂျန်တာမိုင်စင်၊ Streptomycin နဲ့ မိုးရေ၊ B-complex ထိုးဆေး သို့မဟုတ် ပိုလီဘီယွန်ထိုးဆေး ဒါတွေဆောင်ထားမယ်။
၃။ ကြက်ကိုတစ်ချက်ကြည့်တာနဲ့ အနာငွေ့နေလားအကဲဖမ်းနိုင်ရမယ်။( ပုံမှန်လိုဖြစ်နေပေမယ့် ပုံမှန်လိုမဟုတ်ပဲမသိမသာလန်းဆန်းမှုလျော့နေမယ်၊ ချေးမမှန်ဘူး၊ မျက်နှာမယောင်ပေမယ့် တစ်ချက်တစ်ချက် ဘယ် သို့မဟုတ် ညာဘက် မျက်လုံးမှေးမှေးသွားတတ်မယ်၊ဇောင်းမွေး မသိမသာထောင်တတ်မယ်၊အစာခြေတာပုံမှန်ထက်ပိုကြာနေမယ်၊ မျက်နှာအရောင် အဖြူအနီ မသိမသာ ခဏခဏပြောင်းနေမယ်) ဒါတွေကိုတင်္ဂဂအတွင်းအကဲဖြတ်နိုင်ရင်ပိုကောင်းပါတယ် ကြက်မွေးသက်တမ်းနဲ့အတွေ့အကြုံကစကားပြောလာပါလိမ့်မယ်။
၄။ အရေးအကြီးဆုံးဖြစ်တဲ့ သောက်ရေ ��န့်ရှင်းမှုနဲ့ ခြံလှောင်မွေးရင်ကြက်ခြံသန့်ရှင်းမှုကိုအထူးဂရုပြုရပါမယ်။
၅။ ညပိုင်းအပင်ပေါ်အိပ်တန်းတက်အိပ်တဲ့ကြက်တွေကို ကြက်အိပ်တဲထိုးပေးပြီး လေစိမ်းတိုက်ရိုက်မထိအောင်စီစဉ်ပေးရပါမယ်။
ကျွန်တော်ပြောခဲ့တဲ့လက္ခဏာတွေနဲ့ငြိစွန်းနေရင် ရေဖျော်ဆေးတွေဖြစ်တဲ့ အောက်ဆီနီယိုကိုဆေးညွှန်းအတိုက်းငါးရက်ဆက်တိုက်ကြည့်ပါ မွေးမြူရေးဆေးမရရင်တော့ အမောက်ဆလင် နှစ်တောင့်ရေသန့်တစ်ဗူးနှုန်းဖျော်တိုက်ပြီး ဂျန်တာမိုက်စင်ထိုးဆေးကို ပိစိတွေဆို ပါးစပ်ထဲဆယ်စက်လောက်အစက်ချပေးမယ် ငါးဆယ်သားကနေတစ်ပိသာကြား ကြက်လေးတွေကို 0.1 cc တစ်ပိသာကနေ ၁.၃၀ ကြားကို 0.2cc၊ ၁.၃၀ အထက်ကို 0.3cc သုံးရက်ဆက်ထိုးပေးကြည့်မယ် အဲ့ဒါမှမသက်သာပဲဆက်ဆိုးဝါးလာရင်တော့ Streptomycin ကို အထက်ကထိုးဆေးအညွှန်းအတိုင်းထိုးပေးပါမယ်။ ဒါဆို ညီကိုတွေရဲ့ကြက်တွေ ဆုံးရှုံးမှု ရာနှုန်းတွေလျော့ကျသွားပါလိမ့်မယ်။
0 notes
Text
တိုက်ကြက်လည်း သွေူနဲ့ကိုယ်သားနဲ့ကိုယ်ပဲ။ ဖျားတတ်တယ် နာတတ်တယ် အားအင်ချိနဲ့တတ်တယ် မောပန်းတတ်တယ် နာကျင်ခံစားတတ်တယ် ဒါတွေကို စကားမပြောတတ်တော့ သူတို့ရဲ့အရိပ်အကဲကို တိုက်ကြက်ချစ်လှပါတယ်ဆိုတဲ့ ကျွန်တော်တို့က နားလည်သဘောပေါက်ဖို့အထူးလိုအပ်ပါတယ်။ ခွပ်ဆေးခံဆေးမွေးဆေး တွေပဲများနေလား ရောဂါကာကွယ်ဆေးတွေရော ရာသီအချိန်အလိုက်အဆင်သင့်ရှိရဲ့လား ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ဖို့လိုလှပါတယ်။ အကယ်၍ တိုက်ဖို့ခိုက်ဖို့ဆေးဝါးတွေပဲကိုယ့်ဆီများနေင်္ပြး ရောဂါကာကွယ်ဖို့ ကျန်းမာသန်စွမ်းဖို့ဆေးဝါးတွေအသင့်မဆောင်ထားပဲ ဖြစ်မှအလောတစ်ကြီးကုမယ်ဆို ဒါ သင်တိုက်ကြက်သမားမဟုတ်ပဲ ကြက်တိုက်သမားဖြစ်သွားပါလိမ့်မယ်။ ဒီတော့ တ်ုက်ကြက်သမားဖြစ်ချင်လား ကြက်တ်ုက်သမားဖြစ်ချင်လား ဆုံးဖြတ်ရမှာကကိုယ်ကိုယ်တိုင်ပါပဲ။
0 notes
Text
အခုရေတွင်းတူး
အခုရေကြည်သောက်လို့မရတဲ့အထဲ
တိုက်ကြက်ကလည်း ထိပ်ဆုံးကပါတယ်။
သားဖေါက် မျိုးထိုးဖို့အချိန်ပေးရတယ်။
ကိုယ်ဖေါက်ထားတဲ့မျိုး စိတ်တိုင်းကျဖြစ်ရဲ့လားစောင့်ကြည့်ဖို့ အချိန်ပေးရတယ်။
စိတ်တိုင်းကျတော့လည်း ခွပ်နိုင်ခံနိုင်ဖို့ လေ့ကျင့်ရင်းအချိန်ပေးရတယ်။
ခွပ်သားခံသားရတော့လည်း ကျ��်းမာရေး၊ ကြက်ရဲ့အခါကောင်းရဲ့လားဆန်းစစ်ဖို့အချိန်ပေးရတယ်။ အလားတူပဲ အခြားအခြားအကြောင်းပေါင်းမျိုးစုံနဲ့ ကိုယ့်ကြက်လေးပြည့်စုံအောင်အချိန်တွေပေးရင်း ကိုယ်ါကြက်လေးနိုင်လာတော့လည်းဂုဏ်ယူမဆုံး ရှုံးသွားတော့လည်း အပြစ်မယူဖုံးကာဖိကာ ဘာကြောင့်ရှုံးရတယ်နဲ့ တိုက်ကြက်ကိုအချိန်ပေးပြီး တစ်ကယ်ဝါသနာအရင်းခံတဲ့ ဝါသနာရှင်ကြက်သမားတွေကို တစ်ကယ်လေးစားပါတယ်။
0 notes
Text
ယိုးဒယားကြက် ဗီယက်နမ် ကြက်တွေဖေါက်တာဝါသနာပါတဲ့ညီကိုတွေ သတိပြုစရာတစ်ချက်ရှိပါတယ်။ မာဂုဏ်မြင့်တယ် ခြေပြင်းတယ်ဆိုပေမယ့် ကြက်စိတ်ကြက်သဲက ကြက်ပေါက်ဘဝမှာ မြန်မာ့မျိုးရင်းကိုမမှီနိုင်ပါဘူး။ ဗီဇအရလို့ပြောရင်ပိုသင့်တော်ပါမယ်။ သေခြာဂရုပြုလေ့လာကြည့်ရင် ဒီကြက်ကြီးမျိုးတွေကို တစ်မွေးထိုးပြီးမှတိုက်ကြတာကိုတွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့စီကလို ရှစ်လဝန်းကျင်မှာ စခိုင်းမိရင် သေခြာတယ် ကြက်သဲပါးတယ်လို့ယူဆစရာတွေအများကြီးတွေ့ရမှာပါ။ ကြက်ရဲ့အခါကောင်းချိန်ဆိုတာ ကျန်းမာရေးတစ်ခုတည်းမက ကြက်ရဲ့အသက်အရွယ် နဲ့ သူ့ကိုသူ ယုံကြည်မှု အပြည့်အဝရှိနေသော အချိန်လို့ပါသတ်မှတ်ရပါမယ်။ ဒါကတော့ အချို့ဝါသနာရှင်တွေ နိုင်ငံခြားမျိုးရင်းကို ကြေးကြီးပေးဝယ်စမ်းသပ်မယ်ဆို အဓိကထားဂရုပြုသင့်တဲ့တစ်ချက်ပဲဖြစ်ပါတယ်။
0 notes
Text
Chat Box ကမေးထားတဲ့ ညီတစ်ယောက်အတွက်ပြန်ဖြေပေးရင်း အခြားဝါသနာရှင်ညီငယ်တွေအတွက်ပါတစ်ခါထဲ Post တင်ပေးလိုက်တာပါ။
ခွပ်နေချိန်သို့မဟုတ် ခွပ်လက်ချချိန်မောပန်းခြင်း။
ကြက်တစ်ကောင်ခွပ်ချိန်မောပန်းခြင်းကိုကျွန်တော်တို့လေ့လာကြည့်ရင်-
၁) မျုးရိုးဗီဇကြောင့်မောရခြင်း ( စစ်တကောင်းစပ်၊တိန်ညင်စပ်တွေအမောပိုပါတယ်။
၂) ကျန်းမာရေးကြောင့်မောပန်းခြင်း-၁ ( ကြက်တစ်ကောင်ကိုရောဂါဝင်ချိန် ပထမတစ်ပါတ်မှာ အထူးဂရုမပြုမိရင် သာမာန်လိုအနေအထားပဲအမြင်အားဖြင့်ရှိနေမှာဖြစ်ပေမယ့် တစ်ကယ်တန်း ခွပ်ခိုင်းကြည့်ရင် ပုံမှန်ထက်အမောပိုတာကိုတွေ့ရမှာပါ။)
၃) ကျန်းမာရေးကြောင့်မောပန်းခြင်း - ၂ ( ရောဂါမရှိပဲပုံမှန်ကျန်းမာနေသော်လည်း အကယ်၍ ကြက်ဝမ်းတွင်းမှာ ��ပ်ပါးကောင်တွေများနေတယ် သန်လုံး သန်ပြား အစရှိသည်တို့ ကြောင့်လည်း ခွပ်နေချိန်မောပန်းတတ်ပါတယ်။)
၄) ကျန်းမာရေးကြောင့်မောပန်းခြင်း -၄ ( သာမန်ကျန်းမာရေးကောင်းမွန်နေသော်လည်း ကြက်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေချို့ယွင်း နေတယ်ဆိုလည်း ခွပ်နေချိန် သာမာန်ထက်ပိုပြီးမောပန်းတတ်ပါတယ်)
၅) ကျန်းမာရေးကြောင့်မောပန်းခြင်း -၅ ( သာမာန်ကျန်းမာရေးကောင်းမွန်နေသော်လည်း ကြက်ဝမ်းတွင်းမှာဘအဆီပိုတွေရှိနေမယ်ဆိုရင်လည်း ကြက်ပိုမိုမောပန်းတတ်ပါတယ်။)
၆) ရေဓါတ်နည်းပါးခြင်းကြောင့်လည်းကြက်တစ်ကောင်မောပန်းတတ်ပါတယ်။ ရေဓါတ်နည်းပါးရာက ခမ်းခြောက်တဲ့အဆင့်အထိရောက်ရင် ကြက်တစ်ကောင် ချိ သွားတတ်ပါသေးတယ်။ ကြက်မတွေဆို ဥနှုန်းကျဆင်းခြင်း မဥတော့ခြင်းတွေပါဖြစ်တတ်ပါတယ်။အထူးသဖြင့်ပူပြင်းတဲ့နွေရာသီတွေမှာအဖြစ်များတတ်ပါတယ်။ ရေကိုအမြဲဂရုစိုက်ပေးရပါမယ်။
၇) အလေ့အကျင့်မရှိသေး၍ မောပန်းခြင်း ( အခွပ်သင်အရွယ်၊ ခွပ်လက်ပြန်ချစဉ်အနေအထားတွေမှာလည်း ကြက်တစ်ကောင်အမောပိုတတ်ပါတယ်။ အဲ့ဒီအချိန်တွေမှာတော့ လောဘကြီးပြီး ကြက်ကိုဇွတ်မမောင်းမိစေဖို့အရေးကြီးပါတယ်။ အခန့်မသင့်လျှင် အဆုတ်ကြွက်သားများပျက်စီးပြီး ကြက်သမားအခေါ်သက်လုံကွဲတဲ့ပြသနာနဲ့ ရာသက်ပန်အနားပေးရမယ့်အနေအထားရောက်သွားနိုင်လို့ပါပဲ။
ဒါကြောင့် မိမိကြက်တစ်ကောင် ခွပ်လက်ချစဉ် သဂမာန်ထက်အအောပိုနေလျှင် အထက်ပါအချက်တွေထဲက ဘယ်အချက်နဲ့ငြိစွန်းနေပြီး မည်သို့ပြန်လည်ပြုပြင်ရမည်ကို သဘောပေါက်နိုင်ကြပါစေ။
ဝါသနာရှင် ညီကိုအားလုံးကိုချစ်ခင်လေးစားလျှက်
0 notes
Text
ကြက်တစ်ကောင်ကို တိုက်ပွဲဝင်ဖို့ပြင်ဆင်တယ်ဆိုတာမှာ အပိုင်းသုံးပိုင်းရှိတယ်
၁) ကြက်မဖြစ်ခင်ကတည်းက စိတ်ကူးနဲ့ ပြင်ဆင်ရတယ်။ ဒီအမ ကို ဒီအဖ နဲ့ဖေါက်လိုက်ရင် ကိုယ့်စိတ်တိုင်းကျလေးတွေထွက်လာနိုင်တယ်ပေါ့။ ဒါလည်းပြင်ဆင်ခြင်းတစ်မျိုးပဲ။
၂) ကြက်ကလေးအကောင်ပေါက်လာတော့လည်း ခွပ်လက်မချခင်အချိန်အထိ အသက်ရှင်ကျန်းမာအောင် ကြီးထွားနှုန်းကောင်းပြီး ကြံ့ခိုင်သန်စွမ်းအောင် စောင့်ရှောက်ရတယ်ဆိုတာလည်း ပြင်ဆင်ခြင်းတစ်မျိုးပါပဲ။
၃) အပေါ်ကအချက်တွေနဲ့ပြည့်စုံလို့ တစ်ကယ့်တိုက်ပွဲဝင်ရမယ့်အနေအထားကိုရောက်လာပြီဆိုရင်တော့ ပြိုင်ဘက်နဲ့ တစ်ကယ်တွေ့ရမယ့်အချိန် လိုအပ်ချက်တစ်စုံတစ်ရာမရှိအောင်ပြင်ဆင်ပေးရတာကိုတော့အများသိပြီးသားဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ဝါသနာရှင်ညီကိုတွေအနေနဲ့ ကြက်တစ်ကောင်ကို ပြင်ဆင်တယ်ဆိုတာ အနားနီးမှအလောတစ်ကြီးပြင်ဆင်တာထက် ပြင်ဆင်မှုဖြစ်စဉ်ကို အစ အလယ် အဆုံး လိုအပ်ချက်တွေမရှိအောင် စနစ်တစ်ကျပြင်ဆင်နိုင်မှသာ ရာနှုန်းပြည့်နီးပါး စိတ်တိုင်းကျရမယ့် တိုက်ကြက်တစ်ကောင်ကိုပိုင်ဆိုင်��ိုင်မှာပဲဖြစ်ပါတယ်။
Golden Fowl @ GF
0 notes
Text
ကြက်ပြင်ပြီဆိုရင်မှတ်ထားရမှာက ပင်ကိုယ်မူရင်းဗီဇက်ုပြင်ပေးလို့မရပါဘူး။ ခွပ်လမ်း နဲ့ သက်လုံ (အမောခံနိုင်မှု)လို ဗီဇမျိုးတွေက်ုဆိုလိုတာပဲ။
အရွယ်ရောက်ပြီးတိုက်ကြက်တစ်ကောင်ကို တိုက်ပွဲဝင်ဖို့စတင်ပြင်ဆင်တော့မယ်ဆိုရင် ကျွန်တော်တို့ စတင်သုံးသပ်ရမှာက ဘယ်အပိုင်းကို ဘာကြောင့်ပြင်ရတယ်ဆိုတာပါပဲ။ တစ်ကယ်တမ်းက တိုက်ပွဲဝင်ဖို့ပြင်ဆင်တယ်ဆိုတာက တိုက်ကြက်တစ်ကောင် စွမ်းဆောင်ရည်အမြင့်မားဆုံးအနေအထားနဲ့ခွပ်နိုင်ဖို့နဲ့ ကျန်းမာကြံ့ခိုင်မှု အပြည့်အဝရှိနေမှုကိုဦးတည်တယ်လို့ပဲကျွန်တော်တော့လက်ခံမိပါတယ်။ ဒီနေရာမှာ ခံနိုင်ရည်ရှိဖို့ပြင်ဆင်တယ်ဆိုတဲ့သဘောတရားကိုကျွန်တော်သိပ်သဘောမတွေ့ပါဘူး။ ခံနိုင်ရည်ဆိုတာကတော့ကြက်စိတ်ကြက်သဲနဲ့ပဲတိုက်ရိုက်သက်ဆိုင်ပါတယ်။ တိုက်ပွဲဝင်ဖို့ရွေးချယ်ပြင်ဆင်နေပြီဆိုရင်တော့ကြက်စိတ်ကြက်သဲကကြက်အပေါ်မမူတည်ပဲ ရွေးချယ်ထားတဲ့ ကျွန်တော်တို့နဲ့ပဲတိုက်ရိုက်သက်ဆိုင်တယ်လို့ယူဆမိပါတယ်။ အဲ့ဒီတော့ပြင်ဆင်မှု သို့မဟုတ် လေ့ကျင့်ပေးမှု အပိုင်းအခြေခံသဘောတရားတစ်ခုကို အားလုံးမြင်သာအောင် ကျွန်တော် ဥပမာပေးရရင် ကျွန်တော်တို့ online ပေါ်မှာတင်အလွယ်တစ်ကူလေ့လာနိုင်တဲ့ ယိုးဒယား၊ ဗီယက်နမ်၊ ဂျပန်၊ ပါကစ္စတန် အစရှိတဲ့ ကြက်မျုးတစ်စုနဲ့ ဖိလစ်ပိုင်ကြက်မျိုးတစ်စုကို နှိုင်းယှဉ်ကြည့်ရင် လေ့ကျင့်ပေးသင့်တဲ့သဘောတရားကိုနားလည်လွယ်ပါလိမ့်မယ်။ ကျွန်တော်ဆိုလိုတာက ကြက်တစ်ကောင်ပြင်ဆင်တဲ့နေရာမှာ နည်းလမ်းများစွာရှိတဲ့အနက် ကြက်ရဲ့ခွပ်လမ်းခွပ်ပေါက်နဲ့ ဆက်နွယ်နေတဲ့ပြင်ဆင်မှုမျိုးကိုရွေးချယ်ပေးရမှာကို အဓိကထားရမှာပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ဗလာကောင်းတယ် ကြက်ပုတ်ကြက်ဆတ်ကောင်းတယ် ကြက်ပြစ်သန်တယ်ဆိုတဲ့ Ground fighterလိုကြက်မျိုးတွေ အတွက် အထူးသင့်လျော်တာက ပြေးခိုင်းခြင်း၊ ရေကူးခိုင်းခြင်း ထိုင်ထ စတဲ့ လေ့ကျင့်ခန်းတွေကိုအဓိကအသားပေးလုပ်ဆောင်သင့်သလို အမြင့် fighter တွေဖြစ်တဲ့ ကြက်လျှော် ကြက်ချွတ် စတဲ့ ခွပ်ကွပ်မျိုးကိုအားသန်တဲ့ကြက်တွေအတွက်ကတော့ တန်းခုန်ခြင်း ကျင်းခုန်ခြင်းအစရှိတဲ့လေ့ကျင့်ခန်းမျိုးကို ပိုမိုအသားပေးသင့်တာပဲဖြစ်ပါတယ်။ အဲ့ဒီလို ကြက်ခွပ်လမ်းကိုသိရှိထားပြီး လိုက်ဖက်တဲ့လေ့ကျင့်ခန်းမျိုးကို ရွေးချယ်လေ့ကျင့်ပေးခြင်းကလည်း ကြက်ပြင်ပညာရပ်မှာ အထူးအရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်ကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။
0 notes