Tumgik
#ည
mx-poth · 11 months
Text
Glyphs in scripts/languages that represent "nya" /ɲa/ Ge'ez: ኛ Brahmic: 𑀜 Burmese: ည Grantha: 𑌞 Gujarati: ઞ Devanagari: ञ Kannada: ಞ Hangul: 냐 Lao: ຍັ Malayalam: ഞ Thaana: ޏަ Oriya: ଞ Punjabi & Sindhi (gurmukhi): ਞ Sindhi (perso-arabic): ڃَ Sindhi (khudabadi): 𑋅 Sinhala: ඦ Tamil: ஞ Telugu: ఞ Tibetan: ཉ
8 notes · View notes
tayzathuraminsoe · 2 years
Text
'ခွဲထား, သတ်ပုံ, သံပေါက်'
၁။ လဲ/ လည်း။
"မှောက်လဲ လျှောက်လဲ၊ ပစ္စည်းလဲ၊
မေးခွန်းမေးလျှင် နောက်ပစ် လဲ"။
"သူလည်း ငါလည်း၊ နောက်ဆက် လည်း၊
အတူရှိတဲ့ခါ 'ည'သတ်လည်း"။
၂။ တုံး/ တုန်း။
"သစ်တုံး ဓားတုံး၊ အညွန့်တုံး၊
မေးခွန်းမေးလျှင် သေးတင် တုံး။
ဉာဏ်တုံး ခေါင်းတုံး၊ အသားတုံး၊
ကုန်ဆုံးတဲ့ခါ သေးတင် တုံး"။
"အိပ်တုန်း စားတုန်း၊ မိုးရွာတုန်း၊
ဖြစ်နေဆဲမှာ 'န'သတ် တုန်း"။
၃။ လှန်း/ လှမ်း။
"အဝတ်လှန်း နေလှန်း၊ အခြောက်လှန်း၊
အပူလှန်းတဲ့ခါ 'န'သတ် လှန်း။
"ထောက်လှမ်း ကမ်းလှမ်း၊ ခြေနဲ့ လှမ်း၊
အကွာဝေးပြလျှင် 'မ'သတ် လှမ်း။
၄။ "သင်းပျံ့ ဆွတ်ပျံ့၊ ရနံ့ ပျံ့၊
ပျံ့နှံ့တဲ့ခါ သေးတင်ပျံ့၊ 'ယပင့်'လေးနဲ့ ပျံ့။
"သန့်ပြန့် ကျယ်ပြန့်၊ သတင်းပြန့်၊
ပြန့်ပွားတဲ့ခါ 'န'သတ် ပြန့်၊
'ယရစ်'လေးနဲ့ ပြန့်"။
၅။ ပစ်/ ပြစ်။
"လွှင့်ပစ် ဓားပစ်၊ အမှိုက် ပစ်၊
အဝေးပစ်လျှင်၊ ရိုးရိုး ပစ်"။
"ပြေပြစ် ရပ်ပြစ်၊ အမှား ပြစ်၊
ပြစ်မှု ပြစ်ဒဏ် 'ယရစ်' ပြစ်။
၆။ နုတ်/ နှုတ်/ နုပ်။
"ပျိုးနုတ် ဝမ်းနုတ်၊ အပေါင်း နုတ်၊
ထုတ်နုတ်တဲ့ခါ 'တ'သတ် နုတ်၊
ဟထိုးမပါဘဲ နုတ်"။
"သိမ်နုပ် သေးနုပ်၊ အကျွန်ုပ်၊
နုပ်နုပ်စဉ်းလျှင် 'ပ'သတ်နုပ်၊
ဟထိုးမပါဘဲ နုပ်"။
"နှုတ်ဆက် နှုတ်နည်း၊ နှုတ်ခမ်းကွဲ၊
နှုတ်ရမ်းရဲလျှင် 'တ'သတ် နှုတ်၊
ဟထိုးလေးနဲ့ နှုတ်"။
၇။ နန်း/ နမ်း။
"ထီးနန်း ကြေးနန်း၊ အံ့ဘနန်း၊
နန်းကြီး နန်းတော် 'န'သတ် နန်း"။
"ပါးနမ်း ရှုပ်နမ်း၊ အနံ့နမ်း၊
နှာခေါင်းနှင့် နမ်းလျှင် 'မ'သတ် နမ်း"။
၈။ နတ်/ နပ်။
"နာနတ် သေနတ်၊ မိုးပေါ် နတ်၊
နတ်ကန္နားမှာ 'တ'သတ် နတ်"။
"ကျေနပ် ပါးနပ်၊ ခုံဖိနပ်၊
သနပ်ခါးမှာ 'ပ'သတ် နပ်။
၉။ ခတ်/ ခပ်။
"ခြင်းခတ် ဆားခတ်၊ ပျာယာခတ်၊
ပြစ်ဒဏ်ခတ်လျှင် 'တ'သတ် ခတ်"။
"ရိုက်ခတ် ဘောင်ခတ်၊ လက်ထိပ်ခတ်၊
မျက်စဉ်းခတ်လည်း 'တ'သတ် ခတ်"။
"ရေခပ် ကူးခပ်၊ ပျားပန်းခပ်၊
ခပ်သိမ်းများစွာ 'ပ'သတ် ခပ်"။
၁၀။ ခုတ်/ ခုပ်။
"ဓားခုတ် သစ်ခုတ်၊ သင်္ဘောခုတ်၊
ဂျပ်ခုတ်‌စောင်ကို 'တ'သတ် ခုတ်"။
"ကြောင်ခုပ် ကြွက်ခုပ်၊ ဝါးလက်ခုပ်၊
စားမာန်ခုပ်လျှင် 'ပ'သတ် ခုပ်"။
'ခွဲထား, သတ်ပုံ, သံပေါက် (၂)'
၁၁။ ခံ့/ ခန့်။
"ခိုင်ခံ့ ကျန်းခံ့၊ အနေခံ့၊
ခံ့ညားထည်ဝါ 'သေးတင်' ခံ့"။
"ခန့်ခွဲ ခန့်အပ်၊ ခန့်မှန်းတတ်၊
ခန့်ညားရိုသေ 'န'သတ် ခန့်"။
၁၂။ ချ/ ခြ။
"စာချ နှိမ့်ချ၊ ငိုချင်းချ၊
မှတ်ချက်ချလျှင် 'ယပင့်' ချ"။
"ဆံချ နားချ၊ ဖောက်သည်ချ၊
အိပ်မွေ့ချလျှင် 'ယပင့်' ချ"။
"ဝန်ချ မုချ၊ အပုပ်ချ၊
တထစ်ချလည်း 'ယပင့်' ချ"။
"ခြကောင် ခြပုံး၊ ခြတောင်ကုန်း၊
ခြတုံးလုံးမှာ 'ယရစ်' ခြ"။
၁၃။ ချင်/ ခြင်/ ချဉ်။
"လိုချင် သွားချင်၊ စားသောက်ချင်၊
ဖြစ်ချင်တိုင်းမှာ 'ယပင့်' ချင်"။
"ဆင်ခြင် ခွက်ခြင်၊ အကြောအခြင်၊
ခြင်ကိုက်တဲ့ခါ 'ယရစ်' ခြင်"။
"ငါးချဉ် စိတ်ချဉ်၊ ပဲတီချဉ်၊
လေချဉ်တက်လျှင် 'ဉ 'သတ် ချဉ်"။
၁၄။ ချင်း/ ခြင်း။
"သားချင်း နိုင်းချင်း၊ သူငယ်ချင်း၊
မျက်နှာချင်းဆိုင်လျှင် 'ယပင့်' ချင်း"။
"လုံးချင်း ဘေးချင်း၊ အချင်းချင်း၊
ခြေချင်းဝတ်ကို 'ယပင့်' ချင်း"။
"ဖြစ်ခြင်း ချစ်ခြင်း၊ အကြောင်းအခြင်း၊
ခြင်းလုံး ဆွဲခြင်း 'ယရစ်' ခြင်း"။
၁၅။ စင်/ စဉ်။
"သန့်စင် မျှော်စင်၊ ရေချမ်းစင်၊
သူတော်စင်ကို 'င'သတ် စင်"။
"ပင်စင် လိုင်စင်၊ ရက္ကန်းစင်၊
အကုန်အစင် 'င'သတ် စင်"။
"ဆွေစဉ် လစဉ်၊ ထာဝစဉ်၊
အစီအစဉ် 'ဉ 'သတ် စဉ်"။
"ဖြစ်စဉ် တံစဉ်၊ ထီပေါက်စဉ်၊
လူစဉ်မီလျှင် 'ဉ 'သတ် စဉ်"။
၁၆။ စင်း/ စဉ်း။
"ဖြောင့်စင်း လည်စင်း၊ ဦးပဉ္စင်း၊
ဝပ်စင်း အူစင်း 'င'သတ် စင်း"။
"ပုစဉ်း စိုးစဉ်း၊ နုပ်နုပ်စဉ်း၊
စဉ်းလဲ စဉ်းစား 'ဉ 'သတ် စဉ်း"။
၁၇။ ပုတ်/ ပုပ်/ ပုဒ်။
"ရိုက်ပုတ် အိုးပုတ်၊ ဆူးခြုံပုတ်၊
ခေါပုတ် တင်းပုတ် 'တ'သတ် ပုတ်"။
"ဆူးပုပ် ရွှံ့ပုပ်၊ မျက်နှာပုပ်၊
လေပုပ် ငါးပုပ် 'ပ'သတ် ပုပ်"။
"ဂုဏ်ပုဒ် ဆောင်ပုဒ်၊ ဇနပုဒ်၊
ပုဒ်ထီး ပုဒ်မ 'ဒ'သတ် ပုဒ်"။
၁၈။ ပျက်/ ပြက်။
"လူပျက် ပျောက်ပျက်၊ အိပ်ရေးပျက်၊
မျက်နှာပျက်လျှင် 'ယပင့်' ပျက်"။
"လူပြက် လျှပ်ပြက်၊ ပြက်လုံးပြက်၊
ပြက်ချော် ပြောင်ပြက် 'ယရစ်' ပြက်"။
(လူပျက် = လူဆိုးလူသွမ်း)
(လူပြက် = လူရွှင်တော်)
၁၉။ နည်း/ နဲ။
"နှုတ်နည်း ဝမ်းနည်း၊ သတ္တိနည်း၊
ကိုယ်ကျိုးနည်းလျှင် 'ည'သတ် နည်း"။
"ငနဲ ပိန်နဲ၊ ဝါးခနဲ၊
လွှတ်ခနဲပြောလျှင် 'နောက်ပစ်' နဲ"။
၂၀။ နယ်/ နည်။
"နှိပ်နယ် နွမ်းနယ်၊ အကြိတ်အနယ်၊
ပြည်နယ် ဂျာနယ် 'ယ'သတ် နယ်"။
"မဲနယ် နွားနယ်၊ လေဟာနယ်၊
ဟင်းနုနယ်လည်း 'ယ'သတ် နယ်"။
"ရေနည် ကျောက်နည်၊ အမှုန် နည်၊
အနည်ထိုင်လျှင် 'ည'သတ် နယ်"။
[ကလေးငယ်များအား သင်ကြားပေးရာ၌ လွယ်ကူစေရန် 'မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း'ကို မှီငြမ်းကိုးကား၍ ဤလင်္ကာသံပေါက်များကို ရေးဖွဲ့ထားသည်။]
ကလေးတွေကို မြန်မာစာသင်တဲ့အခါ သတ်ပုံ ခွဲထားတွေ မှန်ကန်အောင် ဒီလို သံပေါက်လင်္ကာလေးတွေနဲ့ ရေး‌ပေး သင်ပေးဖြစ်ပါတယ်။ လိုချင်တဲ့သူ နှစ်သက်သလို လွတ်လွတ်လပ်လပ် ယူသုံးနိုင်ပါတယ်။
အရှင် ကောသလ္လ (ရေဦး)
ကိုငွေ ထပ်ဆင့်မျှဝေပါသည်။
1 note · View note
wai-yan-maung-maung · 5 months
Text
Tumblr media Tumblr media Tumblr media Tumblr media
စျေးပွဲတော်လာရင်း Unplugged Show နားဆင်မယ်
မေ ၁၇၊ ၁၈၊ ၁၉၊ ရန်ကုန်မြို့၊ ဝန်ကြီးများရုံးမှာ မနက် (၉)-ည(၉)ကျင်းပမဲ့ ဝသုန်မိုးဦးဈေးပွဲတော်ကြီးရဲ့ (၁၈)ရက်နေ့ Unplugged Show ရှိပါတယ်။
ကျွန်တော်ကတင်ဆက်ပြီး တေးသံရှင်များ ဖျော်ဖြေမှာဖြစ်ပါတယ်။ ဈေးဝယ်လည်ပတ်ရင်း၊ ခမ်းနားတဲ့ရှုခင်းနဲ့ ဓာတ်ပုံရိုက်ရင်း နားဆင်ကြဖို့ဖိတ်ခေါ်ပါရစေ။
Unplugged Show
ရက်စွဲ - ၁၈.၅.၂၀၂၄
အချိန် - ညနေ(၅)နာရီမှ (၈)နာရီအထိ
နေရာ - ဝန်ကြီးများရုံး Heritage Market
တိုးချဲ့ Indoor ခန်းမ
ဝဘ်ဆိုက်၌ကြည့်ရှုရန်
waiyanmaungmaung.blogspot.com/2024/05/unplugged-show.html
#WaiYanMaungMaung
#MCWaiYanMaungMaung
#PresenterWaiYanMaungMaung
#MC #Presenter #Host #Announcer
#HeritageMarket #ဝန်ကြီးများရုံး
0 notes
Text
​​ကျောက်စိမ်းရတနာလုပ်ငန်းမှ ည​နေခင်းပွဲတည့်မင်ဂလာ။ (မနက်ပိုင်း ​
ဖေ​ဖေ ​မေ​မေ တို့အတွက် ဆွမ်းချိုင့်ပို့လှု)
Tumblr media Tumblr media
0 notes
acidtripsouvenir · 8 months
Text
မင်းနာမမှ ငါ့ကိုတပါ
(Lyrical Analysis)
မင်းနာမမှ ငါ့ကိုတပါ - Penny Su
<ကာလ/ဒေသ>
မိုခါမုန်တိုင်းတိုက်ခတ်နေတဲ့ကာလ အလုပ်ပိတ်ရက်တခုမှာ ရေးဖြစ်ခဲ့တဲ့သီချင်းတပုဒ်ပါ။ ဂစ်တာကို ဟိုရွှေ့ဒီရွှေ့လုပ်ရင်း Chord Progression အသစ်တခု ကြိုးစားဖန်တီးကြည့်ခဲ့မိတယ်။ ပထမဆုံးအကြိမ်အဖြစ် V-ii-I ပေါ်အခြေတည်ပီးသီချင်းတပုဒ်ရေးဖြစ်ခဲ့တာ။ မှတ်မိသလောက်က အိမ်နောက်ဖေး မီးသတ်လှေခါးပေါ်မှာ ဖက်စိမ်းနွယ်ပင်တွေအပြည့်တက်နေတာဘဲ။
<ကိုးကား/တည်ဆောက်ပုံ>
သီချင်းခေါင်းစဉ်ကို Call Me By Your Name ရုပ်ရှင်ကနေ ဘာသာစကားအရရော ဇာတ်သဘောအရပါ ဘာသာပြန်ယူပါတယ်။ စာသားအကြောင်းအရာတွေကတော့ ကိုယ်ပိုင်အတွေ့အကြုံတွေကနေ မြစ်ဖျားခံပါတယ်။ ဝေးကွာမှုနဲ့ နွေးထွေးမှုတို့ကိုတပြိုင်ထဲခံစားမိရာကနေ ဒီသီချင်းရေးဖြစ်ခဲ့တယ်။ အချို့သောစကားလုံးနဲ့ ရုပ်ဝတ္ထုပစ္စည်းရွေးခြယ်မှုတွေကတော့ ရုပ်ရှင်ကနေလာပါတယ်။
Tumblr media
<Brief Lyrics>
ကြယ်များကို ပုလင်းထဲငါ
စုထည့်ရင်း
အိပ်မောကျခဲ့
ဒီည
သူဆက်ဆက်ပြောခဲ့တယ်
နွေဦးရဲ့ငှက်ငယ်
ပြန်ရောက်လိမ့်မယ်
ပျောက်ဆုံးသွားမယ့်မနက်တွေထဲ
လေလွင့်မှုမရှိတော့တဲ့ နှလုံးသားငယ်
တယ်လီဖုန်းလေး ငါ့ဘေး ထမြည်တယ်
မွန်းကြပ်တဲ့အမှောင်ထဲ စိတ်ဓာတ်ကျမနေပါနဲ့
မင်းနာမတော်မှ ငါ့ကိုတနိုင်ပါတယ်
ကြယ်များပုလင်းထဲငါ စုထည့်ရင်း
ဆုတောင်းမိတယ်
ဒီည ငါအလိုချင်ဆုံးမင်း
အပြင်မှာမိုးတွေသည်းရင် မင်းရဲ့ဘေးငါရှိမယ်
အကြင်နာအနမ်း ငါ့နှုတ်ခမ်းပေါ်ချန်ရစ်ခဲ့
<Lines>
စာသားတွေမှာ ပြင်းထန်တဲ့ Metaphorically မြှုပ်နှံထားမှု ဘာမှမရှိဘူး။ အကုန်လုံးက နားလည်ရလွယ်ပြီး ရိုးရှင်းတဲ့ နမိတ်ပုံရိပ်တချို့ဘဲပါတယ်။ စာသားတွေကို စာကြောင်းပုဒ်ဖြတ်အလိုက် သီးခြားအဓိပ္ပါယ်အားဖြင့် ဆန့်ကျင်ဘက်သဘောရေးဖြစ်တာကတော့ ခံစားချက်နဲ့ သိပ်မဆိုင်လှတဲ့ ကြိုးပမ်းမှုတခုပါဘဲ။
ဒီည နဲ့အစချီတဲ့စာကြောင်းက တပိုဒ်ကို တစုံစီပါတယ်။ ပထမစုံတွဲမှာဆို ပထမ ဒီည က self centered ဖြစ်ပီး၊ ဒုတိယ ဒီည က လွတ်လပ်ပီး မျှဝေတဲ့သဘောဆောင်ပါတယ်။ ပထမ ဒီည ရဲ့ ပုလင်းထဲကကြယ်တွေဟာ အကောင်းအဆိုးမကွဲပြားတဲ့ (ရေးနေတုန်းကလဲ မခွဲခြားမိဘူး) အလိုဆန္ဒတချို့ဖြစ်ပြီး၊ ဒုတိယ ဒီည ရဲ့ ငှက်ငယ်ကတော့ အရှိတရား သို့မဟုတ် မျှော်လင့်ချက်ဖြစ်ပါလိမ့်မယ်။ ဒုတိယစုံတွဲမှာတော့ ဒါကို နောက်ပြန်ပြန်ရေးထားတယ်။ ဆုတောင်းကိုအရင်ရေးပြီး ဆန္ဒကိုနောက်မှ ပြန်ထုတ်ဖော်တယ်။
"ပျောက်ဆုံးသွားမယ့် မနက်တွေထဲ လေလွင့်မှုမရှိတော့တဲ့ နှလုံးသားငယ်" က အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ပတ်သတ်ပြီး အငြင်းပွားဖွယ်ရာမရှိ၊ တည့်တည့်ရေးထားတာဘဲ။ ပျောက်ဆုံးသွားမယ့်မနက်နဲ့ လေလွင့်မှုမရှိတော့တော့နှလုံးသားကို တကြောင်းထဲမှာထည့်ရေးထားတယ်။ ပျောက်ဆုံးခြင်းနဲ့ တွေ့ရှိခြင်းကို တပေါင်းတစည်းထဲရေးဖြစ်လိုက်တယ်။ Verse နဲ့ Pre-chorus တွေက ကြယ်နဲ့တယ်လီဖုန်းက ရုပ်ရှင်ကလာတဲ့ အရာတွေ။
Tumblr media Tumblr media
Chorus ရဲ့ နှစ်ကြောင်းထဲသောစာသားတွေက ‌အဝေးက တစုံတဦးဆီကို သတင်းစကားပေးတဲ့သဘောမျိုး။ Evangelion ဆန်တဲ့ သတင်းစကားဖြစ်တဲ့အတွက် လေးပင်တဲ့စကားလုံးအသုံးအနှုန်း "နာမတော်မှ ငါ့ကိုတ" ကိုရွေးပါတယ်။ "မွန်းကြပ်တဲ့...မနေပါနဲ့" က အနားမှာအဖော်အဖြစ်ရှိကြောင်း အားပေးတာဖြစ်ပီး၊ "မင်းနာမ...နိုင်ပါတယ်" ကတော့ ကိုယ့်ကိုယ်ကိုသတိရဖို့ အသိပေးတာဖြစ်တယ်။ အပေါင်းအဖော်ရှိခြင်းနဲ့ ကိုယ်တိုင်တည်ရှိခြင်း (Inter & Intra) ကို တလှည့်စီရေးထားတယ်။
"အပြင်မှာ...ငါရှိမယ်" ဆိုတဲ့စာကြောင်းမှာ အတူရှိကြမယ့်နေရာက အိမ်တလုံး၊ တိုက်ခန်းတခန်းလို ပုန်းခိုရာနေရာတခုဖြစ်ပါလိမ့်မယ် "အကြင်နာအနမ်း...ချန်ရစ်ခဲ့" မှာကတော့ အတူမရှိတဲ့ လက်တွေ့အဖြစ်အပျက်ဖြစ်တခုဖြစ်ပါတယ်။ ဒါပေမယ့် အကြင်နာအနမ်းတော့ကျန်ခဲ့မယ်။
ဒီတော့ အတိုချုပ်ရရင် စာကြောင်းတွေက အစုံလိုက်တွေသွားထားတာဖြစ်ပီး၊ စိတ်ကူးနဲ့ လက်တွေ့၊ အကောင်း��ဲ့ အဆိုး၊ အတူတကွရှိမှုနဲ့ အထီးကျန်မှုတွေကို တွဲပေးထားတယ်။ အဓိကက လက်တွေ့ဓမ္မနဲ့ ပက်ပင်းတိုးတဲ့အခါ သူငယ်ချင်း‌တွေနဲ့ရှိခဲ့စဉ်တုန်းကလို ကိုယ့်ကိုယ်ကိုသတိရစေချင်တာပါ။ မတွေ့ဖြစ်တော့တဲ့သူငယ်ချင်းအချို့ကို သတိတရရေးဖြစ်တဲ့သီချင်းဖြစ်တဲ့အတွက် ဆုတောင်းသံနဲ့ တမ်းတသံက သိသိသာသာများနေတာတော့ ကိုယ့်ကိုယ်ကိုသတိပြုမိပါရဲ့။
0 notes
samgla · 8 months
Text
၂၀၂၄ ဇန်နဝါရီ ၂၁
မနက် ၇–နာရီခွဲ အိပ်ယာနိုးတဲ့ အချိန်ထိ အရမ်းအေးတာမို့ ကြိုးစားပြီး အိပ်ယာ ထရတယ်။
Tumblr media
အိပ်ယာနိုးချိန်မှာ သိလိုက်ရတာက ဖုန်း ပိတ်နေတယ် ဆိုတာပဲ။ ဒီတော့ နေ့လယ်မှာ ဂေါက်ကွင်းရှေ့က ဖုန်းပြင်ဆိုင်ကို ပို့လိုက်ရတယ်။
Tumblr media
ကောင်းကင်မှာ တိမ် လုံးဝ မရှိဘူး။ တိမ် မရှိတာက မနက်က စပြီး ည သန်းခေါင်အထိကို တိမ် မရှိတာ။ နေ ခြစ်ခြစ်တောက် ပူနေတာပေါ့။
တနေကုန်လည်း အေးနေတာမို့ နေပူထဲ ထွက်မှသာ ပူတယ်။
နေ့ခင်းရော ညမှာပါ လေ မတိုက်ဘူး။
ဒီနေ့က ခြင် လုံးဝ မကိုက်ဘူး။
0 notes
thihakyaw · 10 months
Text
ရိန်းရဲ့အဖြေ
ငယ်ငယ်တုန်းက မြဝတီ မှာ ည၇နာရီဆိုရင် လာတဲ့ ချစ်စံအိမ် ဇာတ်လမ်းတွဲရှိတယ်။ ရိန်း နဲ့ အွန်စောကားဆိုပြီးနာမည်အရမ်းကြီး။ အွန်စောဆိုတာ ချစ်စံအိမ်ဇာတ်ကားထဲက ဇာတ်ကောင်နာမည်မဟုတ်ဘူး။ အခြားဇာတ်လမ်းတွဲထဲကအဲ့မင်းသမီးသရုပ်ဆောင်ရတဲ့ဇာတ်ကောင်နာမည်ဖြစ်နေတယ်။ မင်းသမီးနာမည်ကဆောင်းဟေကိုထင်တယ်။ဒါပေမဲ့လဲအွန်စောလို့ပဲခေါ်ကြတယ်။ မင်းသားရိန်းရဲ့ဇာတ်ကောင်နာမည်က လီယောင်ဂျေးဆိုလား။ အွန်စောနာမည်တော့မမှတ်မိတော့ဘူး။ ဇာတ်လမ်းတွဲထဲကသီချင်းတွေလဲတအားကောင်းတယ်။ နောက်ပိုင်းအဲ့ကားထဲကသီချင်းတွေကို မြန်မာသီချင်းပြန်ဆိုတာ၊ တီဗွီကြော်ငြာပြန်ရိုက်တာ။ အဲ့လောက်ထိကောင်းတယ်။
အိမ်ကလဲအဲ့ဇာတ်လမ်းတွဲကိုတအားစွဲစွဲလန်းလန်းကြည့်ကြတာ။ ကိုယ်တွေကလဲစာဖတ်တက်ခါစအရွယ်ဆိုတော့ တစ်လုံးစနှစ်လုံးစ စဖတ်တက်ခါစအရွယ်။ စာဖတ်တာမြန်လာပြီး ဖတ်လိုက်တဲ့ဟာကိုခေါင်းထဲဘာသာပြန်တာမြန်လာတာ ကိုရီးယားကားကြည့်တာကြောင့်တော်တော်လေးပါတယ်။ ချစ်စံအိမ်ကဇာတ်လမ်းလဲဟိုတစဒီတစပဲသိတာ။ ဒါပေမဲ့မင်းသားနဲ့မင်းသမီးကိုတအားညားစေချင်တာ။ မှတ်မှတ်ရရ အွန်စောကအကြောင်းကြောင်းကြောင့်လီယောင်ဂျေးနဲ့တစ်အိမ်ထဲအတူနေရတယ်ဆိုတာရယ် အွန်စောကထမင်းသုပ်စားနေတာကို ရိန်းကခွေးစာနဲ့တူတယ်လို့ပြောတာရယ်တော့မှတ်မိတယ်။ ထမင်းသုပ်ကိုအခုအချိန်ထိအရမ်းစားချင်တယ်။
ဇာတ်သိမ်းခန်းရောက်ခါနီးမှာ မင်းသားနဲ့မင်းသမီးက တစ်ယောက်ကိုတစ်ယောက်ကြိုက်နေပြီ။ လီယောင်ဂျေးကအွန်စောကိုကြိုက်တယ်အရင်ပြောတော့အွန်စောက နောက်နေ့အဖြေပေးမယ်လို့တယ်။ ဒါပေမဲ့အွန်စောကနောက်နေ့လို့ပြောလိုက်ပေမဲ့ အပြင်တကယ့်ကျွန်တော်တို့တီဗွီကြည့်နေတဲ့အချိန်ဟာ ည(၇)နာရီ(၅၇)မိနစ်လားရှိနေပါပြီ။ အိမ်ကဇာတ်လမ်းတွဲကြည့်နေကြတဲ့မိသားစုဝင်တွေလဲ ဇာတ်လမ်းတွဲထဲမှာမနက်ဖြန်မြန်မြန်ရောက်ပါတော့ဆိုပြီးတတွတ်တွတ်နဲ့ဆုတောင်းနေခဲ့တယ်။ အဲ့လိုနဲ့ဇာတ်လမ်းတွဲထဲမှာ လီယောင်ဂျေးကအိပ်ယာကထလာတာမြင်တော့တစ်အိမ်လုံးဟေးဝါးနဲ့ပျော်ကြတယ်။ ဒါပေမလဲ့လီယောင်ဂျေး တံခါးလက်ကိုင်ဘုကိုကိုင်လိုက်တဲ့အချိန်မှာ ဇာတ်လမ်းတွဲအပိုင်းကပြီးသွားတယ်။ လီယောင်ဂျေးတစ်ယောက်အဖြေရဖို့မနက်ဖြန်ရောက်လာသော်လဲ ညရှစ်နာရီသတင်းလာပြီဖြစ်သည်။ တစ်အိမ်လုံးဆုတောင်းမပြည့်ခဲ့လိုက်ပါ။ ချစ်စံအိမ်ဇာတ်လမ်းတွဲလွှင့်တဲ့နေ့က ဒီအပတ်အတွက်ဒုတိယနေ့ဖြစ်လို့နောက်တစ်ပတ်လုံးစောင့်ရမည်ဖြစ်သည်။ သင့်အတွက်မနက်ဖြန်တွင်လဲစောင့်ကြည့်လို့ရသည့်အရာမဟုတ်။
0 notes
Video
youtube
ည ၈ နာရီ သတင်း ၂ ရက် စက်တင်ဘာ ၂၀၂၃ DVB News
❤️❤️❤️ Myanmar Vantage MM GZ PDF LPDF CDM Subscribe, Like, Share, Ring The Bell, #YouTube, https://www.youtube.com/channel/UCKj57GH2Fcbwnc7Ko3f_ylg For tumblr User, https://www.tumblr.com/blog/view/gingerchitsein-blog For tumblr User,  https://www.tumblr.com/blog/view/myanmarvantage For linkedin User,  https://www.linkedin.com/in/myanmar-vantage-a33881244/ #MM, #GZ, #PDF, #LPDF, #CDM, #KTLA, #KNLA, #KNDO,#Drone,   ❤️❤️❤️.
0 notes
Text
လေဆာပစ်ပြီး အချိန်ကာလမှာ…
ဘယ်လို စကင်ကဲကြမလဲ???
ပိမင်ဒီနေ့ရေးပေးမှာကတော့…
ဆေးခန်းတွေမှာ…မျက်နှာကို လေဆာပစ်ပြီး အိမ်ပြန်လာတဲ့အခါကျရင်…
ဘယ်လို စကင်ကဲရမလဲဆိုတာပါပဲ…
***မျက်နှာကို သန့်သန့်ရှင်းရှင်းထားပါ***
သန့်သန့်ရှင်းရှင်းထားဖို့က မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ရပါမယ်…
ဒါပေမယ့်လို့ ကိုယ်သုံးနေတဲ့ မျက်နှာသစ်ဆေးက အရမ်းပြင်းနေလို့မရပါဘူး…
လေဆာပစ်ပြီးတဲ့နေရာတွေက စမ်းစမ်းတင့်ဖြစ်နေနိုင်တာကြောင့်
မျက်နှာသစ်ဆေး ပျော့ပျော့လေးတွေပဲသုံးပေးသင့်ပါတယ်…
Gentle Cleanser လေးတွေဖြစ်တဲ့…Simple ဒါမှမဟုတ် Cetaphil မျက်နှာသစ်ဆေးလေးတွေက
အဆင်ပြေနိုင်ပါလိမ့်မယ်…
***အစိုဓာတ်ထိန်းပါ***
လေဆာပစ်ပြီးတဲ့အခါ အရေပြားကခြောက်သွေ့ နေတတ်ပါတယ်…
အဲ့လို ခြောက်သွေ့ မနေအောင် Moisturizer လေးလိမ်းပြီး ကာကွယ်သင့်တာပေါ့လေ…
***ဆုသင်းဖြစ်တာသုံးပါ***
အရေပြားလေး အေးနေအာင် Soothing (ဆုသင်း) ဖြစ်တာလေးတွေလည်း
သုံးပေးသင့်ပါတယ်…
အဲ့ဒါမှ နီတာ…ယားတာလေးတွေလည်း သက်သာမှာပါ…
Moisturizer အာနိသင်ကော…
ဆုသင်း အာနိသင်ကော….ပါတာဆိုရင်တော့…
Dr G Clear Soothing Cream လေးရှိပါမယ်…
သူက လေဆာပစ်ပြီးတဲ့သူတွေမှာ သုံးပေးသင့်တဲ့ စကင်ကဲလေးတစ်မျိုးလို့
ပိမင်ထင်ပါတယ်…
***ရေဓာတ်ဖြည့်ပါ***
အရေပြားကို ရေဓာတ်ခန်းခြောက်ပြီး ဒီဟိုက်ဒရိတ်တက် မဖြစ်နေစေဖို့လည်းလိုပါတယ်…
Hyaluronic Acid Serum လေးတွေ သုံးပေးလို့ရပေမယ့်
လေဆာပစ်ပစ်ပြီးချင်း အရေပြားမှာ Serum သုံးတာမျိုးကိုတော့ သတိထားပေးသင့်ပါတယ်…
စိတ်ချလက်ချ ရေဓာတ်ဖြည့်နည်းကတော့ ရေများများသောက်ပေးတာပါပဲ…
***စမ်းခွင်လိမ်းပါ***
လေဆာပစ်ပြီးနောက် အရေပြားဟာ… နေရောင်ဒဏ်ခံနိုင်ခြေလည်း နည်းနေတတ်ပါတယ်…
နေရောင်နဲ့ထိတွေ့ မိရင် နီပြီးယားတာမျိုးနဲ့ နေလောင်သွားတတ်တာမျိုးတွေထိပါ…ရှိနိုင်လို့…
လေဆာပစ်ပြီးတဲ့သူတွေက…နေ့ဘက်အချိန်လေးတွေမှာ…
SPF ၃၀ လောက်အနည်းဆုံးပါတဲ့…စမ်းခွင်းလေးတွေ သုံးပေးသင့်တာပေါ့လေ…
***ပြင်းတဲ့စကင်ကဲတွေကိုရှောင်ပါ***
မျက်နှာသစ်ဆေးဆိုလည်း Simple လိုပျော့တာလေး…
တိုနာဆိုလည်း Cotton Pad မပါပဲ…ဆုသင်းပါတာလောက်ပဲ လက်နဲ့ပုတ်သုံးတာလေး…
Moisturizer ဆိုလည်း တခြားပြင်းတာတွေမပါပဲ…
ဆုသင်းနဲ့ အစိုဓာတ်ထိန်း အာနိသင်ပဲ ပါတာလေး..တွေလောက်ပဲ သုံးပြီး…
Serum,,,Essence,,,Emulsion,,,Double Cleansing,,,
မိတ်ကပ်လိမ်းတာနဲ့ Exfoliation လုပ်တာတွေပါ နားထားသင့်ပါတယ်…
Retinol သုံးနေရင်လည်း ခဏရပ်ထားသင့်ပါတယ်…
ဥပမာအနေနဲ့ ပိမင်ပြောပေးပါဆိုရင်…
1.Simple Face Wash
2, Simple Toner (လက်ဖြင့်သာပုတ်ရန်)
3. Dr G Soothing Cream…လေးတွေဆိုပြီး ၃မျိုးလောက်ပဲ သုံးပေးသင့်ပါတယ်…
မနက်၁ကြိမ်…ည၁ကြိမ်ပေါ့လေ…
လေဆာပစ်တာလေးနဲ့ပတ်သက်ပြီး…
ဒီမှာ ခဏနားလိုက်အုန်းမယ်နော်…
နောက်နေ့တွေမှ ထပ်ရေးပေးတာပေါ့…
နောက်ဆုံးအနေနဲ့မှာချင်တာကတော့…
လေဆာပစ်ပြီးရင် ဆေးခန်းရက်ချိန်းလေးတွေ ပြန်သွားပေးဖို့ပါပဲ…
ပြီးတော့ တတ်ကျွမ်းပြီး စိတ်ချရတဲ့ ဆေးခန်းတွေမှာသာ
သေချာစုံစမ်းပြီး လေဆာပစ်ဖို့လိုပါတယ်လို့ပြောရင်း…
ဒီမှာပဲ နားလိုက်ပါမယ်…
ဟုန်…ပိပါပိ…ကျေးဇု…
~PhyoWaiYan~
~LibraAestheticScience~
#LaserTherapy
~ကူးချသူfinနူ~
0 notes
tz2023zz · 1 year
Text
နံပါတ်တ်နိုင်း(Number 9)ရှမ်းကိုးမီး မှ Free 2,000 ကျပ် ပရိုမိုးရှင်းပြန်ပေးနေပါပြီး မရသေးတဲ့သူများ အမြန်လာယူပါ Free ပေးတဲ့အချိန် မနက် 8 နာရီမှ ည 8 နာရီအချိန်ထိသာဖြစ်ပါတယ် ဆက်သွယ်ရန် Viber+959759278100
0 notes
kyaw-kyaw-oo · 2 years
Text
*****ကျောက်ဖရုံသီးကြိတ်ရည်အစွမ်း*****
ကျောက်ဖရုံသီးကြိတ်ရည်ကို တနေ့ ဖန်ခွက် ၁ ခွက်
(350 ml )သောက်ပေးခြင်းအားဖြင့်
*အသက် ၅၁ နှစ် အရွယ် အမျိုးသမီး
ဆီးချိုရှိပါတယ် ကျောက်ကပ်မှာ ကျောက်တည်ပါတယ်၊
အချိန်တန် အဖျားတက်ပြီး ဗိုက်ထဲအောင့်ပြိးနာနေတယ်
ပြိးခဲ့တဲ့ ၃ လ ကျော်လောက်က ဝေဒနာပျောက်ရန်
မန္တလေး အထူးကုဆေးရုံမှာ သွားရောက်ကုသခဲ့ပါတယ်
အထူးကု သမားတော် အစုံပါပဲ
၂ ကြိမ် ပြစရိတ် ၁၅ သိန်း ကုန်သွားပါတယ်
အချိန်တန်ရင်
ဗိုက်နာလာပြန်ပြိ/အဖျားတက်ပြိ
ဒီလိုနဲ့ လွန်ခဲ့တဲ့ ၁ လ ကျော်က
ကျောက်ဖရုံသီးကြိတ်ရည် ၁ ဘူး( 350ml)နေ့တိုင်း
ကုသိုလ်ပြု ကြိတ်ပေး ပြိး သောက်စေခဲ့ရာ
၁ ရက် /၂ ရက်နဲ့ အဆင်ပြေတယ်ဗျာ
ဗိုက်မနာတော့ဘူး အဖျားမတက်တော့ဘူး
ယနေ့အထိပါဘဲ၊ ကျောက်ဖရုံသီးကြိတ်ရည်ဆက်သောက်နေဆဲပါပဲ
ကျောက်ကပ်မှာရှိနေတဲ့ ကျောက်ကတော့ကြေမကြေ
ပြန်စစ်မှာသိပါ့မယ်
*ပြန်စစ်ဖြစ်တဲ့ Answer. အဖြေကို
ပြန်စစ်ဖြစ်တဲ့အခါ ပြောပြပါမည်
(အစာသည်လည်းဆေး ၊ ဆေးသည်လည်းအစာ)
*အသက် ၇၀ နှစ်အရွယ် အမျိုးသားကတော့
ကျောက်ဖရုံသီးကြိတ်ရည်နဲ့ အရွက်စိမ်းကြိတ်ရည်
ကြောင့် သဲခြေကျောက်၊ ကျောက်ကပ်ကျောက်
ခွဲစရာမလို ပျောက်သွားပါတယ်
*ကျနော် ၅၅ နှစ် ကျောက်ဖရုံကြိတ်ရည်
မသောက်ခင်က ညတိုင်း ဆိး ၂/၃ကြိမ် ထသွားရပါတယ် ၊
ကျောက်ဖရုံကြိတ်ရည် သောက်ရတဲ့အကြောင်းရင်းကတော့ ကွမ်းအကြိုက် ကွမ်းစားတဲ့ကျနော်
ကျောက်ကပ်မှာ ကျောက်တည်မှာ ကြောက်လို့ပါပဲ၊
ကျောက်ဖရုံကြိတ်ရည်သောက်ပြိး ၁ လကျော် မှာ
ည ဆိးထမသွားရတော့ပါ
ကျနော်လို ဖြစ်သူ ၂ ဦးရှိတယ်။ good ပြိပေါ့ ။
လွန်ခဲ့တဲ့ ၅ ရက်က
*အသက် ၄၃ နှစ် အမျိုးသမိး ဆိး ခဏ ခဏ သွားချင်တယ်၊ ဆီး သွားပြန်တော့လည်း နည်းတယ်
ဆိးသွားပြိး မကြာဘူးထပ်သွားချင်တယ်
ဒါနဲ့ ကျောက်ဖရုံသီးကြိုက်ရည် စမ်းသောက်ကြည့်တာ
၂ ရက်နဲ့ ဆိးပုံမှန်ဖြစ်သွားပြိ ပြောပြလာပါတယ်
ကျောက်ဖရုံသီးကြိတ်ရည် ဆက်သောက်နေပါတယ်
*အော်ဒါနဲ့ ထပ်ပြောလိုက်ဦးမယ်
ချွေးထွက်အနံ့ ပြင်းတဲ့သူ ကျောက်ဖရုံကြိတ်ရည်
သောက်သင့်တယ်နော်
ကျောက်ဖရုံသီးက အပုတ်အညစ်အကြေးတွေ
စုတ်ယူတယ်ဆိုတဲ့ ဂုဏ်သတ္တိ ရှိပါတယ်
ကွမ်းကြိုက် ကွမ်းမစားရ မနေနိုင်သူတွေ
ကျောက်ဖရုံသီးကြိတ်ရည်က
သဲခြေကျောက်/ကျောက်ကပ်ကျောက် ကြေတယ်
ဆိုမှတော့ ကျောက်ဖရုံသီးကြိတ်ရည်ကို
ဘဝလက်တွဲဖေါ် အဖြစ် တွယ်ဖက်သင့်ပါကြောင်း
အကြံပြု မျှဝေလိုက်ပါသည် ခင်ဗျား။
ကျနော်နှင့်အတူ ကျောက်ဖရုံသိးကြိတ်ရည်
အတူသောက် နေတာ ၁၁ယောက်ပါပဲ
၁၀ ယောက်မှာ ၆ ယောက်ကရောဂါကုသမှုအဖြစ်သောက်ကြပါတယ် ကျန် ၅ ယောက်က. ကာကွယ်လိုသူတွေအဖြစ်
သောက်ကြပါတယ်
ကျန်းမာပျော်ရွှင်ကြပါစေ
ဦးငွေကြူ မုံရွာ
0 notes
moshay7 · 4 years
Photo
Tumblr media
အိမ်တိုင်ရာရောက် ဆံပင်ညှပ်ပေးတဲ့ service မရှိဘူးလား? #ညှပ်ချင်နေပြီ https://www.instagram.com/p/B_XaVg9pxZQ/?igshid=1f2es9n20jzgf
0 notes
Text
Tumblr media
သင်တန်းကြေး အခမဲ့နှင့် ၅၀,၀၀၀ကျပ် သက်သာခွင့်
(၁၃၈၅)နှစ်သစ်ကြို ပထမအကြိမ် သိပ္ပအလှူအဖြစ် ကိုယ်ရည်ကိုယ်သွေးမြှင့်သင်တန်း (Personal Grading Course)ကို သာယာဝတီမြို့မှာ ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။
ဒုတိယအကြိမ် သိပ္ပအလှူကို ပြည်တွင်းနဲ့ ပြည်ပ တက်လိုသူအားလုံးဖို့ စီစဉ်ထားပါတယ်။ နေ့စဉ်သင်ကြား၊ ဖွင့်လှစ်နေတဲ့ သင်တန်း(၆)မျိုးထဲက (၄)မျိုးကို (၅၀,၀၀၀)ကျပ်ကနေ အခမဲ့ထိ သိပ္ပအလှူ ပေးမှာဖြစ်ပါတယ်။ နှစ်ဆန်းတစ်ရက်နေ့၊ ၁၇.၄.၂၀၂၃၊ တနင်္လာနေ့၊ ည(၁၂)နာရီထိ နေကုန်အပ်လို့ ရပါတယ်။
• ကိုယ်ရည်ကိုယ်သွေးမြှင့်သင်တန်း
Personal Grading Course
• တင်ဆက်သူသင်တန်း
Presenter Course
• မင်္ဂလာအခမ်းအနားမှူးသင်တန်း
Wedding MC Course
• ရုပ်သံတင်ဆက်သူသင်တန်း
TV Presenter Course
၁၊ (၄)တန်းထဲက (၃)တန်းတက်ဖူးရင် ကျန်(၁)တန်း သိပ္ပအလှူပေးပါတယ်။ (၂၀၂၃)အတွင်းဖွင့်တဲ့ နီးစပ်ရာမြို့က ပြင်ပတန်း (သို့) အွန်လိုင်းတန်းမှာ အခမဲ့လာတက်နိုင်ပါတယ်။
၂၊ ပြင်ပ (သို့) အွန်လိုင်းတန်း တစ်ဦးတည်း (Personal Training) တက်ရင် တစ်တန်းကို (၅)သောင်း သက်သာခွင့်ပေးပါမယ်။
၃၊ လူဦးရေအကန့်အသတ်မရှိ သိပ္ပအလှူပေးမှာဖြစ်ပြီး တက်လိုသူများ နှစ်ဆန်းတစ်ရက်နေ့ ည(၁၂)နာရီမကျော်မီ သင်တန်းကြိုအပ်ရမှာဖြစ်ပါတယ်။
သင်တန်းများအကြောင်း အောက်ကလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
https://shorturl.at/DGY29
ဤပို့စ်ကို ဝဘ်ဆိုက်၌ဖတ်ရှုလိုလျှင်
https://waiyanmaungmaung.blogspot.com/2023/04/blog-post_16.html
#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
#PersonalGrading
#PersonalGrooming
#PresenterCourse
#WeddingMCCourse
#TVPresenterCourse
0 notes
aung-ec · 5 years
Photo
Tumblr media
Bagan Keyboardမှာ Voice command နဲ့ စာရိုက်လို့ရနေပြီနော်... #ညီမလေးသိဘို့ https://www.instagram.com/p/B2ZG31EgreK/?igshid=w333h8w07ueu
0 notes
suechol · 8 years
Photo
Tumblr media
သခိုးနဲ့ ဒမြ! #ည (at ဗိုလ်တထောင်ကမ်းနား)
2 notes · View notes
gwendolynlerman · 3 years
Text
Languages of the world
Burmese (မြန်မာဘာသာ)
Basic facts
Number of native speakers: 33 million
Official language: Myanmar
Script: Burmese, 41 letters
Grammatical cases: 0
Linguistic typology: analytic, SOV
Language family: Sino-Tibetan, Lolo-Burmese, Burmish
Number of dialects: 3 main groups
History
11th century - earliest written evidence
11th century-16th century - Old Burmese
16th century-18th century - Middle Burmese
18th century - Modern Burmese
Writing system and pronunciation
These are the letters that make up the script: က ခ ဂ ဃ င စ ဆ ဇ ဈ ည ဋ ဌ ဍ ဎ ဏ တ ထ ဒ ဓ န ပ ဖ ဗ ဘ မ ယ ရ လ ဝ သ ဟ ဠ အ ဣ ဤ ဥ ဦ ဧ ဩ ဪ.
There are four tones: low, high, creaky, and checked. Nevertheless, some linguists classify only two real tones in spoken Burmese.
Grammar
Nouns are not marked for gender, number, or case. However, count nouns require classifiers.
Modifiers precede the nouns they modify. There are no articles or adjectives per se, whose function is undertaken by verbs that carry the meaning "to be X".
Verbs are not conjugated at all, but particles are used to mark tense, mood, aspect, and politeness.
Dialects
Burmese has two registers: the literary/high variety, which is formal and written, is used in literature, media, and formal speeches, and the spoken/low variety, which is informal and spoken, which is used in daily conversation. Differences are mostly found in particles, markers, and pronouns.
There are three main dialect groups: Tanintharyi Region, Magway Region, and Shan State. Tanintharyi Region dialects include Merguese, Tavoyan, and Palaw. Magway Region dialects comprise Yaw. Shan State dialects include Intha, Taungyo, and Danu. Dialects mainly differ from each other in vocabulary.
65 notes · View notes