taylornayeon
Untitled
1 post
Don't wanna be here? Send us removal request.
taylornayeon · 4 years ago
Text
Shame on you, MNA. Shameless MNA.
မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines MNA) ၏ Engineering and Maintenance ဌာနရှိ တာဝန်ရှိလူကြီးများသည် အာဏာရှင်အား ဆန့်ကျင်သည့် CDM လှုပ်ရှားမှု နှင့် ဖဲကြိုးနီ လှုပ်ရှားမှုကို ရောနှော၍ ဓါတ်ပုံရိုက်ပြရုံ ကြေညာချက်ထုတ်ရုံ သက်သက်သာ ပြုလုပ်ပြပြီး Engineering and Maintenance ဌာနရှိ လေယာဉ်လုပ်ငန်းများအား CDM ကို မထောက်ခံသည့် ဝန်ထမ်းအကြီး/အငယ်များဖြင့် ပုံမှန်လည်ပါတ်ရန် ဆက်လက်လုပ်ဆောင်နေကျပါသည်။
အမေစု၏ တောင်းဆိုမှုကို အကောင်အထည်ဖော်နေသည့် CDM တွင် တက်ကြွစွာပါဝင်ကျမည့် စက်မှုဝန်ထမ်း အကြီး/အငယ် များကိုလဲ လာမည့် တနင်္လာနေ့မှစ၍ အင်အားပြည့် အလုပ်ပြန်ဆင်းကျရန် duty ပုံစံ အသစ်များရေးဆွဲ စီစဉ်၍ အတင်းအကျပ် လုပ်ဆောင်နေရင်း သက်ဆိုင်ရာဝန်ထမ်း အကြီး/အငယ်များအပေါ် ဆက်တိုက် ဖိအားပေးနေပါသည်။ CDM ကို ထောက်ခံသော ဝန်ထမ်းကို သတိပေးစာ ထုတ်၍ အတင်းအကြပ် ဖိအားပေးနေပါသည်။ ခြိမ်းခြောက်တဲ့ MNA ရဲ့စာကို ကန့်ကွက်ပါတယ်။
MNA ကိုလည်း သပိတ်မှောက်ပါတယ် ။
ရှေ့လျောက် MNA လေယာဉ်လုံးဝ မစီးတော့ပါ ။
ကျွန်တော့ ထဲက မိတ်ဆွေတွေလည်း ပြည်တွင်းပြည်ပ ခရီးသွားရင် MNA ကို မစီးဘဲ သပိတ်မှောက်ကြပါ။
မကြောက်ကြပါနဲ့ ၊ ညီကြပါ ၊ ဒီလူနည်းစုကိုတောင် မတွန်းလှန်နိုင်ရင် အာဏာရှင်ကို ဘယ်လိုတွန်းလှန်မှာလဲ ။
ချပါ ၊ ငါတို့ရှိတယ် ။
Together we stand
#Civil_Disobedience
#CivilDisobedience
#CivilDisobedienceMovement
#RejectTheMilitary
Tumblr media
1 note · View note